မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် လေးဦး မဲဆောက်မှာ အသတ်ခံရ

ဗန်ကောက်၊ ဒီဇင်ဘာ ၁၆-၂၀၁၈

မျိုးဆက် (VOM)

မြန်မာရွှေ့ပြောင်းလုပ်သား အချင်းချင်း ရန်ငြိုးထားရာမှ ထိုင်းနိုင်ငံ မဲဆောက်ခရိုင်မှာ နေထိုင်ကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုလေးဦး ဒီဇင်ဘာ ၁၅ ရက်က သတ်ဖြတ်ခံလိုက်ရတယ်လို့ မဲဆောက်ခရိုင် ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေဟာ မဲဆောက်ခရိုင်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်မှာ နေထိုင်ကြသူတွေဖြစ်ပြီး သေဆုံးသူတွေကတော့ အသက် ၄၅ နှစ်အရွယ် အဒေါ၊ ဇနီးဖြစ်သူ အသက် ၄၀ အရွယ် မခင်လှ၊ လေးနှစ်အရွယ် သားဖြစ်သူ ဖိုးဒီ နဲ့ လေးလအရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ပါတယ်။

အဒေါ၊ မခင်လှ နဲ့ လေးလအရွယ်သားဖြစ်သူတို့ရဲ့ အလောင်းကို အိမ်အပြင်ဘက် ကွန်ကရစ်ခြံစည်းရိုးအနားမှာ တွေ့ရှိခဲ့ပြီး အသက်လေးနှစ်အရွယ် သားဖြစ်သူ ဖိုးဒီရဲ့ ရုပ်အလောင်းကိုတော့ ရေကန်အနီးမှာတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အလောင်းတွေမှာတော့ သွေးတွေအများအပြားစွန်းထင်းနေပြီး မာကျောတဲ့အရာဝတ္ထုနဲ့ ရိုက်နှက်သတ်ဖြတ်သွားတာဖြစ်ပြီး  လွန်ခဲ့တဲ့ ခြောက်နာရီဝန်းကျင်က သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

သေဆုံးသွားသည့် ဇနီးမောင်နှံဟာ အနီးပတ်ဝန်းကျင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားအချို့နဲ့ ရန်ဖြစ်စကား များခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကနဦးစစ်ဆေးမှုများအရ သိရပါတယ်။ရန်ငြိုးထားသတ်ဖြတ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကတော့ လက်ရှိမှာ တိမ်းရှောင်သွားနေပြီး ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar#ဗန်ကောက်#ရွှေ့ပြောင်းလုပ်သားမိသားစုအသတ်ခံရ#

Ref : Bangkok Post

Photo : Rungweeraya Pinitwong

Related posts

Leave a Comment

VOM News

FREE
VIEW