Santa Fe ကားတွေမှာ ကမ္ဘာ့ပထမဆုံး လက်ဗွေရာနဲ့ ကားစက်နိုးတဲ့ နည်းပညာထည့်သွင်းမယ့် ဟွန်ဒိုင်း

ဆိုးလ်၊ ဒီဇင်ဘာ ၃၀-၂၀၁၈
မျိုးဆက်(VOM)

တောင်ကိုရီးယားအခြေစိုက် ဟွန်ဒိုင်း ကုမ္ပဏီက နောက်ထပ်ထုတ်လုပ်မယ့် Santa Fe မော်တော်ကားတွေမှာ လက်ဗွေရာနဲ့ ကားစက်နှိုးနိုင်တဲ့ နည်းပညာကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ ဟွန်ဒိုင်း ကုမ္ပဏီဆိုပါတယ်။

ဒီစနစ်က ကားပိုင်ရှင်ရဲ့ လက်ချောင်းထိပ်က လျှပ်စစ်သံလိုက်လှိုင်း ပမာဏကို အာရုံခံမှတ်သားထားမှာဖြစ်ပြီး ကားတံခါးဖွင့်တာနဲ့ ကားစက်နှိုးတာတွေကို လက်ဗွေရာကို အသုံးပြုနိုင်မှာဖြစ်လို့ ကားခိုးယူခြင်း တွေကနေကာကွယ်နိုင်မှာလို့ ဆိုပါတယ်။

ဒီနည်းပညာကို အသုံးပြုထားတဲ့ ကားတွေမှာ ပိုင်ရှင်မဟုတ်သူက လက်ဗွေရာအတုနဲ့ ဖွင့်ဖို့ဆိုတာ အကြိမ် ငါးသောင်းမှာ တစ်ကြိမ်သာ အောင်မြင်နိုင်တယ်လို့လည်း ဟွန်ဒိုင်း ကုမ္ပဏီက ပြောပါတယ်။

အဆိုပါ Santa Fe ကား​တွေကို ၂၀၁၉ ခုနှစ် ပထမသုံးလပတ်ကစပြီး တရုတ်နိုင်ငံမှာ အကန့်အသတ်နဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး အနာဂါတ် မော်တော်ကားတွေမှာ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု တွေဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဟွန်ဒိုင်းကုမ္ပဏီရဲ့ သုတေသနနဲ့ ဖွံ့ဖြိုရေးဌာန ဥက္ကဌ အဲလ်ဘတ်ဘီရားမန်းက ပြောပါတယ်။

လက်ရှိမှာတော့ အဆင့်မြင့်လက်ဗွေရာလုံခြုံရေးစနစ်ကို စမတ်ဖုန်းတွေမှာသာ တွင်ကျယ်စွာအသုံးပြုနေကြပြီး မော်တော်ကားတွေမှာ ဒီလုံခြုံရေးစနစ်ကို ဟွန်ဒိုင်းက မထမဆုံးအသုံးပြုတာဟာ ကမ္ဘာပေါ်မှာ ပထမဆုံးဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

#voiceofmyanmar#လက်​​ဗွေရာစနစ်​သုံးမယ့်​#ဟွန်​ဒိုင်း#
Ref: UPI
Photo : Hyundai

Related posts

✕
VOM News

FREE
VIEW