အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်တဲ့ နေတိုး

ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉

သင်းသဒ္ဒါ (VOM)

ပရိသတ် အချစ်တော် အကယ်ဒမီ နေတိုးကတော့ အမေများနေ့မှာ အမေအားလုံးကို ဂုက်ပြုလိုက်ပါ တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတွင် အမေများနေ့ ပြာသိုလပြည့်အမေများနေ့ ပတ်သက်ပြီးတော့

“အမေများနေ့အတွက် အမှတ်တရဆိုရင် လူသားတိုင်းလူသားတိုင်းကတော့ မိခင်ကမွေးဖွားလာတယ်။ အဖေ အမေ ဆိုတာ ဘုရားနဲ့ တစ်ကိုင်းထဲထားတဲ့အရာလည်းဖြစ်သလို မိဘကြောင့် သားသမီးဆိုတာ ဖြစ်လာ တာပါ။ ကျွန်တော်တို့ အမေများနေ့ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ရင်ထဲမှာ မေတ္တာတရားတွေနဲ့ ပြည့်နေတဲ့ နေ့တစ်နေ့လို့လည်း သုံးသပ်မိပါတယ်။ကိုယ့်တိုင်ကလည်း အမေရဲ့စောက်ရှောင့်မှု ၊အမေရဲ့ နွေးထွေးမှု အောက်မှာ ရှိနေသေး တယ်။မိဘကိုလည်း ပြုစုစောက်ရှောင့်ခွင့်ရှိတဲ့ အချိန်အနေအထားတစ်ခုမှာ ရှိလို့ကျေနပ် မိပါတယ်။ အဓိက တော့ အမှတ်တရဆိုတာထက် ကျွန်တော်ဖြစ်တည်လာတာ ဒီအဖေနဲ့ အမေကြောင့်ပါ။ အမှတ်တရ လည်း ထွေ ထွေထူးထူးမရှိပါဘူး။ မိဘတွေအပေါ်မှာ ဂုဏ်ကျေးဇူးကိုသိပြီးတော့ မိဘကို စိတ်ချမ်းသာအောင် ထားချင် တယ်။ မိဘဖြစ်စေချင်တဲ့အရာတွေကို ဖြည့်ဆည်းသွားချင်တဲ့ ရည်ရွယ်ချက်တွေ ကျွန်တော်မှာ ရှိပါတယ်။ အမေများနေ့အတွက် အမေများအားလုံးကို ဂုဏ်ပြုပါတယ်လို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

သူကတော့ ယနေ့   ရန်ကုန်မြို့ရဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ဖွင့်လိုက်တဲ့ “ယူနိုက်တက်ဗွီးရှင်း ” မျက်မှန်ဆိုင်ကို တက်ရောက်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မိခင်ပတ်သက်ပြီး ခံစားချက်ကတော့ “ကျွန်တော်တို့ ငယ်ငယ် တုန်းထဲက ကိုယ့်တွေကို မိဘကပဲ ပံ့ပိုးလာခဲ့တယ်။ ကိုယ်တွေရဲ့ ကြိုးစား အားထုတ်မှုကတော့ ကိုယ်တိုင် လုပ် ဆောင်ရပေမယ့် မိဘရဲ့ နောက်က အနီးပံ့ပိုးပေးခဲ့တာ မိဘပါပဲ။ ပညာရေး ၊လူမှုရေး ၊စီးပွားရေးအကုန်လုံးက မိဘနဲ့ ထိတွေ့ပြီးမှ ကျွန်တော်က ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ မိဘရဲ့ ကျေးဇူးတရားကို ရင်ထဲမှာ လေးလေးနက်နက်ရှိ နေပါ တယ်။ မိဘရဲ့ ကျေးဇူးကိုအမြဲပြန်ဆပ်နိုင်အောင် ကြိုးစားနေပါတယ်”လို့ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

#voiceofmyanmar#နေတိုး

Related posts

Leave a Comment

VOM News

FREE
VIEW