လာဘ်စားမှုကြောင့် တရုတ်ထောက်လှမ်းရေးအကြီးအကဲဟောင်းကိုထောင်တစ်သက်တစ်ကျွန်းချ

ပေကျင်း၊ ဒီဇင်ဘာ ၂၈-၂၀၁၈
မျိုးဆက် (VOM)

တရုတ်နိုင်ငံ ထောက်လှမ်းရေးအကြီးအကဲဟောင်း မာဂျင်ရန်ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ လက်ပြောင်းလက်လွှဲလုပ်ကာ ရှယ်ယာဈေးကစားမှုအပါအ၀င် ရာဇ၀တ်မှုများအတွက် တရားရုံးက ထောင်ဒါဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။

၎င်းကို ၂၀၁၅ ခုနှစ်မှစ၍ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီး တစ်နှစ်အကြာမှာတော့ တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပယ်လိုက်ပါတယ်။ မာဂျင်ရန်ဟာ အပြစ်ရှိကြောင်းထွက်ဆိုခဲ့ပြီး အမှုအတွက် အယူခံဝင်တော့မှာ မဟုတ်ဘူးလို့ လျောင်နင်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ တရားရုံးက ထုတ်ပြန်ပါတယ်။

တစ်သက်တစ်ကျွန်းပြစ်ဒါဏ်ကျခံရတဲ့ မာဂျင်ရန်ဟာ နိုင်ငံရပ်ခြားနဲ့ တန်ပြန်ထောက်လှမ်း ရေးတွေလုပ်ဆောင်ရတဲ့ တရုတ်နိုင်ငံ နိုင်ငံလုံခြုံရေးဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီးတစ်ဦးဖြစ်ပါတယ်။

၎င်းလာဘ်ယူခဲ့တဲ့ ငွေတွေဟာ ပမာဏများစွာရှိပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားထိခိုက်စေသလို ၀န်ထမ်းတွေရဲက ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်လို့ တရားရုံးက ပြောပါတယ်။

တရုတ်နိုင်ငံမှာ သမ္မတ ရှီကျင်းပင်ရဲ့အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ် အရှိန်အဟုန်နဲ့ လုပ်ဆောင်နေရာမှာ အဆင့်မြင့်အရာရှိအမြောက်အများ ပြုတ်ကျခဲ့ပါတယ်။

#voiceofmyanmar#တရုတ်​​ထောက်​လှမ်း​ရေးအရာရှိ#လာဘ်​စားမှု​ကြောင့်​​ထောင်​တစ်​သက်​ကျ#
Ref : BBC
Photo: Reuter

Related posts

Leave a Comment

VOM News

FREE
VIEW