ချယ်ဆီးအသင်းနဲ့ အနာဂါတ်ကို အမြန်ဆုံး ဆုံးဖြတ်ဖို့ ဟာဇက်ကို နည်းပြဆာရီတိုက်တွန်း

လန်ဒန်၊ ဒီဇင်ဘာ ၃၀-၂၀၁၈
ရန်နိုင်ထွန်း (VOM)

ယခုနှစ် ပရီးမီးယားလိဂ်ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့ ချိန်ဆနေတဲ့ ချယ်ဆီးတိုက်စစ်မှူး ဟာဇက်ကို အသင်းနဲ့ အနာဂါတ်အတွက် အမြန်ဆုံး ဆုံးဖြတ်သွားဖို့ နည်းပြဖြစ်သူ ဆာရီက တိုက်တွန်းလိုက်ပါတယ်။

ချယ်ဆီးအသင်းနဲ့ တစ်နှစ်ခွဲစာချုပ်သက်တမ်းရှိနေသေးတဲ့ တိုက်စစ်မှူး ဟာဇက်ကတော့ ယခုနှစ်ရာသီကုန်မှသာ အသင်းနဲ့ အနာဂါတ်ကို ဆုံးဖြတ်မယ်လို့ပြောဆိုထားပြီး ရီရဲလ်မက်ဒရစ် အသင်းနဲ့က ခေါ်ယူသွားမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လက်ရှိအချိန်က အသင်းနဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး ဟာဇက်အနေနဲ့ ဆုံးဖြတ်ရမယ်အချိန်ဖြစ်တယ်လို့ ချယ်ဆီးနည်းပြ ဆာရီက ဟာဇက်ကို တိုက်တွန်းထားပါတယ်။

ဟာဇက်ဟာ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးမှာ ဝက်ဖို့ဒ်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ယခုနှစ်ပရီးမီးယားလိဂ်ရာသီမှာ ၁၉ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ကာ ချယ်ဆီးအသင်းရဲ့ ဂန္တ၀င်ကစားသမားတစ်ဦး ဖြစ်လိုတယ်လို့လည်း ပြောဆိုခဲ့သူဖြစ်ပါတယ်။

ချယ်ဆီးနည်းပြ ဆာရီအနေဖြင့် ဟာဇက်ကို ဗဟိုတိုက်စစ်နေရာမှာ ထည့်သွင်းအသုံးပြုပြီး ယင်းနေရာကစားရတာထက် ယခင်ကစားနေကျ တောင်ပံတိုက်စစ်နေရာမှာ ကစားရတာကို ပိုမိုနှစ်သက်တယ်လို့ ဟာဇက်က ဖွင့်ဟာပြောဆိုထားပါတယ်။

#voiceofmyanmar#ချယ်​ဆီးအသင်း#
Ref: Reuter
Photo :Reuter

Related posts

✕
VOM News

FREE
VIEW