အမေရိကန်ရဲ့လုပ်ရပ်တွေကို မထောက်ခံ၊ အီရန်နဲ့ ဆက်လက် ပူးပေါင်းသွားမယ်လို့ တူရကီသမ္မတ အာဒိုဂန် ကတိပြု

အန်ကာရာ၊ ဒီဇင်ဘာ ၂၁-၂၀၁၈

မျိုးဆက် (VOM)

အီရန်အပေါ် အမေရိကန်က အရေးယူပိတ်ဆို့မှုများ ချမှတ်ထားတာတွေကို တူရကီသမ္မတ အာဒိုဂန်က ပြစ်တင်ဝေဖန်လိုက်ပြီး အီရန်နဲ့အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြု ပြောဆိုလိုက်ပါတယ်။

အန်ကာရာမှာ  အီရန်သမ္မတ ရူဟာနီနဲ့အတူ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ  တူရကီသမ္မတ အာဒိုဂန်က ယခုလို မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

တူရကီအနေဖြင့် အီရန်နဲ့ ကုန်သွယ်ရေးကဏ္ဍမှာ လက်ရှိ ဒေါ်လာ ၁၁ ဘီလီယံကနေ ၃၀ ဘီလီယံအထိ တိုးမြင့်သွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ၎င်းက ပြောပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်တို့အကြားချုပ်ဆိုထားတဲ့ ၂၀၁၅ နျူကလီးယား သဘောတူစာချုပ်ကနေ မေလအတွင်းက အမေရိကန်နှုတ်ထွက်ပြီးနောက် အီရန်အပေါ် အရေးယူပိတ်ဆို့တွေကိုအမေရိကန်က ပြန်လည်ချမှတ်ခဲ့ပါတယ်။

အီရန်ထံမှ ရေနံဆက်လက်ဝယ်ယူခွင့်ပြုထားတဲ့ အမေရိကန်ရဲ့  မဟာမိတ်နိုင်ငံများထဲမှာ  တူရကီနိုင်ငံလည်း ပါဝင်ပြီး သွင်းကုန်လျှော့ချရေးအတွက် အမေရိကန်က တွန်းအားပေးနေပါတယ်။

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေဟာ  ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် အန္တရာယ်ရှိပြီး အမေရိကန်ကို မထောက်ခံကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောဆိုလိုက်ပြီး  မိမိတို့အနေနဲ့ အီရန်နှင့်အတူ ဆက်လက်ရပ်တည်မှာဖြစ်တယ်လို့ တူရကီသမ္မတ အာဒိုက ပြောပါတယ်။

#voiceofmyanmar#အမေရိကန်ရဲ့လုပ်ရပ်မထောက်ခံ#အီရန်နဲ့ပူးပေါင်းမယ်လို့တူရကီသမ္မတကတိပြု#

Ref :RT

Photo : Reuter

Related posts

✕
VOM News

FREE
VIEW