တမူး ဒီဇင်ဘာ ၂၅-၂၀၁၈
မိုင်ချယ်ရီ(VOM)
စစ်ကိုင်းတိုင်း တမူးမြို့နယ်က မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်ကနေ တမူး-မော်လိုက်-ကလေးဝ-ကလေး-တမူး အထိ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးကြမ်းစက်ဘီးစီး တာကို ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း ကနေ စတင် စီးနှင်းနေကြပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသား ၇ ဦး မြန်မာနိုင်ငံသား ၂၀ ဦး စုစုပေါင်း ၂၇ ဦးပါဝင်တဲ့ စက်ဘီးစီးအဖွဲ့ဟာ ဆိုရင် (INDO-Mynmar Chindwin River Expedition Cycling Trekking & Motor ) ခေါင်းစဉ် နဲ့ စက်ဘီးစီးကြတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ မြန်မာနိုင်ငံဖက်က တမူးမြို့မှာ ရှိတဲ့ စက်ဘီးအဖွဲ့ နဲ့ ကလေးမြို့မှာ ရှိတဲ့ စက်ဘီးစီးအဖွဲ့တွေပါဝင် စီးနင်းကြတာ ဖြစ်ပါတယ်။
“ပါဝင်စီးနင်းခွင့်ရတဲ့ အတွက် ကိုယ့်ရဲ့မြို့ ကိုယ့်ရဲ့နယ်အတွက် ဂုဏ်ယူတယ်။ပထမဆုံးအကြိမ် စီးဖူးတာ ဖြစ်တဲ့ အတွက်လည်း ပျော်လည်းပျော်ပါတယ်”လို့ စက်ဘီးစီးရာမှာ ပါဝင်တဲ့ တမူးမြို့က ကိုဖြိုးသီဟကျော် ပြောပါတယ်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး ၅ ရက် အကြာ စက်ဘီးစီးမယ့် ဒီခရီးစဉ်ဟာ ပထမအကြိမ်ဖြစ်ပြီး ခရီးစဉ် တစ်လျှောက်မှာ ရှိတဲ့ ကလေးမြို့နယ်က အထင်ကရ နေရာ ဖြစ်တဲ့ လက်ဆေးကန် ၊မော်လိုက်မြို့နယ်က အထင်ကရ နေရာ ဖြစ်တဲ့ ပျားစွဲ ဆင်စခန်း နဲ့ မော်လိုက်မြို့နဲ့ ကလေးဝမြို့အကြား ချင်းတွင်းမြစ်ကြောင်း တို့ကိုလည်း လေ့လာကြမှာ ဖြစ်ပါတယ်။
#voiceofmyanmar#မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေး#ခရီးကြမ်းစက်ဘီးစီးစတင်#
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးကြမ်းစက်ဘီးစီး စတင်
