အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေက နျူကလီးယားစွန့်လွှတ်ရေးလမ်းကြောင်း ပိတ်သွားနိုင်တယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ ၁၇-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်ရဲ့ နောက်ဆုံးချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့လိုက်တာနဲ့ ပတ်သက်ပြီး  မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်သလို ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး လမ်းကြောင်း ပိတ်ဆို့သွားနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကင်ဂျုံအန်ရဲ့လက်ထောက်တစ်ဦးအပါအ၀င် မြောက်ကိုရီးယား  ထိပ်တန်းတာဝန်ရှိသူ သုံးဦးကို အမေရိကန်က နောက်ဆုံးအရေးယူမှု တစ်ရပ်ချမှလိုက်ပြီးနောက် မြောက်ကိုရီးယားဘက် ဒီလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အမြင့်ဆုံးဖိအားပေးမယ်ဆိုတဲ့ မူဝါဒဟာ အကြီးအကျယ်တွက်ချက်မှုမှားယွင်းမှုတစ်ခုလို့လည်း မြောက်ကိုရီးယားဘက်က ဆိုပါတယ်။ ဒီလိုအရေးယူပိတ်ဆို့မှုချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အံသြပြီး အမျက်ဒေါသထွက်ရတယ်လို့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာဖော်ပြထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ  ယမန်နှစ်ကလို နှစ်နိုင်ငံအပြန်အလှန် ရန်စောင်နေတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက  ဖော်ပြပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက်  မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်တာတွေနဲ့ ရန်လိုတဲ့…

Read More

အလှူငွေရရှိမှုအပေါ်မူတည်ပြီး လာရောက်အခြေချသူတွေကို မောင်တောတောင်ပိုင်းမှာ နေရာချထားမှုတွေ ပြုလုပ်ပေးသွားမယ်

မောင်တော၊ဒီဇင်ဘာ ၁၇-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းဒေသမှာ လာရောက်အေခြချမယ့်သူတွေကို အနောက်ဘက်နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေးကော်မတီ CRR က နေအိမ်တွေဆောက်လုပ်ပြီး ကျေးရွာသစ်တွေ တည်ဆောက် ပေးနေတာဖြစ်ပါတယ်။ လက်ရှိမှာ CRR အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ကျေးရွာသစ်နှစ်ရွာကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ကာ အလှူငွေရရှိမှုအပေါ်မူတည်ပြီးတော့ အခုနှစ်ပွင့်လင်းရာသီမှာ လာရောက်အခြေချဖို့ စာရင်းပေးသွင်းထားတဲ့ အိမ်ထောင်စုတွေကို နေရာချထားပေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီးတော့ မောင်တောမြို့နယ် တောင်ပိုင်းမှာ လာရောက်အခြေချသူတွေကို နေအိမ်တွေဆောက် လုပ်ပေးထားပါတယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်အနားမှာ ရွားသစ်တစ်ရွာနဲ့ မောင်တောမြို့နယ် အင်းဒင် နားမှာတစ်ရွာ နေအိမ်တွေဆောက်လုပ်ပေးထားပါတယ်၊ ကျွန်တော်တို့က အလှူရှင်တွေရဲ့ လှူဒါန်းတဲ့ငွေတွေနဲ့ ရပ်တည် နေတာဆိုတော့ အလှူငွေရရှိမှုနည်းပါးသွားတဲ့အခါမှာတော့ အခက်အခဲရှိတာပေါ့၊ ဒါပေမယ့် အဆင်ပြေမယ်ဆိုရင်တော့ အခုပွင့်လင်းရာသီမှာ စာရင်းပေးထားသူတွေကို နေအိမ်တွေဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ CRR အတွင်းရေး…

Read More
VOM News

FREE
VIEW