အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေက နျူကလီးယားစွန့်လွှတ်ရေးလမ်းကြောင်း ပိတ်သွားနိုင်တယ်လို့ မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဒီဇင်ဘာ ၁၇-၂၀၁၈

မျိုးဆက် (VOM)

အမေရိကန်ရဲ့ နောက်ဆုံးချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့လိုက်တာနဲ့ ပတ်သက်ပြီး  မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်သလို ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး လမ်းကြောင်း ပိတ်ဆို့သွားနိုင်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ကင်ဂျုံအန်ရဲ့လက်ထောက်တစ်ဦးအပါအ၀င် မြောက်ကိုရီးယား  ထိပ်တန်းတာဝန်ရှိသူ သုံးဦးကို အမေရိကန်က နောက်ဆုံးအရေးယူမှု တစ်ရပ်ချမှလိုက်ပြီးနောက် မြောက်ကိုရီးယားဘက် ဒီလိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အမေရိကန်ရဲ့ အမြင့်ဆုံးဖိအားပေးမယ်ဆိုတဲ့ မူဝါဒဟာ အကြီးအကျယ်တွက်ချက်မှုမှားယွင်းမှုတစ်ခုလို့လည်း မြောက်ကိုရီးယားဘက်က ဆိုပါတယ်။

ဒီလိုအရေးယူပိတ်ဆို့မှုချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အံသြပြီး အမျက်ဒေါသထွက်ရတယ်လို့ မြောက်ကိုရီးယားရဲ့ ထုတ်ပြန်ချက်တစ်ရပ်မှာဖော်ပြထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ  ယမန်နှစ်ကလို နှစ်နိုင်ငံအပြန်အလှန် ရန်စောင်နေတဲ့ ပုံစံမျိုးဖြစ်အောင် လုပ်ဆောင်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက  ဖော်ပြပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ ပြီးခဲ့တဲ့ဇွန်လအတွင်းက စင်ကာပူနိုင်ငံမှာ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီးနောက်  မြောက်ကိုရီးယားဟာ နျူကလီးယား စမ်းသပ်တာတွေနဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေကို ရပ်ခဲ့ပြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ လျော့ကျခဲ့ပါတယ်။

#voiceofmyanmar#အမေရိကန်#အရေးယူပိတ်ဆို့မှုမြောက်ကိုရီးယားသတိပေး#

Ref: BBC

Photo : Getty Image

Related posts

Leave a Comment

VOM News

FREE
VIEW