အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံထိမှန်ခဲ့တဲ့ပစ္စည်းအစစ်တွေကို ကျဆုံးခဲ့တဲ့အခန်းမှာပဲ ပြသနိုင်ဖို့ စီစဉ်နေ

ရန်ကုန် ဇန်နဝါရီ ၂၃-၂၀၁၉ TGH (VOM) ရန်ကုန်အမျိုးသားပြတိုက်မှာ ထိန်းသိမ်းပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံထိမှန်ခဲ့တဲ့ ပရိဘောဂပစ္စည်းတွေကို အတွင်းဝန်ရုံးမှာ ပြသနိုင်ဖို့ ဆွေးနွေး တောင်းဆိုသွားမယ်လို့  ၀န်ကြီးများရုံးဟောင်းပြုပြင် ထိန်းသိမ်း ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းကပြောပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးအဆောက်အဦး မွမ်းမံပြင်ဆင်မှုအပိုင်းအနေဖြင့် ၈၅ ရာခိုင်နူန်းခန့်ပြီးစီးနေပြီပါတယ်။ မွမ်းမံပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရတဲ့ အခန်းကို အာဇာနည်ပြခန်းအဖြစ် ပြသမှာဖြစ်သလို လွှတ်တော်အခန်းကိုပါ  ပြခန်းအဖြစ် ပြည်သူတွေလေ့လာနိုင်အောင် ဖွင့်လှစ်ပြသပေးမယ်လို့ ဆိုပါတယ်။ ” ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အခန်းကိုပြမယ်။  ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံမှန်ထားတဲ့ ပရိဘောကပစ္စည်းတွေရှိတယ်ဟာတွေရှိတယ်။ အဲ့ဒာတွေကို အမျိုးသားပြတိုက်ကထိန်းသိမ်းထားတယ်။သူတို့ဘက်ကိုတောင်းတော့ကြည့်မယ်။ရရင်တော့ အစစ်တွေ ပြနိုင်မယ်။မရရင်တော့ အစစ်နီးပါးဖြစ်မယ့် ပုံတူတွေပြသမယ်။ “လို့ ဒေါက်တာမောင်မောင်သိန်းကပြောပါတယ်။ လွှတ်တော်ပြခန်းဟာဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးလွှတ်တော်ကျင်းပတဲ့နေရာဖြစ်ပါတယ်။  လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ဓာတ်ပုံမှတ်တမ်းတွေအပါအဝင်  ရုပ်သံဗီဒီယိုကလစ်တွေ…

Read More

ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ် တိုက်ပွဲတွေရပ်စဲပေးရေးတိုက်တွန်းပေးဖို့ ANP အကြံပြု

ဇန်န၀ါရီ ၂၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်လေးမြို့နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲတွေကို ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်နိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းတွေကို တိုက်တွန်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို ရခိုင်အမျိုးသားပါတီ ANP က အကြံပြုတောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုကို မနေ့ဇန်န၀ါရီ ၂၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် Ms.Cristine Schraner Burgner ဟာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီးတော့ ရခိုင်အမျိုးသားပါတီနဲ့ မနေ့ကညနေပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ “မြန်မာ့တပ်မတော်နဲ့ AA တို့ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားဖို့အတွက် နှစ်ဖက်စလုံးကိုတိုက်တွန်းဖို့အတွက် အကြံအညာဏ်ပြုပါတယ်။ နောက်ပြီးတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ အကူအညီပေးတာတွေမှာ တချို့တချို့ဒေသတွေကိုသွားဖို့အတွက် လမ်းကြောင်းပိတ်တာတွေရှိတယ်။ ဒါတွေကိုဖွင့်ပေးဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။”လို့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေအများပြားလိုအပ်နေပြီး အဲဒီလိုအပ်ချက်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေက…

Read More

ကာဒစ်ဖ်တိုက်စစ်မှူးပျောက်ဆုံးပြီးနောက် တွစ်တာမှာတင်တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို

လန်ဒန်၊ ဇန်န၀ါရီ-၂၃-၂၀၁၉ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ် အသင်းကနေ စာချုပ်ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှူးသစ် အီမီလီယာနို ဆာလာ ပျောက်ဆုံးပြီးနောက် မကြာမီအချိန်မှာဘဲ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ပြုံးရွှင်စွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို တွစ်တာမှာ တင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကာဒစ်ဖ်အသင်းကနေ ပေါင်၁၅ သန်းနဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူသစ်ဆာလာဟာ အင်္ဂလန်မြေကို လေယာဉ်မှူးတစ်ဦးနဲ့အတူ ဇန်န၀ါရီ ၂၂ ရက်က လာရောက်ရာမှာ ည ၈ နာရီ ခွဲမှာ လေယာဉ်ဟာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အခွန်တိမ်းရှောင်မှုကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ တရားရုံးတစ်ခုက ပေါင် ၁၆ ဒသမ ၆သန်းဒါဏ်ငွေပေးဆောင်ဖို့အမိန့်ကို ဇန်န၀ါရီ ၂၂ ရက်မှာ လက်ခံပြီးနောက် အီတလီကိုပြန်လာတဲ့ ခရီးမှာ…

Read More

အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတဲ့ မိုးစက်ဝိုင်

ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ(VOM) အလှမယ် လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာတဲ့ မိုးစက်ဝိုင်ကတော့ အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတယ်လို့ သိရပါတယ်။ ” မိုးစက် အချစ်ရေးကတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီတိုင်း ဒီလိုပဲဖြေနေရလို့လည်း အားနာမိပါတယ်။ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ။ မိုးစက်ကိုယ်တိုင်က သူများထက် စဉ်းစားတာတွေ များတာကြောင့် တစ်ယောက်တည်းဖြစ်နေတယ်လို့ ထင်ပါတယ်။ အချစ်က ရှိရမယ်လို့လည်း မိုးစက် ခံယူမထားပါဘူး။ သူငယ်ချင်း အချစ်၊ မိသားစုအချစ်၊ မောင်နှမအချစ်တွေလည်း ရှိတာဆိုတော့ ဒါတွေကိုချစ်ပေးရဦးမယ်လို့ ခံယူထားမိ ပါတယ်”လို့ဆိုပါတယ်။ သူမရဲ့ အမြင်ကတော့ အချစ်ရေးတို့ အိမ်ထောင်ရေးဆို ဝေဖန်တယ်ဆိုတာကို မိုးစက်ဆိုလည်း မကြိုက်ဘူး။ တခြားသူတွေလည်း ကြိုက်တယ်မယ်လို့ မိုးစက်မထင်ပါဘူးဆိုပါတယ်။ ‘မိုးစက်က ဟာသကားမှာ ပါဝင်ထားပါတယ်။ မိုးစက်ရဲ့ ပထမဆုံး ရုပ်ရှင်စရိုက်ကူးဖူးတဲ့ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အရည်အချင်းတွေလည်း…

Read More

ရုရှားသမ္မတပူတင်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေ

မော်စကို၊ ဇန်န၀ါရီ-၂၃-၂၀၁၉ မျိုးဆက် (VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ရုရှားပြည်သူတွေရဲ့ ယုံကြည်မှုဟာ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေတယ်လို့  ရုရှားနိုင်ငံ ပြည်သူ့ဆန္ဒ သုတေသနဌာနရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သမ္မတပူတင်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဒီလို ယုံကြည်မှု ကျဆင်းတာဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ထောက်ခံမှုအနည်းဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီလို ယုံကြည်မှု ကျဆင်းလာတာကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီး လွန်ခဲ့တဲ့ မတ်လက နောက်ထပ်ခြောက်နှစ်တာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့တဲ့ ပူတင်အတွက် ချက်ချင်း သက်ရောက်မှုမရှိပေမယ့် သမ္မတရာထူးအတွက် ရေရှည်ယှဉ်ပြိုင်ပွဲတွေအတွက် နောင်တစ်ချိန်မှာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ပူတင်အပေါ်…

Read More

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍမှာ ပြည်သူတွေ ယုံကြည်ကိုးစား ရှိလာဖို့အရေးအတွက် အဆိုတင်သွင်း

နေပြည်တော် ဇန်နဝါရီ ၂၃-၂၀၁၉ ဒီပ(နေပြည်တော် VOM) ဇန်နဝါရီလ(၂၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး ကနေ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးကဏ္ဍ ဖြစ်ထွန်းဖို့နဲ့ တရားသူကြီး အမှုသည်နဲ့ သက်သေများဟာ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေးနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ပါတယ် ။ ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီးတဲ့နောက် ဆွေးနွေးမယ့် ကိုယ်စားလှယ်များဟာ အစည်းအဝေးနားချိန်မှာ အမည်စာရင်းတင်သွင်းဖို့ လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သလို မကြာခင်ဆွေးနွေးသွားဖွယ်ရှိပါတယ်။ ဒီအဆိုတင်သွင်းတဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပြည်သူနဲ့တရားသူကြီးတွေရဲ့အကြား ယုံကြည်မှုကို အထောက်အပံ့ဖြစ်စေမယ်လို့ ဦးစိုးမိုးက အခုလို ပြောကြားခဲ့ပါတယ်။ #voiceofmyanmar#တရားစီရင်ရေးကဏ္ဍ#ဦးစိုးမိုး#  

Read More

တရုတ်နိုင်ငံကို တရားမဝင်အလုပ်သွားလုပ်ခဲ့သူ ၄၅ ယောက် မုံရွာမြို့ရောက်ရှိ

မုံရွာ – ၂၃-၁-၂၀၁၉ ရိုက်ကူး (ဗျဂ္ဃ VOM)   တရုတ်နိုင်ငံမှာ အခက်ခဲနဲ့ရင်ဆိုင်ရတဲ့ အလုပ်သမားတွေကို သက်ဆိုင်ရာက ကယ်ထုတ်ပြီး နေရပ်ရင်းကို ပြန်ပို့တာမာ မုံရွာတဝိုက်က လူငယ် ၄၅ယောက် ပထမဆုံးအသုတ်အဖြစ် မုံရွာကို လုံခြုံစွာရောက်ရှိခဲ့ပါတယ်။ အဲလိုရောက်လာသူတွေကို ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး၊ လူမှုရေးဝန်ကြီး၊ နယ်လုံဝန်ကြီး၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ မုံရွာမြို့ ရွှေစည်းခုံဘုရား သာသနာ့ဗိမာန်မှာ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၈ နာရီခန့်အချိန်က လာရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ ဒီညမှာပဲ တရုတ်နိုင်ငံ ပင်လယ်ကမ်းစပ်ကနေ အစိုးရအကူအညီနဲ့ ပြန်လည်ကယ်ထုတ်ခဲ့ရတဲ့ ၁၅ ယောက်အဖွဲ့ ထပ်မံရောက်ရှိလာဦးမယ်လို့သိရပါတယ်။ #voiceofmyanmar#တရုတ်နိုင်ငံကမြန်မာလုပ်သားများ  

Read More

ပန်းမြောင်းကျေးရွာသားတစ်ဦး နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်ခံရ

စစ်တွေ၊ ဇန်န၀ါရီ ၂၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ မနေ့ည ၉ နာရီ ၂၀ ခန့်က ကျေးရွာသားတစ်ဦးဟာ နေအိမ်ခြံဝင်းအတွင်း ပစ်ခတ်ခံလိုက်ရတဲ့အတွက် သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ပန်းမြောင်းကျေးရွာ ရွာဟောင်းရွပ်ကွက်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ဦးမောင်အေးသိန်း ၅၆ နှစ်မှာ နေအိမ်ခြံတံခါးကို ပိတ်ဖို့ပြင်နေတန်း လူတစ်ဦးလာရောက်ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။ “မနေ့က ပစ်ခတ်ခံလိုက်ရတဲ့အတွက်ရွာဟောင်းပိုင်းက ကိုမောင်အေးသိန်းသေဆုံးသွားတာဟုတ်ပါတယ်။ ဘယ်သူတွေပစ်လဲဆိုတာတော့မသိဘူး။ နေအိမ်ခြံထဲကိုဝင်ပစ်သွားခဲ့တာလို့ သိရပါတယ်။”လို့ ပန်းမြောင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။ သေဆုံးသူဦးမောင်အေးသိန်းမှာ အခင်းဖြစ်ပွားချိန်တွင် နေအိမ်အတွင်း ဇနီးသည်နှင့် သားတစ်ယောက်တို့ရှိနေချိန် အခုလိုပစ်ခတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက“ဦးမောင်အေးသိန်းက မနေ့ကည ၉ နာရီခွဲလောက်မှာ သူ့အိမ်တံခါးကိုပိတ်ဖို့အတွက် ပြင်နေတုန်းလူတစ်ယောက်ရောက်လာပြီးတော့ ကိုမောင်အေးသိန်းလားလို့မေးပြီး ပစ်သွားတာလို့ မိသားစုတွေပြောတာပေါ့။ ဘယ်ကလဲဆိုတာတော့မသိဘူး။ ထွက်ပြေးသွားတယ်။ သေနတ်နဲ့ငါးချက်ပစ်ခတ်သွားတယ်။”လို့ ပြောပါတယ်။ သေဆုံးသူဦးမောင်အေးသိန်းမှာ (၉- မမ)ကျည်အမျိုးအစားဖြင့် ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ပြီး ညာဘက်ရင်အုံပေါ်တွင် တစ်ချက်၊…

Read More

အသက်​၁၅နှစ်​ မိန်းက​​လေးကို သားမယားပြုကျင့်​တဲ့ ရဲဒု-တပ်​ကြပ်​ကို ကာယကံရှင်ရဲ့ဖခင်က ​​အမှုဖွင့်​တိုင်​တန်းထား

မန္တ​လေး၊ ဇန်​နဝါရီ ၂၃-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ ၊ အမှတ်​(၇) ရဲစခန်းမှာ တာဝန်​ထမ်း​ဆောင်​​နေတဲ့ ရဲဒု-တပ်​ကြပ်​ ​​တေဇ​အောင်​ဟာ အသက်​၁၅နှစ်​အရွယ်​ မိန်းက​လေးကို ဇန်​နဝါရီလ ၂၂ ရက်​​နေ့ ညပိုင်းက သားမယားပြုကျင့်​မှု ၂ ကြိမ်​ကျူးလွန်​ခဲ့တယ်ဆိုပြီး အမှုဖွင့်တိုင်ကြားခံနေရပါတယ်။ ဒီကိစ္စအတွက် အမှတ်​(၇) ရဲစခန်း စခန်းမှူး ရဲအုပ်​ခင်​​ဇော်​ကို VOM က ဆက်သွယ်မေးကြည့်တော့ “အမှုဖွင့်​ထားတာက ​ကောင်​မ​လေးရဲ့ အ​ဖေက အမှုဖွင့်​ထားပါတယ်​၊ ​လော​လောဆယ်​ကျွန်​​တော်​တို့က ​ဆေးစစ်​​ဆေးမှုအပိုင်းလုပ်​​နေပါတယ်​၊ နယ်​ထိန်းအဖွဲ့​တွေနဲ့ တရာခံဖမ်းဆီးရမိ​ရေး ​ဆောင်​ရွက်​​နေပါတယ်​၊ အဲ့ဒီရဲတပ်​ဖွဲ့ဝင်​ ​ကောင်​​လေးကလည်း အမှုဖြစ်​ကတည်းက စခန်းကို ပြန်​မလာ​တော့ပဲ ​ရှောင်​တိမ်း​နေတယ်​၊ သူ့မိသားစု​တွေရှိတဲ့ ရန်​ကုန်​ဘက်​ကိုလည်း ဖမ်းဆီးရမိ​ရေး ​ဆောင်​ရွက်​​နေပါတယ်​ ”  လို့ ဖြေပါတယ်။ ရဲဒု-တပ်​ကြပ်​ ​တေဇ​အောင်​ဟာ  မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေအနောက်ရပ်ကွက်၊ မင်းစံရပ်၊ အကွက်အမှတ်…

Read More

အွန်လိုင်းပေါ်က ဓါတ်ပုံတွေကြောင်ြ့မန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိထိုးရမယ့် မော်ဒယ်လ် နန်းမွေစံ

ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ (VOM) ဆရာဝန်မော်ဒယ်လ် တစ်ယောက်အဖြစ်နဲ့ လူသိများခဲ့တဲ့ နန်းမွေစံကတော့ မြန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိလက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။ “ပြီးခဲ့အပတ်လောက်က ကျွန်မကို မြန်မာနိုင်ငံဆေးကောင်စီက  စကားပြောချင်တယ်ဆိုပြီးတော့ စာ ရောက်လာပါတယ်။ ကျွန်မကလည်း မေးလိုက်တယ် ဆမသိမ်းမို့လားပေါ့။ ကျွန်မ ဆမ ရပြီးသားပါ။ ဆရာဝန် မှတ်ပုံ တင်ပေါ့။ သိမ်းဖို့ အစီအစဉ်တော့ မဟုတ်ပါဘူး။ ခံဝန်ကတိလက်မှတ်တော့ ထိုးရမယ်တဲ့။ မြန်မာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖူးလို့ခံဝင် ကတိလက်မှတ်ထိုးခဲ့ရပါသေးတယ်။ ဘယ်သူမှ ဆရာဝန် အလုပ်နဲ့ အနုပညာအလုပ်တွဲဖက် လုပ်ကိုင်တာ ဘယ်သူမှမရှိပါဘူး။ သူများတွေဆိုရင် ဆမ မရခဲ့ကြတာ တွေရှိခဲ့တယ်။ ကျွန်မကတော့ ဆမရခဲ့သေးတယ်။ မသိမ်းသေးဘူးလို့တော့ ပြောတာပါပဲ”လို့ ဆိုပါတယ်။     သူမကတော့ လောလောဆယ် Photo မော်ဒယ်လ်အလုပ်တွေကို ၀ါသနာပါတယ်ဆိုရင်…

Read More
VOM News

FREE
VIEW