ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်​ဦး ​သေနတ်​ပစ်​ခံရပြီး​သေဆုံး

မြေပုံ၊ ဒီဇင်ဘာ ၂၅-၂၀၁၈
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်ဟာ မနေ့ညက သေနတ်နဲ့ပစ်သတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသူဦးခင်သန်းမောင်ဟာ မနေ့ညနေက မိမိနေအိမ်မှာ တစ်ဦးတည်းအိမ်စောင့်လျက် ဘောလုံးပွဲထိုင်ကြည့်နေစဉ် ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။
“ဘယ်သူတွေပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိဘူးဗျ ၊ ကျွန်တော်လည်း မနေ့က ရွာမှာဘိုးဘွားရိပ်သာဖွင့်ပွဲမှာ ဇာတ်ပွဲကိုရောက်နေတယ်၊ အခုလိုသေဆုံးနေတယ်ဆိုတာကို အကြောင်းကြားတော့မှ သိရတာ၊ ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ ၁၀ နာရီ ၁၀မိနစ်လောက်ရှိပါပြီ သူသေဆုံးနေပါပြီ ”လို့ ကြာအင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ရွှေက ပြောပါတယ်။
ပြီးခဲ့တဲ့ညက အခင်းဖြစ်ပွားချိန်မှာ ကျေးရွာအပြင်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဇာတ်ပွဲကလျက်ရှိနေပြီး ရွာလုံးကျွတ်ဇာတ်ပွဲ ကြည့်ရန်ရောက်ရှိနေပြီးတော့ သေဆုံးသူရဲ့မိသားစုတွေလည်း အဲဒီပွဲခင်းထဲကိုရောက်ရှိနေကြတာဖြစ်ပါတယ်။
“အစကတော့ ကျွန်တော်တို့က ဘာကြောင့်သေနေတယ်ဆိုတာကိမသိဘူး၊ ရဲတွေရောက်လာတော့မှ သူ့ကိုသေနတ်နဲ့ပစ် သတ်သွားတယ်ဆိုတာသိရတာပါ၊ သူသေနေတဲ့နေရာအနားကနေ ကျည်ခွံတစ်ခံနဲ့ ကျည်ဖူးတစ်ခုကို ရဲကရှာတွေ့ခဲ့ပါတယ်၊ ဒဏ်ရာကတော့ ဘယ်ဘက်နားထင်ကနေဝင်သွားတာ ညာဘက်နားထင်က ထွက်သွားတယ်”လို့ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြေကြားပါတယ်။
အလောင်းကို မင်းပြားဆေးရုံသို့ ညတွင်းချင်းပို့ဆောင်ခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ကာ ယနေ့နေ့လည်ပိုင်းမှာ ကြာအင်းတောင်ကျေးရွာသို့ ပြန်လည်ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။
ဦးခင်သန်းမောင်မှာ ယခင်က ရခိုင်အမျိုးသားပါတီမှာလုပ်ကိုင်ခဲ့ဖူးပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်အရွေးခံခဲ့သူဖြစ်ကာ လက်ရှိမှာတော့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ CEC တစ်ဦးဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
#voiceofmyanmar#ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ#ဗဟိုကော်မတီဝင်​သေနတ်​နဲ့ပစ်​သတ်​ခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW