မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ခက်ခဲတယ်ဆိုတဲ့ မေဘရဏီသော်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) မျက်နှာချိုချိုလေးနဲ့ အလှမယ် မေဘရဏီသော်ကတော့ မြန်မာနိုင်ငံမှာ မော်ဒယ်တစ်လိုင်းတည်းနဲ့ ရပ်တည်ဖို့ ခက်ခဲတယ်ဆိုတဲ့ ဆိုလာပါတယ်။ “မေသော်တို့ လိုင်းတစ်ခုထဲ သွားဖို့ကအရမ်းကို ခက်ခဲမှုတွေ ပင်ပန်းမှုတွေ အများကြီး ရှိပါတယ်၊ ဒါကြောင့်မို့ မော်ဒယ်လ်လိုင်းပဲ တစ်ခုပဲမရပ်တည်ပဲ အခွင့်အရေးရရင် ရသလို အဖက်ဖက်ကို သွားကြည့်ဖြစ် ပါတယ်၊ ဒါကြောင့် မေသော်အနေနဲ့ အတွေ့အကြုံသစ်တွေနဲ့ စိန်ခေါ်မှုတွေတော့ဖြစ်ပါတယ်”လို့ဆိုပါတယ်။ လတ်တလောမှာတော့ ဖက်ရှင်ရှိုးပွဲတွေ Photo တွေကို ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ Miss Universe Myanmar 2015 ရဲ့ အလှမယ် မေဘရဏီသော်ကတော့ အနုပညာနဲ့ ပတ်သက်ပြီးတော့ ပညာ ရပ်တွေ လေ့ လာသင်ယူနေတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းတွဲဖြစ်တဲ့ ဇနီးချောများကွန်ရက်မှာလည်း သရုပ်ဆောင် တွေဖြစ်တဲ့ စိုးပြည့်သဇင် ၊ ခင်သဇင် ၊ မြနှင်းရည်လွင်တို့နဲ့…

Read More

အမေရိကန်ပြည်ထဲရေးဝန်ကြီး ရိုင်ယန်ဇင်ကီ ရာထူးမှ နှုတ်ထွက်တော့မည်

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၆-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်ပြည်ထဲရေးဝန်ကြီးရိုင်ယန်ဇင်ကီဟာ ယခုနှစ်ကုန်မှာ ၎င်းရဲ့ ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က အတည်ပြုပြောဆိုလိုက်ပြီး ဒီလိုနှုတ်ထွက်တာဟာ  ထရန့်ရဲ့ အစိုးရအဖွဲ့ အဆင့်မြင့်ရာထူးနေရာမှ နောက်ဆုံးနှုတ်ထွက်မှုတစ်ခုလည်းဖြစ်ပါတယ်။ မစ္စတာဇင်ကီအား ၎င်းရဲ့ တာဝန်ထမ်းဆောင်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ သမ္မတထရန့်က ပြောကြားခဲ့သလို ၎င်းတာဝန်ယူတဲ့ ကာလအတွင်း အောင်မြင်မှုများစွာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ လာမယ့် သီတင်းပတ်မှာ  ပြည်ထဲရေးဝန်ကြီးသစ်တစ်ဦးကို ခန့်အပ်မယ်လို့လည်း မစ္စတာထရန့်ကပြောပါတယ်။ ရေတပ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို မွန်တာနာပြည်နယ်လွှတ်တော်အမတ်ဟောင်းတစ်ဦးလည်းဖြစ်သော မစ္စတာဇင်ကီဟာ  ဥပဒေကျင့်ဝတ်ချိုးဖောက်မှုဆိုင်ရာစွပ်စွဲချက်တွေမှာ ပါဝင်ပတ်သက်နေသူဖြစ်ပါတယ်။ အဆိုပါကျင့်ဝတ်ချိုးဖောက်မှုတွေဟာ  မွန်တာနာပြည်နယ်အတွင်းရှိ မြေယာသဘောတူညီမှု တစ်ခုနဲ့ သက်ဆိုင်ပြီး ယင်းကိစ္စတွင် မစ္စတာဇင်ကီနဲ့  ရေနံမြေဝန်ဆောင်မှုကုမ္ပဏီ Halliburton ရဲ့ဥက္ကဌတို့ ပါဝင်ပတ်သက်နေပါတယ်။ ရိုင်ယန်ဇင်ကီဟာ ယခင်ကလည်း  အမေရိကန်ပန်းဥယာဉ်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်အသုံးပြုတာတွေနဲ့ ကိုယ်ပိုင် ဂျက်လေယာဉ်အသုံးပြုတဲ့ ခရီးစဉ်တွေအပေါ်မှာ စိစစ်တာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ #voiceofmyanmar#အမေရိကန်ပြည်ထဲရေးဝန်ကြီးရိုင်ယန်ဇင်ကီ#ရာထူးမှနှုတ်ထွက်တော့မည်# Ref:…

Read More

မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကိုြုပုပြင်ပျိုးထောင်ပေ်းတဲ့ အင်အား အရမ်းနည်းတယ်ဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် ဒီဇင်ဘာ ၁၆-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်တွေရဲ့ ချင်ခင်မှုကိုရရှိထားတဲ့ အလှမယ် ရွှေအိမ်စည်ကတော့ မြန်မာနိုင်ငံမှာ အရည်အချင်းရှိ တဲ့သူတွေကို သေချာလေးပြုပြင်ပျိုးထောင်ပေးနိုင်တဲ့ အင်အားအရမ်းနည်းနေပါတယ်လို့ ဆိုပါတယ်။ “ကိုယ့်ဘက်က ပိုက်ဆံအားလိုက်နိုင်မှရမယ်၊ ပွင့်ပွင့်လင်းလင်းပြောတာပါ၊ မြန်မာနိုင်ငံမှာ အရမ်းကို Suppotring ကောင်းပြီးတော့ အရမ်းမိုက်တဲ့ organization တွေ ပေါ်လာရင်ပေါ်လာ မပေါ်လာရင် ဘာဖြစ် လာမလဲဆိုတော့ ကိုယ့်ဘက်က ပိုက်ဆံတတ်နိုင်မှပဲရမယ်၊ အဲ့လို အခြေအနေမျိုးမှာရှိတဲ့ ခါးသီးတဲ့ အမှန် တရားတစ်ခုပါ၊ အိမ်စည်တို့ဆိုလည်း အိပ်မက်တစ်ခုနဲ့ ၀င်လာခဲ့တာပါပဲ”လို့ဆိုပါတယ်။ သူမကတော့ ယခုလအတွင်း ပိုလန်နိုင်ငံမှာ ကျင်းပတဲ့ miss supranational ၂၀၁၈ ပြိုင်ပွဲကြီးကိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ယှဉ်ပြိုင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက ယနေ့  Junction City မှာ ပြုလုပ်တဲ့  iORA Brand ဖက်ရှင်ဆိုင်…

Read More

မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် လေးဦး မဲဆောက်မှာ အသတ်ခံရ

ဗန်ကောက်၊ ဒီဇင်ဘာ ၁၆-၂၀၁၈ မျိုးဆက် (VOM) မြန်မာရွှေ့ပြောင်းလုပ်သား အချင်းချင်း ရန်ငြိုးထားရာမှ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်မှာ နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုလေးဦး ဒီဇင်ဘာ ၁၅ ရက်က သတ်ဖြတ်ခံလိုက်ရတယ်လို့ မဲဆောက်ခရိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူတွေဟာ မဲဆောက်ခရိုင်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်မှာ နေထိုင်ကြသူတွေဖြစ်ပြီး သေဆုံးသူတွေကတော့ အသက် ၄၅ နှစ်အရွယ် အဒေါ၊ ဇနီးဖြစ်သူ အသက် ၄၀ အရွယ် မခင်လှ၊ လေးနှစ်အရွယ် သားဖြစ်သူ ဖိုးဒီ နဲ့ လေးလအရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ပါတယ်။ အဒေါ၊ မခင်လှ နဲ့ လေးလအရွယ်သားဖြစ်သူတို့ရဲ့ အလောင်းကို အိမ်အပြင်ဘက် ကွန်ကရစ်ခြံစည်းရိုးအနားမှာ တွေ့ရှိခဲ့ပြီး အသက်လေးနှစ်အရွယ် သားဖြစ်သူ ဖိုးဒီရဲ့ ရုပ်အလောင်းကိုတော့ ရေကန်အနီးမှာတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အလောင်းတွေမှာတော့ သွေးတွေအများအပြားစွန်းထင်းနေပြီး မာကျောတဲ့အရာဝတ္ထုနဲ့ ရိုက်နှက်သတ်ဖြတ်သွားတာဖြစ်ပြီး  လွန်ခဲ့တဲ့…

Read More

ဘင်္ဂါလီတွေ ပြန်လက်ခံရေးကိစ္စ အစိုးရအတွက် စိန်ခေါ်မှုမဟုတ် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ပြော

စစ်တွေ၊ ဒီဇင်ဘာ ၁၆-၂၀၁၈ ခိုင်လင်းစံ(VOM) ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းအကြမ်းဖက်မှုဖြစ်စဉ်အတွင်း တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ဘင်္ဂါလီတွေကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်တဲ့အခါမှာ အစိုးရအတွက် စိန်ခေါ်မှုအနေနဲ့မဟုတ်ဘဲ မလုပ်မဖြစ်လုပ်ပေး ရမယ့် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေရတာသာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ၄၄ ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ယမန်နေ့မနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေ အများအပြားဆောင်ရွက်လျှက်ရှိနေပြီး ဆောင်ရွက်ပြီးဖြစ်တဲ့ လုပ်ငန်းစဉ်တွေအပေါ်မှာ လည်း ကျေနပ်အားရမိကြောင်းနဲ့ အောင်မြင်မှုတွေရရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ “ပြန်လည်လက်ခံရေးကိစ္စတွေကို ပြည်နယ်အစိုးရအပြင် ပြည်ထောင်စုအစိုးရရော ကုလသမဂ္ဂရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေပါ ၀ိုင်းဝန်းပြီးတော့ ညှိနှိုင်းဆောင်ရွက်နေကြတာပါ၊ ဒါကြောင့် ဒီကိစ္စဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှုဆိုတာထက် မလုပ်မဖြစ်လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်”လို့ ၀န်ကြီးချုပ်ဦးညီပုက ပြောပါတယ်။…

Read More

တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဘူးသီးတာင်က ကျေးရွာတချို့ကို ဝင်ရောက်စစ်ဆေး

ဘူးသီးတောင်၊ ဒီဇင်ဘာ ၁၆-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘူးသီးတောင်မြို့နယ်က ကျေးရွာတွေမှာ ၀င်ရောက်စစ်ဆေး မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလိုမျိုး ကျေးရွာတွေကိုဝင်ရောက်စစ်ဆေးမှုတွေပြုလုပ်နေတဲ့အတွက် ကျေးရွာသားတချို့တို့ဟာ စိုးရိမ်မှုတွေကြောင့် ကျေးရွာအတွင်းမနေရဲတဲ့အထိဖြစ်နေကြတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။ “တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် တချို့ကျေးရွာတွေက ထွက်ပြေးခဲ့တကြတာတွေရှိခဲ့တယ်၊ အခုတော့ပြန်သွားကြပါပြီ၊ နောက်ဆက်တွဲပြဿနာက အဲဒီစိုင်းဒင်ချောင်းတစ်လျှောက်က ကျေးရွာတွေနဲ့ စံဂိုးထောင်တို့ နွားရုံတောင်တို့၊ ဥယျာဉ်သာတို့ကျေးရွာတွေကို ၀င်စစ်တယ်လို့ သိရတယ်၊ ရွာသားတွေက ရွာမှာမနေရဲတဲ့အထိဖြစ်နေကြပါတယ်”လို့ ဦးအောင်သောင်းရွှေကပြောပါတယ်။ ဒါ့အပြင်အဲဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာက ကျေးရွာအများစုတို့ဟာ ပိတ်မိနေကြပြီး သွားလာရေးအဆင်မပြေမှုတွေကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲနဲ့ကြုံနေကြတယ်လို့ ပြောပါတယ်။ “အထူးသဖြင့်တော့ အဲဒီစိုင်းဒင်ချောင်းအတွင်းက ကျေးရွာတွေပေါ့၊ အဲဒီရွာကလူတွေက တောတောင်တွေကိုမှီခိုပြီးတာ့ လုပ်ကိုင်စားသောက်နေကြတာပါ၊ အခုဘယ်မှ သွားလာလို့မရတော့ အခက်အခဲတွေရှိနေတာပေါ့”လို့ ဦးအောင်သောင်း ရွှေက ပြောပါတယ်။ ကျေးရွာသားတွေကို စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်ကို ခေါ်ယူစစ်ဆေးခြင်း၊…

Read More

ရွှေတွင်းဟောင်းအတွင်း ၀င်ရောက်ရွှေတူးရာမှ အောက်ဆီဂျင် ပြတ် လူနှစ်ဦးသေဆုံး

ပင်လည်ဘူး ဒီဇင်ဘာ ၁၆-၂၀၁၈ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်းမှာ လုပ်ကိုင်နေကြတဲ့ ရွှေတူးဖော်တဲ့ လုပ်ကွက်တစ်ခု ထဲမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီကျော် အချိန်ခန့်က ရွှေတွင်းဟောင်း တစ်ခု အတွင်း ၀င်ရောက်ရွှေတူရာမှ လူနှစ်ဦး အောက်ဆီဂျင် ပြတ် သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ် လို့ ပင်လည်ဘူးမြို့မရဲစခန်းကနေ သိရပါတယ်။ ပင်လည်ဘူးမြို့နယ် ရှင်ဖာကျေးရွာ အနီးမှာ ရှိတဲ့ ရွှေတွင်းဟောင်းထဲမှာ ၀င်ရောက်ရွှေတူးဖော်နေသူ နှစ်ဦးဖြစ်တဲ့ ကိုဖိုးပြား(၃၈)နှစ် (ဘ)ဦးသန်းဝင်းနှင့် ကိုထွန်းနီ(၃၉)နှစ် (ဘ)ဦးစံမောင် တို့ နှစ်ဦး ၀င်ရောက်ရွှေတူးဖော်ခဲ့ရာကနေ အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းက  စခန်းမှူးဒုရဲမှူး သောင်းဌေး က ပြောပါတယ်။ ဒီဖြစ်စဉ် နဲ့ ပတ်သတ်ပြီး ပင်လည်ဘူးမြို့မ ရဲစခန်း မှာ သေမှုသေခင်း အမှတ်စဉ်…

Read More
VOM News

FREE
VIEW