ရပ်ကွက်အုပ်ချုပ်ရေးမှုး ပြောင်းလဲခန့်အပ်တဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြ

မုံရွာ ဇန်နဝါရီ ၂၀-၂၀၁၉ ဓါတ်ပုံ အောင်နေမျိုး စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးတာမှာ မဲနဲ့အနိုင်ရခဲ့တဲ့ အုပ်ချုပ်ရေးမှုးကို ဖယ်ရှားပြီး မဲရှုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးလောင်းကို မြို့နယ်ထွေအုပ်ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြန်လည်ပြောင်းလဲပြီး ခန့်အပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေက မကျေနပ်တာကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက အင်အား ၂၅၀ ကျော်နဲ့ မြို့ထဲလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

Read More

ကိုယ့်အားနည်းချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်ဆိုတဲ့ လုလုအောင်

ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ(VOM) Sexy ပုံတွေကြောင့် ပရိသတ်ဝင်စားခြင်းခံရတဲ့ မော်ဒယ်လ် လုလုအောင်ကတော့ ကိုယ့်အားနည်း ချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်လို့ ဆိုပါတယ်။ အချစ်ရေးပတ်သက်ရင် “လုက အခုကတော့ တစ်ယောက်တည်းပါပဲ။ ရွေးမယ်ဆိုရင်တော့ ကိုယ့်ကိုမြတ်နိုး တန်ဖိုးထားတဲ့ သူ ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ချစ်ပေးတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။ လုရဲ့ အားနည်းချက်ကတော့ အပျိုမလေး မဟုတ်ဘူး။ ကလေးအမေလည်း ဖြစ်တယ်။ အဲဒါတွေကို နားလည်ပေးမဲ့ သူပေါ့”လို့ဆိုပါတယ်။ သူမကတော့ လတ်တလောမှာ ဖိတ်ကြားထားတဲ့ ပွဲတွေကို ကမ်းလှမ်းထာတဲ့ ဖက်ရှင်အတိုင်း ၀တ်ဆင် တက်ရောက်ဖြစ်ပြီးတော့  တစ်ယောက်ထဲ ဆိုပေမယ့် လု ဘ၀က ပုံမှန်ပါပဲလို့ သိရပါတယ်။ သမီးဖြစ်တဲ့ သူကို တော့ ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်လို့လည်း သိရပါတယ်။ အနုပညာ ပတ်သတ်ပြီးတော့ မော် ဒယ်လ်တစ်ယောက်အဖြစ်နဲ့ ပဲ…

Read More

ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာတဲ့သင်္ဘော မြေထဲပင်လယ်မှာတိမ်းမှောက်၊ လူ ၁၇၀ သေဆုံးဖွယ်ရှိ

ဂျီနီဗာ ၊ ဇန်နဝါရီ-၂၀ မျိုးဆက် (VOM) မြေထဲပင်လယ်အတွင်း  ဇန်န၀ါရီ ၁၈ ရက်က သင်္ဘောပျက်ပျက်ပြီးတိမ်းမှောက်သွားတာကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၁၇၀ သေဆုံးနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ လစ်ဗျားကမ်းလွန်မှာ  လူပေါင်း ၁၁၇ ဦးလိုက်ပါလာတဲ့ သင်္ဘောတစ်စင်းနစ်မြုပ်သွားတာဖြစ်ပြီး  အီတလီရေတပ်က ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်နေချိန်မှာ အနောက်ဘက်မြေထဲပင်လယ်အတွင်း အခြားသင်္ဘောတစ်စင်းကို မော်ရိုကိုနဲ့ စပိန်အာဏာပိုင်တွေက ရှာဖွေနေကြပါတယ်။ လိုက်ပါလာသူအများစုဟာ အနောက်အာဖရိက အများဆုံးဖြစ်ပြီး သေဆုံးသူသုံးဦးရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သေဆုံးသူစာရင်းကို  အခိုင်အမာ စစ်ဆေး အတည်ပြုတာမရှိသေးပါဘူး။ ၂၀၁၈ခုနှစ်အတွင်း မြေထဲပင်လယ်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြတဲ့   လူပေါင်း ၂၂၀၀ ကျော်ဟာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ ဥရောပနိုင်ငံတွေသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရင်း သေဆုံးသူ လူဦးရေမြင့်တက်လာတာကို  မိမိတို့အနေနဲ့ မျက်ကွယ်ပြုမထားနိုင်ဘူးလို့ …

Read More

အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်တဲ့ နေတိုး

ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ် အချစ်တော် အကယ်ဒမီ နေတိုးကတော့ အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်ပါ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံတွင် အမေများနေ့ ပြာသိုလပြည့်အမေများနေ့ ပတ်သက်ပြီးတော့ “အမေများနေ့အတွက် အမှတ်တရဆိုရင် လူသားတိုင်းလူသားတိုင်းကတော့ မိခင်ကမွေးဖွားလာတယ်။ အဖေ အမေ ဆိုတာ ဘုရားနဲ့ တစ်ကိုင်းထဲထားတဲ့အရာလည်းဖြစ်သလို မိဘကြောင့် သားသမီးဆိုတာ ဖြစ်လာ တာပါ။ ကျွန်တော်တို့ အမေများနေ့ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ရင်ထဲမှာ မေတ္တာတရားတွေနဲ့ ပြည့်နေတဲ့ နေ့တစ်နေ့လို့လည်း သုံးသပ်မိပါတယ်။ကိုယ့်တိုင်ကလည်း အမေရဲ့စောက်ရှောင့်မှု ၊အမေရဲ့ နွေးထွေးမှု အောက်မှာ ရှိနေသေး တယ်။မိဘကိုလည်း ပြုစုစောက်ရှောင့်ခွင့်ရှိတဲ့ အချိန်အနေအထားတစ်ခုမှာ ရှိလို့ကျေနပ် မိပါတယ်။ အဓိက တော့ အမှတ်တရဆိုတာထက် ကျွန်တော်ဖြစ်တည်လာတာ ဒီအဖေနဲ့ အမေကြောင့်ပါ။ အမှတ်တရ လည်း ထွေ ထွေထူးထူးမရှိပါဘူး။ မိဘတွေအပေါ်မှာ…

Read More

ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲကိုပြည်မြို့တွင်ကျင်းပ

ပြည် ဇန်နဝါရီ ၂၀-၂၀၁၉ လမင်း (ပြည် VOM)   ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်က ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲ နှင့်အတူ ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။   ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ပြည်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စုရပ်ထားပြီးကျင်းပပြုလုပ်ခဲ့ကာ မနက် ၅ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့မှတာလွတ်၍ လမ်းရှည်လမ်း ၊ လမ်းမတော်လမ်း ၊ ဗိုလ်ချုပ်လမ်း ၊ တာဂွထိ စီးနင်းခဲ့ကြပြီး တာဂွမှတစ်ဆင့် စတင်ထွက်ခွာရာလမ်းကြောင်းအတိုင်းပြန်လည်ပန်းဝင်ခဲ့ပါတယ်။   လူထုစက်ဘီးစီးပြိုင်ပွဲကို မနက် ၆ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့၌စတင်တာလွှတ်ခဲ့ပြီး ထိုမှတဆင့် လမ်းရှည်လမ်း ၊ နဝင်းလမ်း ၊ ဇရစ်ချောင်လမ်း ၊ အောင်လံ – ပြည်လမ်းမကြီး ၊ ဗိုလ်ချုပ်လမ်း…

Read More

ပုဏ္ဏားကျွန်းမြို့နယ် သြရမတောင်တန်းတစ်လျှောက် တိုက်ပွဲများပြင်းထန်

ပုဏ္ဏားကျွန်း၊ ဇန်နဝါရီ ၂၀-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် သြရမတောင်တန်းတလျှောက်မှာ ဒီကနေ့မနက်ပိုင်းပိုင် ၉ နာရီခွဲကျော်ခန့််လောက်က စတင်ပြီးတော့ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပါတယ်။ အဲဒီတိုက်ပွဲဖြစ်ပွားမှုဟာ မြန်မာ့တပ်မတော်နဲ့ AA တို့အာကားဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ဖြစ်နိုင်ကြောင်းနဲ့ လက်ရှိဖြစ်ပွားနေတတဲ့နေရာမှာ ယခင်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ တောဖျားချောင်းဒေသဖြစ်ပြီး အနီးအားကျေးရွာတွေကနေ ပစ်ခတ်သံတွေကို အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်လို့ သက္ကိုင်းတောင်အုပ်ချုပ်ရေးမှူးကတော့“တိုက်ပွဲဖြစ်တာကတော့ ၁၀ နာရီဝန်းကျင်လောက်မှာ စပြီးအသံတွေကြားနေရပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်သံတွေလည်း ကြားရပါတယ်။ ကျွန်တော်တို့ရွာနဲ့တော့ လေးမိုင်လောက်ဝေးတဲ့ရောမှာဖြစ်နေကြတာပါ”လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာနဲ့ အနီးအနားဖြစ်တဲ့ တောဖျေားချောင်းဒေသမှာ ကျေးရွာတွေအများအပြားရှိနေပြီး ဒေသခံကျေးရွာသားတွေ စိုးရိမ်ကြောက်ရွံ့မှုတွေရှိနေကြတာဖြစ်ပါတယ်။ “အထက်ပိုင်းမှာတော့ ရွာတွေအများကြီးရှိနေပါတယ်။ ဆင်သေ၊ သြရမ၊ ချောင်းပေါက်၊ ဝမ်ဖက် ကျေးရွာတွေရှိနေပါတယ်။ ဒေသခံတွေကတော့ စိုးရိမ်နေကြတာပေါ့။ အခြေအနေမကောင်းလို့ရှိရင် ရှောင်သင့်လည်းရှောင်ရမှာပေါ့”လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိမိတို့ရဲ့ကျေးရွာတွေမှာမနေရဲကြဘဲ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်းသားစစ်ဘေးရှောင်တွေ…

Read More

” ဆေး “သီချင်းကြောင့် ငယ်မူပြန်ရမလိုဖြစ်နေတဲ့ကော်နီ

ရန်ကုန် ဇန်နဝါရီ ၂၀- ၂၀၁၉ သင်းသဒ္ဒါ (VOM) ဂီတသက်တမ်း နှစ် ၃၀လောက် ပရိသတ်ကို အသံအားပြင်းပြင်းနဲ့ ဆွဲဆောင်ခဲ့တဲ့ ကော်နီကတော့ ဆေးသီချင်းကြောင့် ငယ်မူပြန်ရမလိုဖြစ်နေတယ် လို့ ဆိုပါတယ်။ ”ခုချိန်မှ ဆေး သီချင်းကြောင့် မကော်အသစ် တဖန်ငယ်မူပြန်ရမလိုဖြစ်နေတယ်၊ အမှန်တော့ မကော်က ကိုယ်ကိုကိုယ်အဖွားကြီးဖြစ်နေပြီလို့ ထင်ထားတာပါ။စိတ်နှလုံးကိုလည်း ဒုံးဒုံးချထားတယ်။ ဒီဆေး သီချင်းကို ပေါက်မယ်လို့လည်း မထင်ခဲ့ဘူး ။ကိုယ့် ပရိသတ်တွေ ငါ့ကို လွမ်းနေပါလားလို့ ခံစားမိတယ်။စိတ်နဲ့ခွန်းအားတွေထပ်ရလာတယ် ။ ငါ့ဒါထက် ပရိသတ်တွေ ပေးဆပ်ပြီးတော့ ကြိုးစားရဦးမယ် လို့ တွေးမိတယ်။ ဒီသီချင်းက ဝေကြီးရဲ့ ဝှက်ဖဲ လေးလို့ မကော်ထင်ပါတယ်”လို့ဆိုပါတယ်။ သူမကတော့ ဆေးသီချင်း သရုပ်ဆောင်တဲ့ ပတ်သက်ပြီးတော့ မကော် အိပ်ရေး ပျက်နေတဲ့တွင် အချိန်တွင် ရိုက်ကူးထားတာဖြစ်ပြီးတော့ မုဒ်ကကောင်းတာတော့ မဟုတ်ပါဘူး။ လူကနည်းနည်း…

Read More

ရပ်ကွက်အုပ်ချုပ်ရေးမှုး ပြောင်းလဲခန့်အပ်တဲ့အပေါ် မကျေနပ်လို့ ဆန္ဒပြ

မုံရွာ ဇန်နဝါရီ ၂၀-၂၀၁၉ ဗျဂ္ဃ (VOM) ဓါတ်ပုံ အောင်နေမျိုး စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးတာမှာ မဲနဲ့အနိုင်ရခဲ့တဲ့ အုပ်ချုပ်ရေးမှုးကို ဖယ်ရှားပြီး မဲရှုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူးလောင်းကို မြို့နယ်ထွေအုပ်ကနေ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြန်လည်ပြောင်းလဲပြီး ခန့်အပ်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတွေက မကျေနပ်တာကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက အင်အား ၂၅၀ ကျော်နဲ့ မြို့ထဲလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။         “ဒီမိုကရေစီနည်းလမ်းအတိုင်းမဟုတ်ဘဲ အာဏာရှင်ဆန်ဆန် အမိန့်ပေးပြီးတော့ ဖြုတ်ချတဲ့ ကိစ္စအတွက်ကတော့ ဒီအမိန့်ထုတ်တဲ့သူအားလုံးကို မကျေနပ်ဘူး။ အများဆန္ဒနဲ့ရွေးထားတဲ့ ဦးကျော်ရွှေကို အာဏာရှင်ဆန်ဆန် ဖြုတ်ချတယ်။ ရှုံးထားတဲ့ ဦးအောင်ဆန်းလင်းကို ခန့်အပ်တယ်။ ဒါဒီမိုကရေစီကို ပျက်စီးအောင် လုပ်တာပါပဲ။”လို့ ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ဒေါ်နုက ပြောပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှုးကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ…

Read More

လေးနှစ်အတွင်း မိုးပျံတက္ကစီဝန်ဆောင်မှုပေးတော့ မယ့် Uber

ဝါရှင်တန်၊ ဇန်နဝါရီ-၂၀ မျိုးဆက် (VOM) ခရီးသည်ပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ Uber ကတော့ လာမယ့် လေးနှစ်အတွင်းမှာ မိုးပျံ တက္ကစီ ၀န်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အဆိုပါ လျှပ်စစ် မိုးပျံတက္ကဆီဟာ တစ်နာရီိကို မိုင် ၁၅၀ နဲ့ ၂၀၀ အကြားပျံသန်းနိုင်မှာဖြစ်ပါတယ်။ ခရီးသည်တွေအနေနဲ့ စမတ်ဖုန်းအပလီကေးရှင်းကိုအသုံးပြုပြီး အထပ်မြင့်အဆောက်အဦတွေရဲ့ ခေါင်းမိုးထပ်တွေ၊ ကားပါကင်တွေနဲ့ ရှော့ပင်းစင်တာတွေစတဲ့ ယာဉ်ရပ်နားနိုင်တဲ့နေရာတွေကနေ ငှားရမ်းစီးနှင်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါယာဉ်တွေဟာ ငါးမိနစ်အားသွင်းပါက မိုင် ၆၀ အထိခရီးရောက်နိုင်မှာဖြစ်ပြီး ပုံမှန် Uber တက္ကစီနဲ့ ၂၅ မိုင်ခရီးကို ၅၉ ဒေါ်လာပေးရမယ်ဆိုရင် မိုးပျံတက္ကစီဝန်ဆောင်မှုကတော့ ဒေါ်လာ ၉၀ ကျသင့်မှာလို့ ဆိုပါတယ်။ တက္ကစီကားနဲ့ ၆၉မိနစ်ကြာမြင့်မှယ်ခရီးစဉ်ကို မိုးပျံတက္ကစီကတော့ ၃၃ မိနှစ်သာကြာမြင့်မှာဖြစ်ပါတယ်။ မျိုးပျံတက္ကစီတွေဟာ မြေပြင်ကနေ အမြင့်ပေ တစ်ထောင်နဲ့ နှစ်ထောင်အကြားက ပျံသန်းမှာဖြစ်ပြီး…

Read More
VOM News

FREE
VIEW