ဝါရှင်တန်၊ ဒီဇင်ဘာ-၂၃-၂၀၁၈
မျိုးဆက် (VOM)
ဆီးရီးယားနိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေကို ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆုံးဖြတ်လိုက်တာကြောင့် အိုင်အက်စ်အုပ်စုကို တိုက်ခိုက်နေတဲ့ အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦး နှုတ်ထွက်သွားပြန်ပါတယ်။
အိုင်အက်စ်တို့ကို နှိမ်နှင်းဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့ရဲ့ အမေရိကန်အထူး သံတမန်ဖြစ်သူ ဘာရစ်မက်ဂူအက်ဟာ ဖေဖော်ဝါရီလမတိုင်မီ ယခုလိုနှုတ်ထွက်သွားတာဖြစ်ပါတယ်။
ဆီးရီးယားကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ဒေါ်နယ်ထရန်က မကြေညာမီက ဆီးရီးယားရှိ အိုင်အက်စ်တွေကို အမေရိကန်က ဆက်လက်တိုက်ထုတ်သွားမှာဖြစ်တယ်လို့ မက်ဂူအက် အခိုင်အမာပြောဆိုခဲ့ပါတယ်။
၎င်းရဲ့ နှုတ်ထွက်မှုမှာ ကိစ္စထွေထွေထူးထူးကြောင့် မဟုတ်ဘူးလို့ သမ္မတဒေါ်နယ်ထရန့်ကတော့ ပြောဆိုထားပါတယ်။ ဒီဇင်ဘာ ၂၀ ရက်က အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျက်မက်တစ် နှုတ်ထွက်လိုက်ပြီးနောက် အခုလို မစ္စတာ မက်ဂူအက်ဖို့ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက် ထွက်ပေါ် လာတာဖြစ်ပါတယ်။
အာဖဂန်နစ္စတန်မှရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေလျှော့ချရေးအပါအ၀င် ဆီးရီးယားက တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်ကလည်း သဘောတူခြင်းမရှိပေ။ ဒီလို ရုပ်သိမ်းမယ့် သမ္မတထရန့်ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗြိတိန်အပါအ၀င် မဟာမိတ်တွေနဲ့ အမေရိကန် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ဝေဖန်မှုတွေလည်းထွက်ပေါ်နေပါတယ်။
Ref: BBC
Photo: AFP #VOICEOFMYANMAR #ဆီးရီးယား#အမေရိကန်အထူးသံတမန်တဦးရာထူးမှနှုတ်ထွက်