ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့သင်္ဘော မြေထဲပင်လယ်မှာတိမ်းမှောက်၊ လူ ၁၇၀ သေဆုံးဖွယ်ရှိ

ဂျီနီဗာ ၊ ဇန်နဝါရီ-၂၀

မျိုးဆက် (VOM)

မြေထဲပင်လယ်အတွင်း  ဇန်န၀ါရီ ၁၈ ရက်က သင်္ဘောပျက်ပျက်ပြီးတိမ်းမှောက်သွားတာကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၇၀ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

လစ်ဗျားကမ်းလွန်မှာ  လူပေါင်း ၁၁၇ ဦးလိုက်ပါလာတဲ့ သင်္ဘောတစ်စင်းနစ်မြုပ်သွားတာဖြစ်ပြီး  အီတလီရေတပ်က ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေချိန်မှာ အနောက်ဘက်မြေထဲပင်လယ်အတွင်း အခြားသင်္ဘောတစ်စင်းကို မော်ရိုကိုနဲ့ စပိန်အာဏာပိုင်တွေက ရှာဖွေနေကြပါတယ်။

လိုက်ပါလာသူအများစုဟာ အနောက်အာဖရိက အများဆုံးဖြစ်ပြီး သေဆုံးသူသုံးဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သေဆုံးသူစာရင်းကို  အခိုင်အမာ စစ်ဆေး အတည်ပြုတာမရှိသေးပါဘူး။ ၂၀၁၈ခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြတဲ့   လူပေါင်း ၂၂၀၀ ကျော်ဟာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ဥရောပနိုင်ငံတွေသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရင်း သေဆုံးသူ လူဦးရေမြင့်တက်လာတာကို  မိမိတို့အနေနဲ့ မျက်ကွယ်ပြုမထားနိုင်ဘူးလို့  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရမ်ဒီက ပြောပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ ပထမဆုံး ၁၆ ရက်တာကာလအတွင်းမှာဘဲ မြေထဲပင်လယ်မှတစ်ဆင့် ဥရောပကို သွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူ ၄၂၁၆ ဦးရှိတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများအဖွဲ့က ပြောပါတယ်။

Ref : RT/ BBC

Photo : AFP

#voiceofmyanmar#မြေထဲပင်လယ်မှာသဘောင်္မှောက်

Related posts

Leave a Comment

VOM News

FREE
VIEW