ပထမ လယ်တီဆရာတော်ဘုရာကြီး သတင်းသုံးခဲ့တဲ့ ရှေးဟောင်းကျောင်းပျက်စီးနေ

မုံရွာ ဒီဇင်ဘာ ၁၈-၂၀၁၈

စောပြည့်ချမ်းသာ (VOM)

ကိုလိုနီခေတ်ကတည်းက တည်ဆောက်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ လယ်ဇင်စံပြကျေးရွာ၊ သာသနဝိသောဓနိကျောင်းတိုက်အတွင်းက ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံး ကျမ်းပြုစုသွားတဲ့  ရှေးဟောင်းကျောင်းဆောင်ကြီး မှာ ပျက်စီးယိုယွင်းနေပြီးဖြစ်ပါတယ်။

ရှေးဟောင်းကျောင်းဆောင်ကြီးကို လယ်ဇင်နယ်ပိုင်သူကြီး ဦးရာဗိုလ်နဲ့ဇနီး ဒေါ်မေရှန်တို့က ၁၂၅၈ ခုနှစ် စတင်တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပြီး ၁၂၆၁ ပြီးစီးခဲ့တာဖြစ်ပါတယ်။

ယခုမှာ  နှစ်ကာလသက်တမ်း ကြာမြင့်နေတဲ့အတွက် ရာသီဥတုဒဏ်၊သဘာဝဘေးဒဏ်တွေခံရပြီး ပျက်စီးယိုယွင်ပျက်စီးလျက်ရှိတယ်လို့  သာသနဝိသောဓနိကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတ က မိန့်ကြားပါတယ်။

“နယ်ပိုင်ကြီးဦးရာဗိုလ်၊ဒေါ်မေရှန်တို့က ၁၂၅၈ ခုနှစ်မှာ ကျောင်ဆောက်လုပ်လှူဒါန်းတယ်၊ ကျောင်းကြီးပြီးသွားတော့ ပထမလယ်တီဆရာတော်ကြီး ဦးဥာဏဓဇ ကို ပင့်ပြီး လှူဒါန်းခဲ့တယ်၊လယ်တီဆရာတော်ဘုရားကြီးက စာလိုက်သံဃာတွေနဲ့ စာချရင်နဲ့ နိဗ္ဗာန ဒီပနီကျမ်း ကို ဒီကျောင်းကြီးမှ ပြုစုသွားတာ၊လက်ရှိ ပျက်စီးနေပြီး ဒီကျောင်းကြီးပြင်ဖို့ဆိုတာကလည်း ခက်ခဲတယ်၊ ပြင်ဖို့ အောင်မြင်ဖို့ ဆိုတာလည်း မလွယ်ဘူး၊ချမ်းသာတဲ့ ပုဂ္ဂိုလ်တွေဝင်လာရင်တော့ တမျိုးပေါ့၊ဒီကလည်း ကျောင်းတကာ၊ကျောင်းအမတွေနဲ့ အဆက်ပြတ်သွားရယ်၊ဒီကျောင်းတိုက်ကြီးက သံဃာတွေ အဆက်ပြတ်သွားရယ်ကြောင့် ဒီလို ယိုယွင်းပျက်စီးသွားတာ “လို့ ဆရာတော်ကမိန့်ကြားပါတယ်။

အဲ့ဒီ ရှေးဟောင်းကျောင်းဆောင်ရှိရာ ကျောင်းတိုက်ကို ပထမလယ်တီဆရာတော်ကြီး ဦးဥာဏဓဇ သီတင်းသုံးနေထိုင်စဉ်က ဓမ္မိကာရုံ ကျောင်းတိုက် ဟု အမည်တွင်ပြီး ရှေးဟောင်းကျောင်းဆောင်ကြီးရဲ့အမည်မှာ ဓမ္မနန္ဒာကျောင်းဟု အမည်တွင်ကြောင်း ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။

”ရှေးဟောင်းဌာနက လာကြည့်သွားတယ်၊ သူတို့ဘက်က တာဝန်မယူတဲ့ သဘောပေါ့၊ဒီကျောင်း တည်ဆောက်တဲ့ ခုနှစ်ကို ပြောလိုက်တဲ့ အခါမှာ သူ့တို့က ရတနာပုံခေတ်ကိုပဲ နောက်ဆုံးထားပြီး ရှေးဟောင်းဌာနက ထိန်းသိမ်းပါတယ်လို့ပြောတယ်၊ဒါက သီပေါမင်းပါတော်မူပြီးမှ ဆောက်ထားတဲ့ ကျောင်းဆိုတော့  ဌာနဆိုင်ရာတွေ အနေနဲ့က ပြင်တော့မှာ မဟုတ်ဘူး”သာသနဝိသောဓနိကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ဦးပဏ္ဍိတ က မိန့်ကြားပါတယ်။

ပထမလယ်တီဆရာတော်ဘုရားကြီး သတင်းသုံး ကျမ်းပြုစုသွားသော ရှေးဟောင်းကျောင်းဆောင်ကြီးဟာ အလျားပေ ၁၀၀၊အနံ ၄၀ ကျော် နဲ့ကျွန်းတိုင်လုံးပေါင်း ၉၉ လုံးရှိပြီး ရှေးဟောင်းလက်ရာများစွာ ကျန်ရှိနေသေးသဖြင့် သာသနာ့ကြည်ညိုသည့် စိတ်၊လယ်တီဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးဂုဏ်တော်တွေကို ရည်မျှော်ပြီး ပြင်ဆင်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်လာစေချင်တယ်လို့ ဆရာတော်ကမိန့်ကြားပါတယ်။

#voiceofmyanmar#မုံရွာ#ပထမလယ်တီဆရာတော်သတင်းသုံးခဲ့တဲ့ရှေးဟောင်းကျောင်းပျက်စီးနေ#

Related posts

Leave a Comment

VOM News

FREE
VIEW