သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်းခုန်ချမှုဖြစ်ပွား

စစ်ကိုင်း ဇန်နဝါရီ ၂၇-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

ဒီနေ့ ဇန်နဝါရီ ၂၇ရက် နံနက်ပိုင်းအချိန်က စစ်ကိုင်းမြို့ စစ်ကိုင်းတံတား(အင်းဝ)ပေါ် ကုန်းနံပါတ်(၄ ) မန္တလေးဘက်ခြမ်းကနေ  သားအဖနှစ်ဦး ဧရာဝတီမြစ်အတွင်း ခုန်ချမှု ဖြစ်ပွားခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေသိရပါတယ်။

ခုန်ချခဲ့တဲ့သူ ၂ယောက်ဟာ မန္တလေးချမ်းမြသာစည်မြို့နယ် ကန်တော်ကြီးပတ်လမ်း ဝါဆိုကျောင်းတိုက်နားမှာနေတဲ့ ဦးစိုးမင်းသိန်း အသက် (၄၀) နဲ့ သမီးဖြစ်သူ  မဖြူစင်သွယ်တို့ဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူးကပြောပါတယ်။

စစ်ကိုင်းတံတား(အင်းဝ)ပေါ်မှ ခုန်ချခဲ့တဲ့ သားဖနှစ်ဦးအားပြန်လည်တွေ့ရှိဖို့အတွက် သိသိချင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)SERT ဧရာဝတီမြစ်အတွင်း စပိတ်ဘုတ်နှစ်စင်း ရေငုတ်သမားများနဲ့ ရေပြင်ရှာဖွေရေးလုပ်ငန်းတွေ ခုညနေ၅နာရီထိ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

#VOICEOFMYANMAR#စစ်ကိုင်း#စစ်ကိုင်းတံတားပေါ်ကခုန်ချ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW