အမေရိကန်စတော့ရှယ်ယာဈေးကွက် ဆယ်စုနှစ်အတွင်း အဆိုးဆုံး အခြေအနေရောက်ရှိနေ

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၂-၂၀၁၈ မျိုးဆက် (VOM) အမေရိကန်နိုင်ငံမှာ တရုတ်နဲ့ ကုန်သွယ်ရေးတင်းမာမှု၊ ဘဏ်တိုးနှုန်းမြင့်တက်မှု နဲ့ မတည်ငြိမ်သောဈေးကွက်တွေကို အစိုးရကပိတ်ပစ်နိုင်ဖွယ်ရှိတဲ့ အနေအထားတွေဖြစ်ပေါ်နေချိန်မှာ စတော့ရှယ်ယာဈေးကွက်ဟာလည်း ဆယ်စုနှစ်တစ်ခုအတွင်း အပတ်စဉ်အဆိုးရွားဆုံးကျဆင်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ နည်းပညာကို အဓိကထားလုပ်ဆောင်တဲ့  Nasdaq ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ  အမြင့်ဆုံးအနေအထားမှ ၂၀ရာခိုင်နှုန်းထိအောင်ကျဆင်းခဲ့ပြီး ရှယ်ယာညွှန်းကိန်းများအားလုံးဟာ ပိုမိုနိမ့်ကျတဲ့  အနေအထားဖြင့်ဈေးပိတ်ခဲ့ရပါတယ်။ Dow Jones Industrial Average ကုမ္ပဏီရဲ့ ရှယ်ယာညွှန်းကိန်းတွေကတော့ ၂၀၀၈ခုနှစ်နောက်ပိုင်း အပတ်စဉ် အကြီးမားဆုံးကျဆင်းမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။  S&P ကုမ္ပဏီကတော့ တစ်ပတ်ကို ၇ရာခိုင်နှုန်းကျဆင်းနေတယ်လို့ သိရပါတယ်။ ဒီလို စတော့ရှယ်ယာဈေးကွက် ကျဆင်းနေတာဟာ ၂၀၁၁ခုနှစ် သြဂုတ်လနောက်ပိုင်း ရာခိုင်နှုန်းအားဖြင့် အပတ်စဉ်အကြီးမားဆုံးကျဆင်းမှုဖြစ်ပြီး  Nasdaq ကုမ္ပဏီရဲ့ စတော့ရှယ်ယာ ၈ဒသမ၃၆ ရာခိုင်နှုန်းကျဆင်းတာကတော့ ၂၀၀၈ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အဆိုးရွားဆုံး ဈေးကွက်ကျဆင်း မှုဖြစ်တယ်လို့ ဆိုပါတယ်။ စီးပွားရေးတိုးတက်မှုနှုန်း…

Read More

ကုန်ကြမ်းရှားပါးမှုကြောင့် စစ်ကိုင်းအိုးလုပ်ငန်း ပျောက်ကွယ်လုနီးပါးဖြစ်နေ

စစ်ကိုင်း ဒီဇင်ဘာ၂၂ စောပြည့်ချမ်းသာ (VOM) စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်မှာ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ကုန်ကြမ်း ရှားပါးလာတဲ့အတွက် ရေရှည်မှာ  မိရိုးဖလာ အိုးလုပ်ငန်း ကွယ်ပျောက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ အိုးလုပ်ငန်း များတွင် အသုံးပြုနေတဲ့ မြေနီ  ရှားပါးလာခြင်း၊ အိုး လုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်လာခြင်း နဲ့အတူ သယ်ယူခတွေ မြင့်တက်လာခြင်း၊အလုပ်သမားရှားပါးလာတာတွေကြောင့်  အိုး လုပ်သူ တချို့ လုပ်ငန်းရပ်ဆိုင်းပြီး အလုပ်အကိုင်အသစ်တွေ ရှာဖွေလုပ်ကိုင် လာတယ်လို့ သိရပါတယ်။ “အိုးလုပ်တဲ့ မြေနီ ရှားလာတယ် အရင်တုန်းက မြေနီကို ဒီနားပတ်ဝန်းကျင်မှာ တူးလို့ရတယ် ၀ယ်လို့ ရတယ်နောက်ပြီး မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးဆယ်၊ ခိုတောင် ချောင်းပေါက်ရွာတွေဘက်က ဝယ်လို့ရတယ် အခုကျတော့ အဲ့ဘက်ကရွာတွေမှာ ဝယ်မရတော့ဘူး အဲ့ဘက်ကလမ်းတွေ ပျက်စီးမှာဆိုးတော့မရောင်းကျတော့တာ လက်ရှိမှာတော့ စစ်ကိုင်း ရွာသစ်ကြီးဘက်ကဝယ်ရတယ်အရင်က အဲ့ရွာ…

Read More

ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၂-၂၀၁၈ မျိုးဆက်(VOM) မြန်မာနိုင်ငံ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးဟာ အပြစ်မရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ဒီဇင်ဘာ ၂၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်ခရိုင်တရားရုံးက စက်တင်ဘာလအတွင်းက  အပြစ်ရှိကြောင်း အမိန့်ချလိုက်ပြီး ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင် လျှောက်လှမ်းနေမှုအပေါ် မေးခွန်းထုတ်ခဲ့ကြကာ နိုင်ငံတကာသံတမန်တွေနဲ့  လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်မှုလည်း ထွက်ပေါ်နေပါတယ်။ ယင်းဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများအကြား စိုးရိမ်နေကြောင်း လက္ခဏာတစ်ရပ်အဖြစ် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ထောင်ကျနေတဲ့  ရိုက်တာသတင်းထောက်နှစ်ဦးကို ထောက်ခံကြောင်း ရုပ်သံဖိုင်တစ်ခု ရိုက်ကူးပြောကြားခဲ့ပြီး ယင်းဖြစ်စဉ်အပေါ် ဗြိတိန်အနေနဲ့ လွန်စွာ စိုးရိမ်ပူပန်မိတယ်လို့ ဂျယ်ရမီဟန့်က ပြောပါတယ်။ ၎င်းတို့နှစ်ဦးမှာ  အပြစ်မရှိဘူးလို့ ယုံကြည်တဲ့အတွက် ကမ္ဘာကြီးက မမေ့လျော့ကြရန်လိုအပ်ကြောင်း၊ ယခုနှစ်အတွင်း သတင်းသမားတွေထောင်ချခံရတာနဲ့ သတ်ဖြတ်ခံရတာတွေလည်း တိုးပွားလာနေတာကိုလည်း တွေ့မြင်နေရတယ်လို့ …

Read More

ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေ အားလုံးကို အရမ်းချစ်ပါတယ်ဆိုတဲ့ “ဒေါင်း”

ရန်ကုန် ဒီဇင်ဘာ ၂၂-၂၀၁၈ သင်းသဒ္ဒါ(VOM) နှုတ်ခမ်းနီမလေးများ အသည်းကျော် ဒေါင်းကတော့ ကျွန်တော်ပုံတွေ Share ပေးတဲ့ ကောင်မလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးကို အရမ်းချစ်ပါတယ်လို့ဆိုပါတယ်။ မိန်းကလေးပရိသတ်အများဆုံး ဒေါင်း၏ ဓာတ်ပုံအရမ်းကို Share တဲ့အပေါ်မှာ “ဓာတ်ပုံရိုက်ရင် ကင်မရာကို မကြည့်ဖြစ်ဖူး၊ ချစ်တဲ့ပရိသတ်တွေကို ရင်ထဲကကြည့်ပြီးတော့ ရိုက်ဖြစ်ပါတယ်၊ ဒီပရိသတ်တွေရှိလို့ ကျွန်တော် ကံကောင်းတယ်လို့ ယူဆပါတယ်၊နောက် ကျွန်တော်ကို ယုံကြည်စွာနဲ့အားပေးတဲ့အတွက်ပါ၊ အနုပညာပတ်သက်ပြီးတော့လည်း အများကြီး ကြိုးစားပါမယ်”လို့ဆိုပါတယ်။ လက်ရှိမှာတော့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်မယ့် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းနိုင်း၊ ၀တ်မှုန်ရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့နဲ့ အတူုပါဝင် သရုပ် ဆောင် ထားပါတယ်။ “ကျွန်တော် ဒီဇာတ်ကားမှာတော့ ဓာတ်ပုံဆရာတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်၊ ဓာတ်ပုံအတွက်ဆိုရင် မရရအောင်လုပ်ဆောင် ကြည့်ချင်သူပေါ့၊မရိုက်ခင်မှာ ဒီဇာတ်ကောင်ကို အကောင်းဆုံး ကြိုးစားထားပါတယ်၊အံ့သြထိန့်လန့်စရာ သရဲကားလည်းဖြစ်လို့…

Read More

ခန္တီးမြို့၌ လေယာဉ်အပိုင်းအစ ဟု ယူဆရတဲ့ အရာတစ်ခု ကောင်းကင်ပေါ်က ပြုတ်ကျ

ခန္တီး၊ ဒီဇင်ဘာ ၂၂-၂၀၁၈ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်း ခန္တီးမြို့ပေါ်မှာ လေယာဉ်အပိုင်းအစ လို့ ယူဆရတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဒီနေ့မနက် ၆ နာရီ ၀န်းကျင်အချိန်ခန့်က ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ခန္တီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန က တာဝန်ရှိသူတစ်ဦး ရဲ့ ပြောကြားချက်အရ သိရပါတယ်။ လေယာဉ်ကိုယ်ထည်ရဲ့ အပိုင်းအစလို့ယူဆရတဲ့ အလျား ၉ ပေ ၈ လက်ခွဲ တစ်ဖက်အနံ ၄ ပေ ၃ လက်မ နဲ့ တစ်ဖက်အနံ ၂ပေ ၈ လက်မ အရွယ်အစားရှိတဲ့ အပိုင်းအစ ဟာ ဆိုရင် ဆူညံတဲ့ ပေါက်ကွဲသံ ပုံစံမျိုး ကြားရပြီးတဲ့ နောက်မှာ ခန္တီးမြို့ မေတ္တာရပ်ကွက် မှာ ရှိတဲ့ ခန္တီးမြို့တွင်းကနေ ခန္တီးမြို့ လေယာဉ်ကွင်းဆိပ် ကို သွားတဲ့…

Read More
VOM News

FREE
VIEW