ရိခေါဒါရ်မြို့ ကို သွယ်ယူထားသည့် စိမ့်စမ်းရေခမ်းလာသည့်အတွက် ရိရေအိုင်မှ ရေကို ခပ်ယူသောက်သုံးနေရ

ရိခေါဒါရ် ဇန်န၀ါရီ ၂၇-၂၀၁၉

မိုင်ချယ်ရီ (VOM)

ချင်းပြည်နယ် ရိခေါဒါရ်မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဟာ သောက်သုံးရေ အသုံးပြုဖို့အတွက် မြို့နဲ့ ၅ မိုင်ကျော် ဝေးတဲ့ နေရာမှာ ရှိတဲ့ စိမ့်စမ်းရေကို သွယ်ယူအသုံးပြုကြရာကနေ စိမ့်စမ်းရေ ခမ်းလာတာ ဖြစ်တဲ့အတွက် လိုအပ်တဲ့ သောက်သုံးရေကို ရိရေအိုင်ကနေ ခပ်ယူအသုံးပြုနေကြရတယ်လို့ ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချန်လျန်းမာက ပြောပါတယ်။

ရိခေါဒါရ်မြို့က ပြည်သူတွေဟာ ဆိုရင် အသဲနှလုံးပုံသဏ္ဍာန်ရှိတဲ့ ရိရေအိုင်ဘေးမှာ နေထိုင်ကြတာ ဖြစ်ပြီး သောက်သုံးရေအတွက် စိမ့်စမ်းရေကို အခြားနေရာကနေ သွယ်ယူအသုံးပြုနေကြတာဖြစ်ပါတယ်။ဒီလို သွယ်ယူတဲ့ စိမ့်စမ်းရေဟာ ပွင့်လင်းရာသီ ရောက်လာပြီး ခမ်းခြောက်လာတာကြောင့် မြို့အတွင်း နေထိုင်တဲ့ ပြည်သူတွေ သောက်သုံးရေ မလုံလောက်မှု နဲ့ စတင်ရင်ဆိုင်လာရပါတယ်။ ဒီလို  ကြုံတွေ့လာရတာကြောင့် ရိရေအိုင်ဘေး နေသူတွေဟာ ကန်ထဲကရေကို ခြေလျင်နဲ့ လာရောက်ထမ်းယူတာတွေ ရှိသလို ဆိုင်ကယ်နဲ့လည်း လာရောက် သယ်ယူနေကြတာ ဖြစ်ပါတယ်။

“ရေမချိုးရ ငါးမဖမ်းရ ဆိုပေမယ့် အခု ရေခပ်တဲ့ ကိစ္စကိုတော့ ဘာမှ မပြောဘူး။ ပြောလာရင်လဲ ရေက ခပ်စရာနေရာ မရှိတော့ ကန်ထဲကနေ ခပ်ရမှာပဲ” လို့ ဒေသခံ ဇိုးမှိန်းမောရာ က ပြောပါတယ်။

ရိရေအိုင် ကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်တွေ စိတ်ဝင်တစား လာရောက်လည်ပတ်ကြတဲ့ ရေအိုင်တစ်အိုင် ဖြစ်ပါတယ်။ ဒီအိုင်ကို ချင်းပြည်နယ် အစိုးရအဖွဲ့က ရေတိမ်ဒေသအဖြစ် ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်းပြီး ထိန်းသိမ်းဖို့ ပြုလုပ်ခဲ့ရာကနေ ရေအိုင်အနီးမှာ နေထိုင်တဲ့ ပြည်သူတွေကို ရေအိုင်းအတွင်း ရေမချိုးဖို့ ငါးမဖမ်းဖို့ စက်လှေ မစီးဖို့နဲ့ စိုက်ပျိုးရေး မလုပ်ဖို့ တားမြစ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ဒီလို တားမြစ်ခဲ့တာကြောင့် ဒေသခံတွေက ၂၀၁၈ ခုနှစ် အတွင်းက ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

#voiceofmyanmar#ရိဒ်ရေကန်

Related posts

Leave a Comment

VOM News

FREE
VIEW