ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲကိုပြည်မြို့တွင်ကျင်းပ

ပြည် ဇန်နဝါရီ ၂၀-၂၀၁၉
လမင်း (ပြည် VOM)
 
ပဲခူးတိုင်း ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်က ပထမဆုံးအကြိမ်လူထုစက်ဘီးစီးပြိုင်ပွဲ နှင့်အတူ ၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲ ကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
 
၁၆ နှစ်အောက်လူငယ်လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို ပြည်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ စုရပ်ထားပြီးကျင်းပပြုလုပ်ခဲ့ကာ မနက် ၅ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့မှတာလွတ်၍ လမ်းရှည်လမ်း ၊ လမ်းမတော်လမ်း ၊ ဗိုလ်ချုပ်လမ်း ၊ တာဂွထိ စီးနင်းခဲ့ကြပြီး တာဂွမှတစ်ဆင့် စတင်ထွက်ခွာရာလမ်းကြောင်းအတိုင်းပြန်လည်ပန်းဝင်ခဲ့ပါတယ်။
 
လူထုစက်ဘီးစီးပြိုင်ပွဲကို မနက် ၆ နာရီခွဲတွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းရှေ့၌စတင်တာလွှတ်ခဲ့ပြီး ထိုမှတဆင့် လမ်းရှည်လမ်း ၊ နဝင်းလမ်း ၊ ဇရစ်ချောင်လမ်း ၊ အောင်လံ – ပြည်လမ်းမကြီး ၊ ဗိုလ်ချုပ်လမ်း မှတဆင့်လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ပြန်လည် ပန်းဝင်ခဲ့ကြောင်းသိရသည် ။
 
စက်ဘီစီးပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြ၍ အနိုင်ရရှိသူများအား ၅သိန်းတန် စက်ဘီး ၊ ၅ သိန်းတန် smart phone တို့ဆုလက်ဆောင်ပေးခဲ့ကြောင်းသိရသည် ။
 
#voiceofmyanmar#ပြည်#လူထုစက်ဘီးပြိုင်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW