ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးများတဲ့အတွက် လမ်းများပိတ်

ကျိုက်ထို/ ဒီဇင်ဘာ ၃၀-၂၀၁၈
စောပြည့်ချမ်းသာ (VOM)

မွန်ပြည်နယ်၊ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ယနေ့ မှာ အနယ်နယ်အရပ်ရက်က ဘုရားဖူးလာပြည်သူတွေ များပြားတဲ့အတွက် နေရာအနှံ့လမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်လျက်ရှိတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ထံက သိရပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးရင်ပြင်တော် နဲ့ပြန်အဆင်းလမ်းမပေါ်ရှိ ရွှေနန်းကျင်နတ်နန်းကနေ ဟုန်းနတ်ဘိုးဘိုးကြီးနတ်နန်းအထိ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး တောင်တက်ကား အဆင်းဂိတ်အထိသွားရာလမ်းတလျှောက်မှာလမ်းပိတ်ဆို့မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။

”ဘုရားဖူးတွေ တအားများနေလို့အခု လိုက်ရှင်းနေရပါတယ်။ နေရာလည်း မရှိတော့ဘူး”ဟု ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဝင် ဦးအေးမြင့်သိန်း ကပြောပါတယ်။

”ဘုရားဖူးတွေ အချို့ အပေါ်မတက်ရဘဲ လှည့်ပြန်ရတဲ့ သူတွေ အများကြီးပဲ၊ဒီနေ့မှ ဖြစ်တာ ကျန်တဲ့ ရက်တွေက အဲလောက်မကြပ်ဘူး၊ အပေါ်တက်ဖူးလို့ မရတဲ့ အနေအထားတွေ ဖြစ်ပြီး ပြန်လှည့်ရသူတွေ ပြန်ရတယ်၊ ကျိုက်ထီးရိုးရဲ့ ဓလေ့အရ က ဒီဇင်ဘာဆို လူကြပ်နေကြပါပဲ ၊ ဒီဇင်ဘာ ပိတ်ရက် တောက်လျောက်ဆက်ပြီးဆို ဘုရားဖူးတွေက ကျတယ်၊ ဒါပေမဲ့ ရှေ့ ပိတ်ရက်မှာ မကျဘဲနဲ့ ဒီနေမှာ ကျတာ ဒါတိုင်းဆို ၉ ရက်ပိတ် ၉ ရက်စလုံး ဘုရားဖူးတွေ ကျတယ် “ဟု ကျိုက်ထိုမြို့နယ် ၊ကင်မွန်းချောင်းဒေသခံ ကိုစိုးကိုကိုချစ်က ပါတယ်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော်ဟာ နှစ်စဉ် မိုးလေ ကင်း လွတ်တဲ့အောက်တိုဘာလ ကနေ မေလ အထိ ကျင်းပပြီး နှစ်စဉ်ဒေသအတွင်းခရီးသွား သိန်းချီဝင် ရောက် သော ခရီးစဉ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar#ကျိုက်ထီးရိုးစေတီတော်#ဘုရားဖူးများတဲ့အတွက်လမ်းများပိတ်#
Photo-Myint Thein Tun

Related posts

Leave a Comment

VOM News

FREE
VIEW