ကမ္ဘာအကြီးဆုံးဖြစ်သည့် စည်တော်ကြီး ကောင်းမှုတော်စေတီတွင် ထားရှိမည်

/အင်းတော် ဒီဇင်ဘာ ၃၀-၂၀၁၈
မိုင်​ချယ်​ရီ(VOM)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် လက်ပံကုန်ကျေးရွာမှာ ထွင်းထုခဲ့တဲ့ ကုက္ကိုလ်သားနဲ့  ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့မှာ ရှိတဲ့ ရာဇမဏိစူဠာ လုံးတော်ကြီး ကောင်းမှုတော် စေတီတော်မြတ်ကြီးမှာ ထားရှိမှာ ဖြစ်တယ်လို့  စစ်ကိုင်းတိုင်းဒေသကြီ အစိုးရအဖွဲ့ ကနေ သိရပါတယ်။

စည်တော်ကြီးကို ၂၀၁၈ ခုနှစ် မတ်လ ထဲကနေ စတင်ပြီးတော့ ဆရာပွဲ မြန်မာ့တူရိယာ အမျိုးမျိုးရောင်းဝယ်ရေး ကနေ ပြီးတော့ ထွင်းထုခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ အလုံးစုံ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ပြီးစီးခဲ့တဲ့ စည်တော် ထားရှိမဲ့​နေရာကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ တွေ့ဆုံပြီးနောက် မှာ စည်တော်ထားဖို့ နေရာကို သီတဂူဆရာတော် ဒေါက်တာအရှင် ဥာဏိဿရ ထံ ကနေ သြ၀ါဒခံယူရာမှ ဆရာတော်ကြီးက ကောင်းမှုတော်စေတီတော်မြတ်ကြီး မှာ ထားရှိဖို့ မိန့်ကြားခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ ဒီစည်တော်ကြီးကို ကောင်းမှုတော်စေတီမှာ ထားရှိတော့မှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ထံကနေ သိရပါတယ်။

ထားရှိမှာနဲ့ ပတ်သတ်လို့ စစ်ကိုင်းတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးများ အရေးဆိုင်းရာ ၀န်ကြီးဌာန ၀န်ကြီး ဒေါ်မွှေးမွှေးခင် က  “တပေါင်းလပြည့် မတိုင်ခင် ထားမယ်လို့တော့ သိထားတယ်” လို့ ပြောပါတယ်။

၂၀၁၉ ခုနှစ် မတ်လထဲမှာတော့ စည်တော်ကြီးကို အင်းတော်မြို့ကနေ စစ်ကိုင်းမြို့ကို သယ်ဆောင်မှာ ဖြစ်ပါတယ်။

စည်တော်ကြီးဟာ အလျား ၁၀ ပေ ၈ လက်မ နဲ့ တစ်ဖက်တစ်ချပ် ထိပ်ဝမျက်နှာပြင်ဟာ ၅ ပေ ၄ လက်မ ရှိပါတယ်။

ဒီစည်တော်ကြီးမှာ မြတ်စွာဘုရား ရဲ့ ၁၀၈ ကွက် ဗုဒ္ဓခြေတော်စက် လက္ခဏာ ကို နတ်သားလေးပါး က ပူဇော်နေဟန် ထွင်းထုထားပြီး စည်တော် ရဲ့ အတွင်း မျက်နှာပြင်ကို ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မှုခဲ့တဲ့ တရားဒေသနာတော်တွေကို ထည့်သွင်း ထွင်းထုထားတာ ဖြစ်ပါတယ်။

#voiceofmyanmar#ကမ္ဘာ့အကြီးဆုံးစည်​​တော်​ကြီး#

Related posts

Leave a Comment

VOM News

FREE
VIEW