ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်ကြောင့် အမေရိကန်အထူးသံတမန်တဦး ရာထူးမှနှုတ်ထွက်သွားပြန်

ဝါရှင်တန်၊ ဒီဇင်ဘာ-၂၃-၂၀၁၈ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်လိုက်တာကြောင့် အိုင်အက်စ်အုပ်စုကို တိုက်ခိုက်နေတဲ့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦး နှုတ်ထွက်သွားပြန်ပါတယ်။ အိုင်အက်စ်တို့ကို နှိမ်နှင်းဖို့အတွက်  ကမ္ဘာလုံးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့ရဲ့ အမေရိကန်အထူး သံတမန်ဖြစ်သူ ဘာရစ်မက်ဂူအက်ဟာ ဖေဖော်ဝါရီလမတိုင်မီ ယခုလိုနှုတ်ထွက်သွားတာဖြစ်ပါတယ်။ ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ဒေါ်နယ်ထရန်က မကြေညာမီက ဆီးရီးယားရှိ အိုင်အက်စ်တွေကို အမေရိကန်က ဆက်လက်တိုက်ထုတ်သွားမှာဖြစ်တယ်လို့ မက်ဂူအက် အခိုင်အမာပြောဆိုခဲ့ပါတယ်။ ၎င်းရဲ့ နှုတ်ထွက်မှုမှာ ကိစ္စထွေထွေထူးထူးကြောင့် မဟုတ်ဘူးလို့ သမ္မတဒေါ်နယ်ထရန့်ကတော့  ပြောဆိုထားပါတယ်။  ဒီဇင်ဘာ ၂၀ ရက်က အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျက်မက်တစ် နှုတ်ထွက်လိုက်ပြီးနောက် အခုလို မစ္စတာ မက်ဂူအက်ဖို့ နှုတ်ထွက်ဖို့  ဆုံးဖြတ်ချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှရှိတဲ့  အမေရိကန်တပ်ဖွဲ့ဝင်တွေလျှော့ချရေးအပါအ၀င်  ဆီးရီးယားက တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းကို…

Read More

ချစ်သူနဲ့လမ်းခွဲလိုက်ရပြီဆိုတဲ့ သွန်းဆက်

ရန်ကုန် ဒီဇင်ဘာ ၂၃-၂၀၁၈ သင်းသဒ္ဒါ(VOM) ပရိသတ်အချစ်တော် သရုပ်ဆောင် သွန်းဆက်ကတော့ ၂၀၁၈ ခုနှစ်ကတော့ ကိုယ်နဲ့ သေသေချာ ချာတွဲလာတဲ့ ချစ်သူနဲ့လမ်းခွဲလိုက်ရတယ်ဆိုပါတယ်။ “၂၀၁၈ ကိုအရမ်းကို မုန်းတယ်။ သွန်းဆက် ငယ်ငယ်ထဲကစိတ်ညစ်စရာ သိပ်မရှိခဲ့ဘူး။ပေါ့ပေါ့ပါးပါး လေးပဲ အရာရာဖြတ်သန်းသွားဖြစ်တယ်။အဆင်ပြေတယ် စိတ်ဆင်းရဲစရာ သိပ်မရှိခဲ့ဘူး။ ၂၀၁၈ကတော့ တစ်ချိန်လုံး ငိုနေရတယ်။အမေ ကင်ဆာဖြစ်တယ်။ ချစ်သူနဲ့လက်ခွဲလိုက်ရတယ်။ ဒီနှစ်က UNLUCKY ပါပဲ “လို့ဆိုပါတယ်။ ၂၀၁၈ မှာတော့ မိခင်ဖြစ်သူ ကင်ဆာရောဂါဖြစ်တဲ့အတွက် သရုပ်ဆောင်ပိုင်းနနဲ့ အနည်းငယ်အဆက် အသွယ်ပြတ်ခဲ့တယ်လို့ သိရပါတယ်။ဝင်ငွေမရှိပဲ ထွက်ငွေများတဲ့နှစ်လို့လည်း ပြောလာခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးမယ်လို့ သိရပါတယ်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ကလေးဆေးရုံတိုးချဲ့ဆောင်သစ်  သွေးနှင့်ကင်ဆာဌာနမှာ အလှူလုပ်ဖြစ်တာနဲ့ ပတ်သက်ပြီးတော့ “ကင်ဆာရောဂါဖြစ်တဲ့သူတွေ ဆေးတွေက လည်း အရမ်းပြင်းတော့ တော်တော်လေး…

Read More

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲပြီး ဆူနာမီဖြစ်တာကြောင့် လူ ၁၆၈ ဦးထက်မနည်းသေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ-၂၃-၂၀၁၈ မျိုးဆက် ( VOM) အင်ဒိုနီးရှားနိုင်ငံ ဆန်ဒါရေလက်ကြားမှာ ဆူနာမီဖြစ်ပွားတာကြောင့်  လူ ၁၆၈  ဦးထက်မနည်း သေဆုံးပြီး ၇၄၅ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့ အင်ဒိုနီးရှားအစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောပါတယ်။ ဒီဇင်ဘာ ၂၂ ရက်မှာဖြစ်ပွားခဲ့တဲ့ ဆူနာမီကြောင့် နေအိမ်ရာပေါင်းများစွာလည်း ပျက်စီးခဲ့တယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီကဆိုပါတယ်။ ကရာကတောင်း မီးတောင်ပေါက်ကွဲပြီးနောက် ပင်လယ်ကြမ်းပြင်မှာ မြေပြိုတာတွေကြောင့်  ဆူနာမီဖြစ်ပွားခြင်းဖြစ်နိုင်တယ်လို့  အဆိုပါအေဂျင်စီက ပြောပါတယ်။ ဆန်ဒါရေလက်ကြားဟာ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းအကြားမှာ တည်ရှိပြီး ဂျာဗားပင်လယ်နဲ့ အိန္ဒိယ သမုဒ္ဒရာတို့ကို ဆက်သွယ်ထားပါတယ်။ ဆူနာမီလှိုင်းတွေဟာ ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်း မီတာ ၂၀၀ လောက်အထိ ရိုက်ခတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၂ ရက် ဒေသစံတော်ချိန် ၂၁ နာရီ မိနစ် ၃၀ မှာ…

Read More

ယိုချောင်းအထက်ပိုင်းက စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေးပစ္စည်းသွားပေးတဲ့အဖွဲ့တွေကို တပ်မတော်က ပြန်လွှတ်

ကျောက်တော်၊ ဒီဇင်ဘာ-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို လူမှုအဖွဲ့အစည်းတွေက လိုအပ်တဲ့ရိက္ခာနဲ့တခြားအကူအညီတွေကို ထောက်ပံ့ပေးအပ်ဖို့ ဒီကနေ့သွားရောက်ခဲ့ကြတဲ့ အဖွဲ့တွေကို တပ်မတော်က သွားလာခွင့်ပိတ်ထားလိုက်တဲ့အတွက် ပြန်လာခဲ့ကြရတယ်လို့ ကျောက်တော်မြို့ပေါ်လူငယ်အဖွဲ့ကပြောပါတယ်။ အဲဒီအဖွဲ့တွေဟာ စစ်တွေကနေသွားရောက်ထောက်ပံ့တဲ့ အနာက်တံခါးကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ ကျောက်တော်မြို့ပေါ် လူငယ်အဖွဲ့တို့ဖြစ်ပြီး ယိုးချောင်းအထက်ပိုင်းက သလူချောင်းကျေးရွာနဲ့ ငစရိုင်းကိုင်းကျေးရွာတွေကိုရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးဖို့သွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ “ယိုးချောင်းအထက်ပိုင်းမှာရှိတဲ့ သလူချောင်းကျေးရွာက စစ်ဘေးရှောင်တွေကို ဆန်နဲ့စောင်တွေ၊ အင်္ကျီတွေ၊တခြား စားစရာတွေသွားပေးတာပါ။ တောင်မင်းကုလားရွာမှာချထားတဲ့ စစ်တပ်စခန်းကနေ ကျွန်တ်ာတို့ကိုစစ်ဆေးပြီးတော့ သွားခွင့်မပြုလို့ အခုပြန်လာရပါတယ်။ ကျွန်တော်တို့နဲ့အတူ စစ်တွေကအဖွဲ့တစ်ဖွဲ့လည်း ပြန်လာခဲ့ရပါတယ်။”ဟု ကျောက်တော်မြို့ပေါ်လူငယ်အဖွဲ့က ပြောပါတယ်။ အခုရိက္ခာပို့ဆောင်ခွင့်ပိတ်ထားလိုက်တဲ့ ကျေးရွာတွေကတော့ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေဖြစ်ပြီး အဲဒီကျေးရွာတွေကို တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ပညာဝ ကျေးရွာအနီးဝန်းကျင်က ဒေသခံ မြိုလူမျိုး ၂၀၀ ကျော် ရောက်ရှိနေတာဖြစ်ပါတယ်။ “ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေရောက်ရှိနေတဲ့နေရာက လေးနေရာရှိပါတယ်။ ကန်ဇောက်ရွာ၊ တောင်မင်းကလုလားရွာ၊ သလူချောင်းနဲ့…

Read More

ဟားခါးမြို့နယ် အတွင်း ကားတစီးတိမ်းမှောက် ၅ ဦးသေ ၁၃ ဦး ဒဏ်ရာရ

ဟားခါး ဒီဇင်ဘာ ၂၃-၂၀၁၈ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် ဟားခါးမြို့နယ် အတွင်းမှာရှိတဲ့ ဟားခါးမြို့နဲ့ ဂန့်ဂေါမြို့အကြားဆက်သွယ်သွားလာတဲ့ ကားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်လွဲအချိန်ခန့် က ယာဉ်မောင်းအိပ်ငိုက်တာကြောင့် ခရစ္စမတ်ပွဲတော် အတွက်လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပြီးပြန်လာတဲ့ ကားတစ်စီးတိမ်းမှောက်ခဲ့တာပါ။ အဲဒီကားတိမ်းမှောက်မှုကြောင့် လူ ၅ ဦး သေဆုံးပြီး လူ ၁၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မျှော်လင့်ခြင်း သွေးလှူရှင်အသင်း(ဟားခါး) ဥက္ကဌ ဦးကျုံးဟူး က ပြောပါတယ်။ ကားတိမ်းမှောက်ခဲ့တဲ့နေရာဟာ ဟားခါးမြို့ကနေ မိုင်ပေါင်း ၄၁ မိုင် အကွာအဝေး ဂန့်ဂေါမြို့နဲ့ ဟားခါးမြို့ရဲ့ လမ်းတစ်ဝက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားတိမ်းမှောက်မှု ဖြစ်ပွားတဲ့ SKAT အမျိုးအစား ကားပေါ်မှာ ခရီးသည် ၂၁ ဦးလိုက်ပါလာတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ကားသမားအပါအ၀င် လူ…

Read More
VOM News

FREE
VIEW