ဆီးရီးယားမှ အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမယ်လို့ သမ္မတဒေါ်နယ်ထရန့် ကြေညာ

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၁-၂၀၁၈

မျိုးဆက် (VOM)

ဆီးရီးယားနိုင်ငံမှ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ်သိမ်းသွားမှာဖြစ်တယ်လို့  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းရဲ့ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၁၉ ရက်က ကြေညာလိုက်ပါတယ်။

ဒေါ်နယ်ထရန့်ဟာ အိုင်အက်စ်တို့ကို ခြေမှုန်းနိုင်ခဲ့ပြီလို့ အခိုင်အမာပြောဆိုပြီးနောက် အမေရိကန်တပ်ဖွဲ့ဝင်များကို ပြန်ရုပ်သိမ်းဖို့ကို ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။

ဒီဆုံးဖြတ်ချက်အပေါ် ထိပ်တန်းရီပတ်ဘလီကန်တွေနဲ့ အင်အားကြီးနိုင်ငံများအပါအ၀င် အဓိက မဟာမိတ်များအကြား အငြင်းပွားခဲ့ကြပြီး  ဒေါ်နယ်ထရန့်ရဲ့  ဒီလိုလုပ်ဆောင်မှုဟာ အိုင်အက်စ်တို့ကို တစ်ကျော့ပြန် အင်အားကောင်းလာစေနိုင်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။

ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ ဂျီဟတ်အုပ်စုတွေကို ဖယ်ရှားရာမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေက များစွကူညီပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ အကြမ်းဖက်သမား အနည်းငယ် ကျန်ရှိနေပါတယ်။

မစ္စတာထရန့်အားထောက်ခံသူ အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်ကတော့ သမ္မတ အိုဘားမားလုပ်ခဲ့တဲ့ အမှားလိုမျိုးဖြစ်နေတဲ့ အဆိုပါဆုံးဖြတ်ချက်ကို ရုပ်သိမ်းဖို့တိုက်တွန်းထားပါတယ်။

အိုင်အက်စ်တို့ကို လက်ရှိမှာ ခြေမှုန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သမ္မတထရန့်ရဲ့ အာမခံချက်ကို ပြန်လည်သုံးသပ်ဖို့ကို ဗြိတိန်နိုင်ငံကလည်း တိုက်တွန်းလိုက်ပါတယ်။ ဒေါ်နယ်ထရန့်က တပ်ဖွဲ့ဝင်တွေကို ပြန်လည်ရုပ်သိမ်းတာဟာ အိုင်အက်စ်တွေကို ဖယ်ရှားပစ်ဖို့ နောက်တစ်ဆင့်လှုပ်ရှားမှုဖြစ်ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုခဲ့ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး ။

#voiceofmyanmar#ဆီးရီးယား#အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းမယ်လို့သမ္မတဒေါ်နယ်ထရန့်ကြေညာ#

Ref:BBC

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW