အချစ်ရေးမှာ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်ဆိုတဲ့ ထွန်းထွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းပါ အားပေးမှုရထားတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ အချစ်ရေးမှာ တချို့ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်။ငယ်ငယ်တုန်းကတော့ ဂမူရှုးတိုးနဲ့ လုပ်ချင်တာ တွေ ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တည်ဆောက်နေတဲ့ မိသားစု၊ အဖေအမေပဲဖြစ်ဖြစ် တချို့ အတ္တကြီး ရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်၊ အမေတို့ကလည်း ပြောတယ် ကိုယ့်ဘ၀ကိုယ်​တည်​ဆောက်ရမှာ၊နင်အဆင်ပြေတာ နင်လုပ်ရမှာလို့ ပြောတယ်၊ ကျွန်တော် အဆင်ပြေဖို့ပဲ ကျွန်တော် ကြိုးစားရမှာ၊ ဒါကြောင့် ကိုယ့်မိသားစုကိုပဲပိုပြီး ကျစ်ကျစ်လစ် လစ်ဖြစ်အောင် နေထိုင်ဖြစ်ပါတယ်”လို့ဆိုပါတယ်။ ထွန်းထွန်းရဲ့အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာတော့ အိမ်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ် ခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း အဖွေားတွေဆီသွားပြီး တွေ့ဆုံကန်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြောက်ကြောက်ကြောက် ၂ ကိုရိုက်ကူးနေပြီးတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပပ၀တီစီရင်ခန်း ရုပ်ရှင်ကားရိုက်ကူးသွားဖို့…

Read More

ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

ရန်ကုန် ဒီဇင်ဘာ ၂၅-၂၀၁၈ သင်းသဒ္ဒါ(VOM) Sexy ဖက်ရှင်တွေကြောင့် ပရိသတ်စိတ်ဝင်စားခြင်းခံရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပွဲတက်ဌားရင် Sexy ဘက်သွားတဲ့ ပုံတွေပဲဌားကြတယ်လို့ ဆိုပါတယ်။ “သင်ဇာရဲ့ ဖက်ရှင်ဒီဇိုင်းကတော့ သူတို့ရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အဖြူလေးကိုဝတ်ပေး ပါးပါးလေးဝတ်ပေး ပေါ့၊ အဲဒါကြောင့် ဒီလိုမျိုးလေးဝတ်ဖြစ်တာပါ၊ ဘယ်လိုဝတ်ပေးဆိုပြီးတော့ သူတို့လိုချင်တာကို ပြောပြလာတယ်၊ ကိုယ့်အဆင်ပြေရင်တော့ လက်ခံပြီး တက်ပေးတာပေါ့”လို့ ဆိုပါတယ်။ ၂၀၁၈မှာတော့ သင်ဇာဝင့်ကျော်အနေနဲ့ ရုပ်ရှင်ကားတွေလည်း အများကြီး ရိုက်ထားသလို ဆိုင်ပွဲတွေ ၊ကြော်ငြာတွေလည်း အများကြီး ရိုက်ကူးလာရတယ်လို့ သိရပါတယ်။သူမအတွက် ကံကောင်းတဲ့ နှစ်​တစ်နှစ်လို့ သိရပါတယ်။ ” ဘာပဲဖြစ်ဖြစ် သင်ဇာကိုခေါ်ပေးတာ ဖိတ်ပေးတာကို အများကြီး ကျေးဇူးတင်ပါ တယ်၊ သူတို့က သင်ဇာရဲ့ ထမင်းရှင်လို့လည်း ပြောလို့ရပါတယ်”လို့ ဆိုပါတယ်။ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ “၂၀၁၉ မှာတော့ ဖက်ရှင်ကို…

Read More

အင်ဒိုနီးရှား ဆူနာမီကြောင့် သေဆုံးသူ ၄၀၀ကျော်အထိမြင့်တက်လာ

ဂျကာတာ၊ ဒီဇင်ဘာ ၂၅-၂၀၁၈ မျိုးဆက် (VOM) အင်ဒိုနီးရှားနိုင်ငံမှာ အန်နက်ကရာကာတူမီးတောင်ပေါက်ကွဲမှုကြောင့် ဆူနာမီဖြစ် ပွားပြီးနောက် သေဆုံးသူ အရေအတွက်ဟာ ၄၂၉ ဦးအထိတိုးမြင့်လာတယ်လို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ပြောပါတယ်။ ဒီဇင်ဘာ ၂၂ ရက်က ဆူမာတြားကျွန်းနဲ့ ဂျာဗားကျွန်းပေါ်ရှိ ကမ်းရိုးတန်းမြို့တွေကို ကြီးမားတဲ့ ဆူနာမီလှိုင်းတွေရိုတ်ခတ်ခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ပင်လယ်ကြမ်းပြင်မှာ မြေပြိုမှုများဖြစ်ပြီး အဆိုပါဆူနာမီလှိုင်းတွေ ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။ လူပေါင်း ၁၄၅၉ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ပြီး ၁၅၀ ဦးပျောက်ဆုံးနေဆဲဖြစ်ကာ လူဦးရေ ၁၆၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနျူ ဂရိုဟို ကပြောပါတယ်။ လက်ရှိမှာ ဆူနာမီဒါဏ်အဓိက ခံလိုက်ရတဲ့ ဒေသတွေမှာ လမ်းတွေပိတ်ဆို့နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေပြီး ပိတ်မိနေသူတွေကိုရှာဖွေဖို့အတွက် အကြီးစား ကယ်ဆယ်ရေးကိရိယာတွေ ပို့ဆောင်လျက်ရှိပါတယ်။ အဆိုပါဒေသမှာ နောက်ထပ်ဆူနာမီလှိုင်းတွေဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြပြီး…

Read More

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်​ဦး ​သေနတ်​ပစ်​ခံရပြီး​သေဆုံး

မြေပုံ၊ ဒီဇင်ဘာ ၂၅-၂၀၁၈ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဗဟိုကော်မတီဝင် ဦးခင်သန်းမောင်ဟာ မနေ့ညက သေနတ်နဲ့ပစ်သတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူဦးခင်သန်းမောင်ဟာ မနေ့ညနေက မိမိနေအိမ်မှာ တစ်ဦးတည်းအိမ်စောင့်လျက် ဘောလုံးပွဲထိုင်ကြည့်နေစဉ် ပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။ “ဘယ်သူတွေပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိဘူးဗျ ၊ ကျွန်တော်လည်း မနေ့က ရွာမှာဘိုးဘွားရိပ်သာဖွင့်ပွဲမှာ ဇာတ်ပွဲကိုရောက်နေတယ်၊ အခုလိုသေဆုံးနေတယ်ဆိုတာကို အကြောင်းကြားတော့မှ သိရတာ၊ ကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့ ၁၀ နာရီ ၁၀မိနစ်လောက်ရှိပါပြီ သူသေဆုံးနေပါပြီ ”လို့ ကြာအင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ခင်ရွှေက ပြောပါတယ်။ ပြီးခဲ့တဲ့ညက အခင်းဖြစ်ပွားချိန်မှာ ကျေးရွာအပြင်ဘက် နှစ်ဖာလုံခန့်အကွာမှာ ဇာတ်ပွဲကလျက်ရှိနေပြီး ရွာလုံးကျွတ်ဇာတ်ပွဲ ကြည့်ရန်ရောက်ရှိနေပြီးတော့ သေဆုံးသူရဲ့မိသားစုတွေလည်း အဲဒီပွဲခင်းထဲကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ “အစကတော့ ကျွန်တော်တို့က ဘာကြောင့်သေနေတယ်ဆိုတာကိမသိဘူး၊ ရဲတွေရောက်လာတော့မှ သူ့ကိုသေနတ်နဲ့ပစ် သတ်သွားတယ်ဆိုတာသိရတာပါ၊ သူသေနေတဲ့နေရာအနားကနေ ကျည်ခွံတစ်ခံနဲ့ ကျည်ဖူးတစ်ခုကို…

Read More

ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် စစ်ဘေးရှောင်တွေကို ရွာပြန်ခိုင်း

ကျောက်တော်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာ လေးရွာကို စစ်ဘေးရှောင်ပေါင်း ၁၀၀၀ ကျော်ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီစစ်ဘေးရှောင်းကျေးရွာသားတွေကို ဒေသတည်ငြိမ်နေပြီဖြစ်တဲ့အတွက် မိမိတို့ရဲ့ကျေးရွာတွေဆီကို ပြန်သွားကြဖို့ ဒီဇင်ဘာ ၂၄ ရက်နေ့က သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က လာပြောသွားတယ်လို့ ကန်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးကပြောပါတယ်။ “လောလောဆယ်မှာ တိုက်ပွဲတွေမဖြစ်တော့ဘူး။ အေးဆေးနေပြီ ရွာတွေကိုပြန်နေလို့ရပြီဆိုပြီးတော့ စစ်ဘေးရှောင်တွေကို ရွာပြကြဖို့ မနေ့ကလာပြောပါတယ်၊ကန်ဇောက်မှာရှိတဲ့ စစ်တပ်ကလာပြောသွားတာပါ ”လို့ ကန်ဇောက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသင်္ခါကျော်က ပြောပါတယ်။ လက်ရှိမှာတော့ ယိုချောင်းဖျားဒေသ ကန်ဇောက်ကျေးရွာအထက်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေဖြစ်တဲ့ သလူချောင်းနဲ့ ငစရိုင်းကိုင်းကျေးရွာတွေက စစ်ဘေးရှောင်တွေကို အကူအညီသွားပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ပင် ထားသေးတာဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေကို ရွာပြန်ခိုင်းနေတယ်ဆိုပေမယ့် အထက်ပိုင်းက ရွာတွေကိုတော့ ရိက္ခာပို့တဲ့အဖွဲ့တွေ သွားလာခွင့် မပေးသေးဘူး၊ စစ်ဘေးရှောင်တွေလည်း မနေ့ကအထိ ကျွန်တော်တို့ရွာကို ရောက်လာနေတုန်းပါပဲ၊ မနေ့က အိမ်ထောင်စု…

Read More

မြန်​မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးကြမ်းစက်ဘီးစီး စတင်

တမူး ဒီဇင်​ဘာ ၂၅-၂၀၁၈ မိုင်​ချယ်​ရီ(VOM) စစ်ကိုင်းတိုင်း တမူးမြို့နယ်က မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ကနေ တမူး-မော်လိုက်-ကလေးဝ-ကလေး-တမူး အထိ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးကြမ်းစက်ဘီးစီး တာကို ဒီဇင်​ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ကနေ စတင် စီးနှင်းနေကြပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသား ၇ ဦး မြန်မာနိုင်ငံသား ၂၀ ဦး စုစုပေါင်း ၂၇ ဦးပါဝင်တဲ့ စက်ဘီးစီးအဖွဲ့ဟာ ဆိုရင် (INDO-Mynmar Chindwin River Expedition Cycling Trekking & Motor ) ခေါင်းစဉ် နဲ့ စက်ဘီးစီးကြတာ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံဖက်က တမူးမြို့မှာ ရှိတဲ့ စက်ဘီးအဖွဲ့ နဲ့ ကလေးမြို့မှာ ရှိတဲ့ စက်ဘီးစီးအဖွဲ့​တွေပါဝင် စီးနင်းကြတာ ဖြစ်ပါတယ်။ “ပါဝင်စီးနင်းခွင့်ရတဲ့ အတွက် ကိုယ့်ရဲ့မြို့ ကိုယ့်ရဲ့နယ်အတွက်…

Read More

ရေမဆေးကျောက်ရှာသူတွေ တူးရင်းရတဲ့ ကျောင်စိမ်းအရိုင်း(၂)တုံးကို ရဲတပ်ဖွဲ့ကသိမ်းဆည်းပြီး နိုင်ငံတော်သို့ အပ်နှံ

ဖားကန့်၊ ဒီဇင်ဘာ ၂၅-၂၀၁၈ ဇော်မိုးထက် (VOM) ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသ လုံးခင်းရတနာနယ်မြေရှိ မြစ်ဆုံဧရာ ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီက နိုင်ငံတော်နဲ့အကျိုးတူ တူးဖော်နေတဲ့   ငိုးပင်း (၁၁) လုပ်ကွက်အတွင်းမှာ ဒီဇင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းက ရေမဆေးများရှာဖွေတွေ့ရှိတဲ့ ကျောက်စိမ်းအရိုင်းတုံး (၂) တုံးကို လုပ်ကွက် လုံခြုံရေးရဲတပ်ဖွဲ့က သိမ်းဆီးခဲ့တယ်လို့ ရေမဆေးကျောက် ရှာဖွေသူတွေကနေ သိရပါတယ် ။ ကျောက်စိမ်းအရိုင်တုံး (၂)တုံးမှာ အမဲရောင် အခွန်များဖြစ်ပြီး အလေးချိန် ( ၄၇၀) ကီလိုခန့်တတုံးနှင့် (၂၆၀) ကီလိုခန့်တတုံး ၊ (၂) တုံးပေါင်း အလေးချိန် ကီလို ခုနှစ်ရာကျော် ရှိတယ်လို့ ရေမဆေးကျောက် ရှာဖွေသူတွေက ပြောပါတယ်။ ကျောက်စိမ်းတုံးများကို လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက သိမ်းယူသွားမှုနဲ့ပတ်သက်ပြီး ရေမဆေးသမားများက မကျေနပ်သဖြင့် ရေမဆေးကျောက်ရှာဖွေသူ အင်အားတရာခန့်က လုံးခင်း ကျောက်စိမ်းတူးဖော်ရေးဌာန…

Read More
VOM News

FREE
VIEW