ဘရာဇီးနိုင်ငံမှာ ဆည်တစ်ခုကျိုးကျလို့ လူ ၃၀၀ ကျော်ပျောက်ဆုံးနေ

ရီယိုဒီဂျနေရို  ၊ ဇန်န၀ါရီ-၂၆

မျိုးဆက် (VOM)

ဘရာဇီးနိုင်ငံမှာ အရှေ့တောင်ပိုင်းရှိ သတ္တုတွင်းမှာရှိတဲ့ ဆည်တစ်ခုဟာ ဇန်န၀ါရီ ၂၅ ရက်မှာ ကျိုးပြီးနောက် အလုပ်သမား ၃၀၀ ကျော်ပျောက်ဆုံးလျှက်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သတ္တုတွင်း အလုပ်သမားတွေ နေ့လည်စာစားနေတဲ့ ကော်ဖီဆိုင်ဟာ ရွှံ့နွံတွေနဲ့ ဖုံးလွှမ်းသွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သားတွေက မီနက်စ်ဂီရစ်ပြည်နယ် ဘာရူမာဒင်ဟိုမြို့အနီးမှာရှိတဲ့ သတ္တုတွင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။

ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ရာမှာ အသက်ရှင်ဖို့ ရာခိုင်နှုန်းအလွန်နည်းပါးတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမီဇီမာက ပြောဆိုပြီး လက်ရှိမှာ လူကိုးဦးသေဆုံးကြောင်း အတည်ပြုပါတယ်။

ဘရာဇီးနိုင်ငံရဲ့ အကြီးဆုံးသတ္တုတွင်း ကုမ္ပဏီ ဗာလီက ပိုင်ဆိုင်တဲ့ အဆိုပါဆည် ဘာကြောင့်ကျိုးခဲ့ တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

မီနက်စ်ဂီရစ်ပြည်နယ်အတွင်း အခြားသောမြို့တစ်မြို့မှာ လူပေါင်း၁၉ဦးသေဆုံးခဲ့တဲ့ ရေကာတာကျိုးမှုတစ်ခုဖြစ်ပေါ်ပြီးနောက် သုံးနှစ်ကျော်မျှအကြာမှာ ယခုဖြစ်ရပ်ဖြစ်ပေခဲ့ခြင်းဖြစ်ပြီး ဘရာဇီးနိုင်ငံရဲ့ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။

လက်ရှိမှာတော့ အခင်းဖြစ်ရာဒေသသို့ ဘရာဇီးသမ္မတ၊ သဘာဝပတ်ဝန်းကျင်၊ သတ္တုတွင်းဌာန ၀န်ကြီးတွေနဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေ သွားရောက်နေကြတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။

Ref : BBC

Photo : Reuter

Related posts

Leave a Comment

VOM News

FREE
VIEW