ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးများတဲ့အတွက် လမ်းများပိတ်

ကျိုက်ထို/ ဒီဇင်ဘာ ၃၀-၂၀၁၈ စောပြည့်ချမ်းသာ (VOM) မွန်ပြည်နယ်၊ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ယနေ့ မှာ အနယ်နယ်အရပ်ရက်က ဘုရားဖူးလာပြည်သူတွေ များပြားတဲ့အတွက် နေရာအနှံ့လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ထံက သိရပါတယ်။ ဆံတော်ရှင် ကျိုက်ထီးရိုးရင်ပြင်တော် နဲ့ပြန်အဆင်းလမ်းမပေါ်ရှိ ရွှေနန်းကျင်နတ်နန်းကနေ ဟုန်းနတ်ဘိုးဘိုးကြီးနတ်နန်းအထိ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး တောင်တက်ကား အဆင်းဂိတ်အထိသွားရာလမ်းတလျှောက်မှာလမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ ”ဘုရားဖူးတွေ တအားများနေလို့အခု လိုက်ရှင်းနေရပါတယ်။ နေရာလည်း မရှိတော့ဘူး”ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်း ကပြောပါတယ်။ ”ဘုရားဖူးတွေ အချို့ အပေါ်မတက်ရဘဲ လှည့်ပြန်ရတဲ့ သူတွေ အများကြီးပဲ၊ဒီနေ့မှ ဖြစ်တာ ကျန်တဲ့ ရက်တွေက အဲလောက်မကြပ်ဘူး၊ အပေါ်တက်ဖူးလို့ မရတဲ့ အနေအထားတွေ ဖြစ်ပြီး ပြန်လှည့်ရသူတွေ ပြန်ရတယ်၊ ကျိုက်ထီးရိုးရဲ့ ဓလေ့အရ က ဒီဇင်ဘာဆို လူကြပ်နေကြပါပဲ ၊ ဒီဇင်ဘာ ပိတ်ရက် တောက်လျောက်ဆက်ပြီးဆို ဘုရားဖူးတွေက ကျတယ်၊…

Read More

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ ကာလအတွင်း မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေပိတ်ထားဖို့ အာဏာပိုင်တွေ အမိန့်ထုတ်

ဒါကာ၊ ဒီဇင်ဘာ ၃၀-၂၀၁၈ မျိုးဆက်( VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇင်ဘာ ၃၀ ရက်မှာ ကျင်းပနေတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပဋိပက္ခဖြစ်တာကြောင့် ကြောင့် လူ နှစ်ဦးထက်မနည်းသေဆုံးသွားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အရံအတားတွေ တည်ဆောက်ပြီး မဲရုံတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင် ခြောက်သောင်းကိုလည်း ဖြန့်ကြက်ချထားပါတယ်။ မတည်မငြိမ်ဖြစ်စေတဲ့ ကောလဟာလ ဖြန့်ဝေတာတွေကို ကာကွယ်ဖို့အတွက် ရွေးကောက်ပွဲပြီးစီးချိန်အထိ မြန်နှုန်းမြင့် အင်တာနက်လိုင်းတွေကို ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနားသည် တတိယသက်တမ်းပြန်လည်အရွေးကောက်ခံဖို့အတွက် တစ်ပြေးနေပြီး ၎င်းရဲ့ အဓိက အတိုက်အခံကတော့ ထောင်ကျနေတာဖြစ်ပါတယ်။ ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူနှစ်ဦးမှာ ၀န်ကြီးချုပ် ဟာစီနားရဲ့ အဝါမီအဖွဲ့ချုပ် မှတက်ကြွလှုပ်ရှားသူ တစ်ဦးနဲ့ အတိုက်အခံဘက်မှ လူတစ်ဦးတို့ဖြစ်ပါတယ်။ ရှိတ်ဟာဆီနားရဲ့ အ၀ါမီအဖွဲ့ချုပ်ဟာ ၂၀၀၉ ခုနှစ်ကတည်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ပွဲ ၀င်ခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ ယခင်ကတည်းက အဓိကပြိုင်ဘက် ခါလီဒါဇီယာကတော့…

Read More

အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရနောက် အကြမ်းဖက်သမား ၄၀ ဦးကို တစ်နေ့တည်း နှိမ်နင်း

ကိုင်ရို၊ဒီဇင်ဘာ ၃၀-၂၀၁၈ မျိုးဆက် (VOM) အီဂျစ်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားဘတ်စ်ကားတစ်စီးကို အကြမ်းဖက်အုပ်စုက ပစ်မှတ်ထားတိုက် ခိုက်ပြီးနောက် ဂီဇာနှင့် ဆီနိုင်းမြောက်ပိုင်းဒေသတို့ကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီးနှင်းတိုက်ခိုက်ပြီး အကြမ်းဖက်သမား ၄၀ ဦးကို နှိမ်နင်းလိုက်ပါတယ်။ အဆိုပါအကြမ်းဖက်သမားတွေဟာ နှစ်သစ်ကူးအားလပ်ရက်ကာလအတွင်း အီဂျစ်နိုင်ငံတစ်ဝန်း အကြမ်းဖက်မှုကျူးလွန်ဖို့ ကြံစည်နေတဲ့ စစ်သွေးကြွ သံသယရှိသူ တွေဖြစ်တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ ၎င်းတို့ကို အီဂျစ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟန့်တားနိုင်ခဲ့ပြီး နေရာသုံးခုကို တစ်ပြိုင်နက်စီးနှင်းရာမှာတော့ အကြမ်းဖက်သမား ၄၀ ဦးသေဆုံးခဲ့တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်က ပြောပါတယ်။ စစ်ဆင်ရေးနှစ်ခုကို ကမ္ဘာ့လှည့်ခရီးသွားများအကြား လူကြိုက်များတဲ့ ဂီဇာမှာ ပြုလုပ်ခဲ့ပြီး စစ်သွေးကြွး ၃၀ ဦးသေဆုံးသွားပါတယ်။ တတိယမြောက်စီးနင်းမှုကို ဆီနိုင်းဒေသ မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးအတွက် သေနတ်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း အမြောက်အမြား…

Read More

Santa Fe ကားတွေမှာ ကမ္ဘာ့ပထမဆုံး လက်ဗွေရာနဲ့ ကားစက်နိုးတဲ့ နည်းပညာထည့်သွင်းမယ့် ဟွန်ဒိုင်း

ဆိုးလ်၊ ဒီဇင်ဘာ ၃၀-၂၀၁၈ မျိုးဆက်(VOM) တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း ကုမ္ပဏီက နောက်ထပ်ထုတ်လုပ်မယ့် Santa Fe မော်တော်ကားတွေမှာ လက်ဗွေရာနဲ့ ကားစက်နှိုးနိုင်တဲ့ နည်းပညာကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ ဟွန်ဒိုင်း ကုမ္ပဏီဆိုပါတယ်။ ဒီစနစ်က ကားပိုင်ရှင်ရဲ့ လက်ချောင်းထိပ်က လျှပ်စစ်သံလိုက်လှိုင်း ပမာဏကို အာရုံခံမှတ်သားထားမှာဖြစ်ပြီး ကားတံခါးဖွင့်တာနဲ့ ကားစက်နှိုးတာတွေကို လက်ဗွေရာကို အသုံးပြုနိုင်မှာဖြစ်လို့ ကားခိုးယူခြင်း တွေကနေကာကွယ်နိုင်မှာလို့ ဆိုပါတယ်။ ဒီနည်းပညာကို အသုံးပြုထားတဲ့ ကားတွေမှာ ပိုင်ရှင်မဟုတ်သူက လက်ဗွေရာအတုနဲ့ ဖွင့်ဖို့ဆိုတာ အကြိမ် ငါးသောင်းမှာ တစ်ကြိမ်သာ အောင်မြင်နိုင်တယ်လို့လည်း ဟွန်ဒိုင်း ကုမ္ပဏီက ပြောပါတယ်။ အဆိုပါ Santa Fe ကား​တွေကို ၂၀၁၉ ခုနှစ် ပထမသုံးလပတ်ကစပြီး တရုတ်နိုင်ငံမှာ အကန့်အသတ်နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး အနာဂါတ် မော်တော်ကားတွေမှာ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု တွေဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဟွန်ဒိုင်းကုမ္ပဏီရဲ့…

Read More

ချယ်ဆီးအသင်းနဲ့ အနာဂါတ်ကို အမြန်ဆုံး ဆုံးဖြတ်ဖို့ ဟာဇက်ကို နည်းပြဆာရီတိုက်တွန်း

လန်ဒန်၊ ဒီဇင်ဘာ ၃၀-၂၀၁၈ ရန်နိုင်ထွန်း (VOM) ယခုနှစ် ပရီးမီးယားလိဂ်ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့ ချိန်ဆနေတဲ့ ချယ်ဆီးတိုက်စစ်မှူး ဟာဇက်ကို အသင်းနဲ့ အနာဂါတ်အတွက် အမြန်ဆုံး ဆုံးဖြတ်သွားဖို့ နည်းပြဖြစ်သူ ဆာရီက တိုက်တွန်းလိုက်ပါတယ်။ ချယ်ဆီးအသင်းနဲ့ တစ်နှစ်ခွဲစာချုပ်သက်တမ်းရှိနေသေးတဲ့ တိုက်စစ်မှူး ဟာဇက်ကတော့ ယခုနှစ်ရာသီကုန်မှသာ အသင်းနဲ့ အနာဂါတ်ကို ဆုံးဖြတ်မယ်လို့ပြောဆိုထားပြီး ရီရဲလ်မက်ဒရစ် အသင်းနဲ့က ခေါ်ယူသွားမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ လက်ရှိအချိန်က အသင်းနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဟာဇက်အနေနဲ့ ဆုံးဖြတ်ရမယ်အချိန်ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ ဆာရီက ဟာဇက်ကို တိုက်တွန်းထားပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးမှာ ဝက်ဖို့ဒ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ကာ ချယ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦး ဖြစ်လိုတယ်လို့လည်း ပြောဆိုခဲ့သူဖြစ်ပါတယ်။ ချယ်ဆီးနည်းပြ…

Read More

ကမ္ဘာအကြီးဆုံးဖြစ်သည့် စည်တော်ကြီး ကောင်းမှုတော်စေတီတွင် ထားရှိမည်

/အင်းတော် ဒီဇင်ဘာ ၃၀-၂၀၁၈ မိုင်​ချယ်​ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် လက်ပံကုန်ကျေးရွာမှာ ထွင်းထုခဲ့တဲ့ ကုက္ကိုလ်သားနဲ့  ပြုလုပ်ထားတဲ့ ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို စစ်ကိုင်းမြို့မှာ ရှိတဲ့ ရာဇမဏိစူဠာ လုံးတော်ကြီး ကောင်းမှုတော် စေတီတော်မြတ်ကြီးမှာ ထားရှိမှာ ဖြစ်တယ်လို့  စစ်ကိုင်းတိုင်းဒေသကြီ အစိုးရအဖွဲ့ ကနေ သိရပါတယ်။ စည်တော်ကြီးကို ၂၀၁၈ ခုနှစ် မတ်လ ထဲကနေ စတင်ပြီးတော့ ဆရာပွဲ မြန်မာ့တူရိယာ အမျိုးမျိုးရောင်းဝယ်ရေး ကနေ ပြီးတော့ ထွင်းထုခဲ့ပြီးတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ အလုံးစုံ ပြီးစီးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ပြီးစီးခဲ့တဲ့ စည်တော် ထားရှိမဲ့​နေရာကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ နဲ့ တွေ့ဆုံပြီးနောက် မှာ စည်တော်ထားဖို့ နေရာကို သီတဂူဆရာတော် ဒေါက်တာအရှင် ဥာဏိဿရ ထံ ကနေ သြ၀ါဒခံယူရာမှ ဆရာတော်ကြီးက…

Read More
VOM News

FREE
VIEW