ကိုယ့်အားနည်းချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်ဆိုတဲ့ လုလုအောင်

ရန်ကုန် ဇန်န၀ါရီ ၂၀-၂၀၁၉

သင်းသဒ္ဒါ(VOM)

Sexy ပုံတွေကြောင့် ပရိသတ်ဝင်စားခြင်းခံရတဲ့ မော်ဒယ်လ် လုလုအောင်ကတော့ ကိုယ့်အားနည်း ချက်တွေကို ချစ်ပေးသူနိုင်သူကိုဘဲ ချစ်သူအဖြစ်ရွေးချင်တယ်လို့ ဆိုပါတယ်။

အချစ်ရေးပတ်သက်ရင် “လုက အခုကတော့ တစ်ယောက်တည်းပါပဲ။ ရွေးမယ်ဆိုရင်တော့ ကိုယ့်ကိုမြတ်နိုး တန်ဖိုးထားတဲ့ သူ ၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ချစ်ပေးတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။ လုရဲ့ အားနည်းချက်ကတော့ အပျိုမလေး မဟုတ်ဘူး။ ကလေးအမေလည်း ဖြစ်တယ်။ အဲဒါတွေကို နားလည်ပေးမဲ့ သူပေါ့”လို့ဆိုပါတယ်။

သူမကတော့ လတ်တလောမှာ ဖိတ်ကြားထားတဲ့ ပွဲတွေကို ကမ်းလှမ်းထာတဲ့ ဖက်ရှင်အတိုင်း ၀တ်ဆင် တက်ရောက်ဖြစ်ပြီးတော့  တစ်ယောက်ထဲ ဆိုပေမယ့် လု ဘ၀က ပုံမှန်ပါပဲလို့ သိရပါတယ်။ သမီးဖြစ်တဲ့ သူကို တော့ ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်လို့လည်း သိရပါတယ်။ အနုပညာ ပတ်သတ်ပြီးတော့ မော် ဒယ်လ်တစ်ယောက်အဖြစ်နဲ့ ပဲ ဘ၀ကို ရပ်တည်သွားမယ်လို့ သိရပါတယ်။

“ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီးတော့ လုကတော့ ပုံမှန်တော့ ဂါဝန်အရှည်ဝတ်ဆင်တာပါ။ နည်းနည်း ခေတ်ဆန်တဲ့ ဖက်ရှင်ပိုင်းလေးတွေ ဂရုစိုက်ဝတ်ဖြစ်ပါတယ်။ ပွဲတက်ဌားရင်တော့ နည်းနည်းSexy ကျပြီးတော့ ဆွဲဆောင်မှု ရှိ တဲ့ ဖက်ရှင်တွေနဲ့ ပွဲတက်ဖို့တောင်းဆိုကြပါတယ်”လို့ဆိုပါတယ်။

လူမှုကွန်ရက်ပေါ်မှာ တင်ဖြစ်နေတဲ့ စာလေးတွေနဲ့ ပတ်သက်ပြီးတော့ လူတစ်ယောက် မွန်းကြပ် နေချိန် မှာ ကိုယ့်ရဲ့စာလေး တစ်ကြောင်းအားဖြင့် ရယ်မောကြတယ်ဆိုရင်ပဲ လု ကျေနပ်ပါတယ်။ ဒါကြောင့် တချို့စာ လေးတွေ လူမှုကွန်ရက်မှာ ရေးဖြစ်တာပါ။ လုရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာတဲ့အခါ ကောင်း တဲ့ ဝေဖန်မှုကို ပညာယူဖြစ်ပါတယ်။ အကောင်းတွေ ဘက်ကပြုပြင်နေထိုင်မှုတွေတော့ လုပ်ဆောင်ဖြစ်ပါတယ် လို့ သိရပါတယ်။

ဓာတ်ပုံ-သင်းသဒ္ဒါ

#voiceofmyanmar#လုလုအောင်

Related posts

Leave a Comment

VOM News

FREE
VIEW