ဘင်္ဂါလီတွေ ပြန်လက်ခံရေးကိစ္စ အစိုးရအတွက် စိန်ခေါ်မှုမဟုတ် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ပြော

စစ်တွေ၊ ဒီဇင်ဘာ ၁၆-၂၀၁၈

ခိုင်လင်းစံ(VOM)

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုဖြစ်စဉ်အတွင်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အစိုးရအတွက် စိန်ခေါ်မှုအနေနဲ့မဟုတ်ဘဲ မလုပ်မဖြစ်လုပ်ပေး ရမယ့် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေရတာသာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၄၄ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ယမန်နေ့မနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ အများအပြားဆောင်ရွက်လျှက်ရှိနေပြီး ဆောင်ရွက်ပြီးဖြစ်တဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ လည်း ကျေနပ်အားရမိကြောင်းနဲ့ အောင်မြင်မှုတွေရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ပြန်လည်လက်ခံရေးကိစ္စတွေကို ပြည်နယ်အစိုးရအပြင် ပြည်ထောင်စုအစိုးရရော ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေပါ ၀ိုင်းဝန်းပြီးတော့ ညှိနှိုင်းဆောင်ရွက်နေကြတာပါ၊ ဒါကြောင့် ဒီကိစ္စဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုဆိုတာထက် မလုပ်မဖြစ်လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ၀န်ကြီးချုပ်ဦးညီပုက ပြောပါတယ်။

ဘင်္ဂါလီတွေပြန်လည်လက်ခံရေးကိစ္စဟာ မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပြီး အလုပ်အပေါ်မှာ ယုံကြည်မှုရှိစွာနဲ့ အောင်မြင်တဲ့လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီခေတ်ပြောင်းလဲလာတာနဲ့အမျှ ဒီမိုကရေစီစနစ်ပိုမိုထွန်းကားဖို့အတွက် လည်းပဲ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ ကြိုးစားကြလိမ့်မယ်လို့ယုံကြည်ပါတယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင်အောင် ပြည်သူတွေအနေနဲ့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကြိုးစားဆောင်ရွက်ပေးစေချင်ပါတယ်”လို့ ဦးညီပုကပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသူတွေဟာ ၎င်းတို့ရဲ့ဆန္ဒအလျောက် မြန်မာနိုင်ငံဘက်သို့ ပြန်လာလိုသူတွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံသဘောတူညီချက်နဲ့ ဆောင်ရွက်နေတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ၄၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ရေးသားပါရှိတာဖြစ်ပါတယ်။

#voiceofmyanmar#စစ်တွေ#ဘင်္ဂါလီတွေပြန်လက်ခံရေးကိစ္စ#

Related posts

Leave a Comment

VOM News

FREE
VIEW