ရန်ကုန်၊ ဒီဇင်ဘာ ၂၅-၂၀၁၈
သင်းသဒ္ဒါ(VOM)
အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းပါ အားပေးမှုရထားတဲ့ အကယ်ဒမီ ထွန်းထွန်းကတော့ အချစ်ရေးမှာ တချို့ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်။ငယ်ငယ်တုန်းကတော့ ဂမူရှုးတိုးနဲ့ လုပ်ချင်တာ တွေ ဖြစ်ခဲ့ဘူးတယ်လို့ဆိုပါတယ်။
အချစ်ရေးနဲ့ပတ်သက်ပြီးတော့ “ကျွန်တော်တည်ဆောက်နေတဲ့ မိသားစု၊ အဖေအမေပဲဖြစ်ဖြစ် တချို့ အတ္တကြီး ရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်၊ အမေတို့ကလည်း ပြောတယ် ကိုယ့်ဘ၀ကိုယ်တည်ဆောက်ရမှာ၊နင်အဆင်ပြေတာ နင်လုပ်ရမှာလို့ ပြောတယ်၊ ကျွန်တော် အဆင်ပြေဖို့ပဲ ကျွန်တော် ကြိုးစားရမှာ၊ ဒါကြောင့် ကိုယ့်မိသားစုကိုပဲပိုပြီး ကျစ်ကျစ်လစ် လစ်ဖြစ်အောင် နေထိုင်ဖြစ်ပါတယ်”လို့ဆိုပါတယ်။
ထွန်းထွန်းရဲ့အသက် ၃၅ နှစ်ပြည့်မွေးနေ့မှာတော့ အိမ်မှာ ဘုန်းကြီးတွေကို ဆွမ်းကပ် ခဲ့တယ်လို့ သိရပါတယ်။ ညနေပိုင်းမှာလည်း အဖွေားတွေဆီသွားပြီး တွေ့ဆုံကန်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကြောက်ကြောက်ကြောက် ၂ ကိုရိုက်ကူးနေပြီးတော့ ၂၀၁၉ နှစ်ဆန်းပိုင်းမှာတော့ ပပ၀တီစီရင်ခန်း ရုပ်ရှင်ကားရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။
“ကျွန်တော်ရဲ့ ၂၀၁၈ နှစ်ကတော့ လေလည်းမတိုက်ဘူး၊ မိုးလည်း မရွာဘူး၊ တကယ်လို့ ကံရေပြင် တစ်ခု ဆိုရင်တော့ ငြိမ်နေပါတယ်၊ ကျွန်တော်ရဲ့ ဒီနှစ်ကတော့ ငြိမ်သက်နေပါတယ်၊၂၀၁၉ အတွက်လည်း အကောင်းဆုံးပြင်ဆင်နေပါတယ်၊မုန်းတိုင်းတော့ ဖြစ်မှာမဟုတ်ပါဘူး၊ ကောင်းသောလာခြင်းတွေဖြစ်ဖို့ ကြိုးစားနေပါတယ်”လို့ဆိုပါတယ်။
#voiceofmyanmar#အကယ်ဒမီထွန်းထွန်း#
ဓာတ်ပုံ – သင်းသဒ္ဒါ
အချစ်ရေးမှာ အတ္တကြီးရမယ့်အရာလေးတွေ ကြီးပစ်လိုက်ပါတယ်ဆိုတဲ့ ထွန်းထွန်း
