ရွှေတွင်းဟောင်းအတွင်း ၀င်ရောက်ရွှေတူးရာမှ အောက်ဆီဂျင် ပြတ် လူနှစ်ဦးသေဆုံး

ပင်လည်ဘူး ဒီဇင်ဘာ ၁၆-၂၀၁၈

မိုင်ချယ်ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်းမှာ လုပ်ကိုင်နေကြတဲ့ ရွှေတူးဖော်တဲ့ လုပ်ကွက်တစ်ခု ထဲမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီကျော် အချိန်ခန့်က ရွှေတွင်းဟောင်း တစ်ခု အတွင်း ၀င်ရောက်ရွှေတူရာမှ လူနှစ်ဦး အောက်ဆီဂျင် ပြတ် သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ် လို့ ပင်လည်ဘူးမြို့မရဲစခန်းကနေ သိရပါတယ်။

ပင်လည်ဘူးမြို့နယ် ရှင်ဖာကျေးရွာ အနီးမှာ ရှိတဲ့ ရွှေတွင်းဟောင်းထဲမှာ ၀င်ရောက်ရွှေတူးဖော်နေသူ နှစ်ဦးဖြစ်တဲ့ ကိုဖိုးပြား(၃၈)နှစ် (ဘ)ဦးသန်းဝင်းနှင့် ကိုထွန်းနီ(၃၉)နှစ် (ဘ)ဦးစံမောင် တို့ နှစ်ဦး ၀င်ရောက်ရွှေတူးဖော်ခဲ့ရာကနေ အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပင်လည်ဘူးမြို့မရဲစခန်းက  စခန်းမှူးဒုရဲမှူး သောင်းဌေး က ပြောပါတယ်။

ဒီဖြစ်စဉ် နဲ့ ပတ်သတ်ပြီး ပင်လည်ဘူးမြို့မ ရဲစခန်း မှာ သေမှုသေခင်း အမှတ်စဉ် ၁၉/၂၀၁၈ ဖြင့် အမှုဖွင့် ဆက်လက်ဆောင်ရွက် နေကြောင်း သိရပါတယ်။

#voiceofmyanmar#ပင်လည်ဘူး#ရွှေတွင်းဟောင်းပြို#

Related posts

Leave a Comment

VOM News

FREE
VIEW