ကုန်ကြမ်းရှားပါးမှုကြောင့် စစ်ကိုင်းအိုးလုပ်ငန်း ပျောက်ကွယ်လုနီးပါးဖြစ်နေ

စစ်ကိုင်း ဒီဇင်ဘာ၂၂

စောပြည့်ချမ်းသာ (VOM)

စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်မှာ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ကုန်ကြမ်း ရှားပါးလာတဲ့အတွက် ရေရှည်မှာ  မိရိုးဖလာ အိုးလုပ်ငန်း ကွယ်ပျောက်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာ အိုးလုပ်ငန်း များတွင် အသုံးပြုနေတဲ့ မြေနီ  ရှားပါးလာခြင်း၊ အိုး လုပ်သည့် ကုန်ကြမ်းများ ဈေးနှုန်း မြင့်တက်လာခြင်း နဲ့အတူ သယ်ယူခတွေ မြင့်တက်လာခြင်း၊အလုပ်သမားရှားပါးလာတာတွေကြောင့်  အိုး လုပ်သူ တချို့ လုပ်ငန်းရပ်ဆိုင်းပြီး အလုပ်အကိုင်အသစ်တွေ ရှာဖွေလုပ်ကိုင် လာတယ်လို့ သိရပါတယ်။

“အိုးလုပ်တဲ့ မြေနီ ရှားလာတယ် အရင်တုန်းက မြေနီကို ဒီနားပတ်ဝန်းကျင်မှာ တူးလို့ရတယ် ၀ယ်လို့ ရတယ်နောက်ပြီး မင်းကွန်းသွားတဲ့ လမ်းက ပယ်ငါးဆယ်၊ ခိုတောင် ချောင်းပေါက်ရွာတွေဘက်က ဝယ်လို့ရတယ် အခုကျတော့ အဲ့ဘက်ကရွာတွေမှာ ဝယ်မရတော့ဘူး အဲ့ဘက်ကလမ်းတွေ ပျက်စီးမှာဆိုးတော့မရောင်းကျတော့တာ လက်ရှိမှာတော့ စစ်ကိုင်း ရွာသစ်ကြီးဘက်ကဝယ်ရတယ်အရင်က အဲ့ရွာ မြေနီဝယ်ဈေးက ထော်လာဂျီ (၁)စီးကို ၂၈၀၀၀ကျပ်ပေးရပြီးအခုကျ   ထော်လာဂျီ (၁)စီးကို၃၅၀၀၀ ပေးနေရတယ်၅၀၀၀လောက် ဈေးတက်သွားတယ် နောက်ပြီး လာပို့ရတာဝေးတော့ ၁ဦးတည်းမှာရင် လာမပို့ဘူးသူ့အတွက် မကိုက်ဘူးလေ အိုးလုပ်သူ ၄ /၅ဦး ဆက်ပြီးမှာမှလာပို့ကြတာ  အဲ့လိုကုန်ကြမ်းရှားတာရယ် အလုပ်သမားရှားတာတွေကြောင့် အိုးဘိုရပ်ကွက် မှာ မိရိုးဖလာ အိုးလုပ်ငန်း လုပ်ကိုင်သူ၁၀ဦးခန့်လောက်ဘဲရှိတော့တာ” လို့  အိုးလုပ်ငန်းလုပ်ကိုင်တဲ့ မမြင့်မြင့်စန်းက ပြောပါတယ်။

စစ်ကိုင်းမြို့ အိုးဘိုရပ်ကွက် ရဲ့အိုးလုပ်ငန်း လုပ်ကိုင်သူအများစုက  အဓိက စီးပွားရေးအနေနဲ့ စစ်ကိုင်းသောက်ရေအိုးလုပ်ငန်းသာ အဓိကထားလုပ်ကိုင်ပြီး ယခင်က အိုးလုပ်ငန်းဟာယခု နတော်လ မှာ အိုးလုပ်ငန်း လုပ်ကိုင်လို့ အကောင်းဆုံးအချိန်ဖြစ်ပြီး ယခုကြတော့  အရင်နှစ်လောက်လုပ်ငန်း မဖြစ်တော့ပဲ  ကုန်ကြမ်းရှားပါးလာတာက ၂၀၁၇ ကနေရှားလာပြီး ယခုအချိန်ထိပဲလို့ အိုးလုပ်ငန်းလုပ်ကိုင်တဲ့ မမြင့်မြင့်စန်း ကဆက်လက်ပြောပါတယ်။

အိုးလုပ်ငန်း လုပ်ကိုင်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းတွေပေါလာရင်တော့ မိရိုးဖလာလုပ်ကိုင်တဲ့ အိုးလုပ်ငန်းကိုလုပ်ချင်ပါတယ်လို့ ၎င်းကပြောပါတယ်။

#voiceofmyanmar#စစ်ကိုင်း#ပျောက်ကွယ်လုနီးပါးဖြစ်နေ#

Related posts

Leave a Comment

VOM News

FREE
VIEW