အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲပြီး ဆူနာမီဖြစ်တာကြောင့် လူ ၁၆၈ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ-၂၃-၂၀၁၈

မျိုးဆက် ( VOM)

အင်ဒိုနီးရှားနိုင်ငံ ဆန်ဒါရေလက်ကြားမှာ ဆူနာမီဖြစ်ပွားတာကြောင့်  လူ ၁၆၈  ဦးထက်မနည်း သေဆုံးပြီး ၇၄၅ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် နေအိမ်ရာပေါင်းများစွာလည်း ပျက်စီးခဲ့တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီကဆိုပါတယ်။

ကရာကတောင်း မီးတောင်ပေါက်ကွဲပြီးနောက် ပင်လယ်ကြမ်းပြင်မှာ မြေပြိုတာတွေကြောင့်  ဆူနာမီဖြစ်ပွားခြင်းဖြစ်နိုင်တယ်လို့  အဆိုပါအေဂျင်စီက ပြောပါတယ်။

ဆန်ဒါရေလက်ကြားဟာ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းအကြားမှာ တည်ရှိပြီး ဂျာဗားပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတို့ကို ဆက်သွယ်ထားပါတယ်။ ဆူနာမီလှိုင်းတွေဟာ ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်း မီတာ ၂၀၀ လောက်အထိ ရိုက်ခတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ၂၁ နာရီ မိနစ် ၃၀ မှာ ဆူနာမီဖြစ်ပွားပြီးနောက် သေဆုံးသူအရေအတွက် မြင့်တက်လာတယ်လို့  သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက သတိပေးခဲ့ပြီး နောက်ထပ်သေဆုံးသူမြင့်တက်လာဖွယ်ရှိတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလအတွင်းကလည်း အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဆူလာဝေဆီကျွန်းတွင် အင်အားပြင် မြေငလျင်လှုပ်ခတ်မှုကြောင့် လူ ၂၀၀၀ ကျော်သေဆုံးခဲ့ပြီး ကမ်းရိုးတန်းမြို့ဖြစ်သည် ပါလူကျွန်းသို့ ဆူနာမီလှိုင်းများ ရိုက်ခတ်ခဲ့သည်။

Ref: Reuter /BBC

Photo : BNPB

#voiceofmyanmar#အင်ဒိုနီးရှားမီးတောင်ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW