အွန်လိုင်းပေါ်က ဓါတ်ပုံတွေကြောင်ြ့မန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိထိုးရမယ့် မော်ဒယ်လ် နန်းမွေစံ

ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉

သင်းသဒ္ဒါ (VOM)

ဆရာဝန်မော်ဒယ်လ် တစ်ယောက်အဖြစ်နဲ့ လူသိများခဲ့တဲ့ နန်းမွေစံကတော့ မြန်မာနိုင်ငံ ဆေးကောင်စီမှာ ခံဝန်ကတိလက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။

“ပြီးခဲ့အပတ်လောက်က ကျွန်မကို မြန်မာနိုင်ငံဆေးကောင်စီက  စကားပြောချင်တယ်ဆိုပြီးတော့ စာ ရောက်လာပါတယ်။ ကျွန်မကလည်း မေးလိုက်တယ် ဆမသိမ်းမို့လားပေါ့။ ကျွန်မ ဆမ ရပြီးသားပါ။ ဆရာဝန် မှတ်ပုံ တင်ပေါ့။ သိမ်းဖို့ အစီအစဉ်တော့ မဟုတ်ပါဘူး။ ခံဝန်ကတိလက်မှတ်တော့ ထိုးရမယ်တဲ့။ မြန်မာယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖူးလို့ခံဝင် ကတိလက်မှတ်ထိုးခဲ့ရပါသေးတယ်။ ဘယ်သူမှ ဆရာဝန် အလုပ်နဲ့ အနုပညာအလုပ်တွဲဖက် လုပ်ကိုင်တာ ဘယ်သူမှမရှိပါဘူး။ သူများတွေဆိုရင် ဆမ မရခဲ့ကြတာ တွေရှိခဲ့တယ်။ ကျွန်မကတော့ ဆမရခဲ့သေးတယ်။ မသိမ်းသေးဘူးလို့တော့ ပြောတာပါပဲ”လို့ ဆိုပါတယ်။

 

 

သူမကတော့ လောလောဆယ် Photo မော်ဒယ်လ်အလုပ်တွေကို ၀ါသနာပါတယ်ဆိုရင် ခဏဒီလက်မှတ်ကို ပြန်အပ်ထားမှာဖြစ်သလို နောက်ပိုင်း ဆရာဝန်လုပ်ချင်တယ်ဆိုရင် ပြန်လျှောက်လို့ ရပါ တယ်လို့ သိရပါတယ်။ သူ့မက အမေနဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်လို့ သိရပါတယ်။  လောလော ဆယ်ကတော့ ကျွန်မမှာ ဆရာဝန်မှတ်ပုံတင် ရှိနေသေးတယ်သိရပါတယ်။

ကိုယ်ကိုကိုယ့် သုံးသပ်ချက်နဲ့ ပတ်သက်ပြီးတော့ “ကျွန်မအမှန်အတိုင်းပြောရရင် လူကြားထဲထွက်ရမှာ ရှက် တယ်။ ကင်မရာနဲ့ နောက်ကွယ်မှာသာ ရိုက်ကူးဖြစ်တာပါ။ တကယ်တမ်း Public နဲ့ တိုက်ရိုက် ထိ တွေ့ ဖို့တော့ သတ္တိမရှိဘူး။ ကိုယ့်ကိုကိုယ် တော့ လက်ရှိမှာ ကြိုးစားသွားရဦးမှာပါ”လို့ ဆိုပါတယ်။

နိုင်ငံခြား Instagram မှာ Model သူများတွေလည်း ပုံလှလှလေးတွေ တင်ကြတယ်။ ကျွန်မရဲ့ Fan တော်တော်များများက ယောက်ျား လေးတွေများတော့ ဒီလိုSexy ပုံတွေရိုက်ဖြစ်တယ်ပေါ့။ကိုယ့်ကိုလည်း ဆရာဝန်မော်ဒယ်လ်လို့ သိထားတဲ့ အတွက် ပရိသတ်တွေကို နေမကောင်းရင်လည်း ဆေးကုပေးပါမယ်လို့ ပြောချင်ပါတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- #နန်းမွေစံ facebook

#voiceofmyanmar#နန်းမွေစံ

Related posts

Leave a Comment

VOM News

FREE
VIEW