ဘရာဇီးဆည်ကျိုးပေါက်မှု တာဝန်ရှိကုမ္ပဏီကို ဒေါ်လာ ၆၆ သန်းကျော် ဒါဏ်ရိုက်

ဘရာဆီးလီးယား၊ ဇန်န၀ါရီ-၂၇-၂၀၁၉

မျိုးဆက် (VOM)

ဘရာဇီးနိုင်ငံမှာ သတ္တုတွင်းလုပ်ငန်းမှာ အသုံးပြုတဲ့ ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ သတ္တုတွင်းကိုပိုင်ဆိုင်တဲ့ ကုမ္ပဏီကို ဒါဏ်ငွေအဖြစ် ဒေါ်လာ ၆၆ သန်းကျော် ပေးဆောင်ဖို့ တာဝန်ရှိသူတွေက အမိန့်ပေး လိုက်ပြီး ဘရာဇီးနိုင်ငံသမိုင်းမှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြီးမားဆုံးအပြစ်ပေးမှုတစ်ခုဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံတောင်ပိုင်း မီနာဂျရိုက်စ်ဒေသတွင် ဇန်န၀ါရီ ၂၅ ရက်ကဖြစ်ပွားခဲ့သော ဆည်ကျိုးပေါက်မှုမှာ လူ ၃၄ ဦးသေဆုံးခဲ့ရပြီး လူ၃၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများအတွက် သတ္တုတွင်းကို ပိုင်ဆိုင်တဲ့ ဗာလီအက်စ်အေ ကုမ္ပဏီကို ဒေါ်လာ ၆၆ ဒသမ ၃၂ ပေးဆောင်ဖို့ ဘရာဇီး သဘာဝပတ်ဝန်းကျင်အေဂျင်စီက ဒါဏ်ရိုက်လိုက်တာဖြစ်ပါတယ်။

ကုမ္ပဏီအနေဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းအောင်ပြုလုပ်ခြင်း၊ အဆိုပါနေရာကို နေထိုင်ဖို့မသင့်အောင်ပြုလုပ်ခြင်းနဲ့ အခြားစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။ ဒါ့အပြင် ရေကာတာကျိုးပေါက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုတွေအတွက် ပေးဆောင်ဖို့ ဗာလီအက်စ်အေ ကုမ္ပဏီရဲ့ ဒေါ်လာ ၁ ဒသမ ၃ သန်းရှိ ငွေပမာဏကိုလည်း ဘရာဇီးနိုင်ငံ တရားရုံးတစ်ရုံးက သိမ်းယူထားပါတယ်။

ရေကာတာကျိုးပေါက်မှုကြောင့် အောက်ဘက်ရှိ သစ်တောနဲ့ ရွာတွေ အတွင်းသို့ ရွှံ့နွံတွေ ဒလဟော စီးဆင်းခဲ့ပြီး ရွှံနွံတွေစီးဆင်းရာလမ်းတစ်လျှောက် လမ်းတွေနဲ့ အဆောက်အဦတွေ ပျက်စီးစေခဲ့ပြီး လူပေါင်းများစွာ ပိတ်မိနေခဲ့ပါတယ်။

Ref : RT Photo : AFP

#voiceofmyanmar#ဘရာဇီးဆည်ကျိုးပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW