ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးမှာ  ဒေသခံတွေပါဝင်ဖို့အထူးလိုအပ်နေသလို ဘက်ထရီရှော့တိုက် ငါးဖမ်းတာတွေမလုပ်ဖို့လို

ရန်ကုန် ဇန်န၀ါရီ ၂၇-၂၀၁၉

TGH (VOM)

ဒေသခံပြည်သူတွေအနေနဲ့ အသက်မွေးဝမ်းကျောင်းအရဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ ဘက်ထရီရှော့တိုက်ငါးဖမ်းမယ်ဆိုပါက လင်းပိုင်ရှိရာပတ်ဝန်းကျင်ကို လုံးဝမလုပ်ဘဲ သတိထားရှောင်ကျဉ်ပေးဖို့  လင်းပိုင်သုတေသနနှင့်ထိန်းသိမ်းရေးတာဝန်ခံ ဦးဟန်ဝင်းကပြောပါတယ်။

ဇန်ဝါရီလ ၂၆ ရက်နေ့က မန္တလေး – ကျောက်မြောင်းအကြား၊ ပုသိမ်ကြီးမြို့နယ်ရှိ  ဆင် ကျေးရွာအရှေ့ဘက် ကိုင်းတောထဲမှာ ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးနေတာနဲ့ပတ်သက်ပြီး ပြောခဲ့တာဖြစ်ပါတယ်။ ဒေသခံအချို့နဲ့ လင်းပိုင်ထိန်းသိမ်းရေးသမားတွေကတော့ ဘက်ထရီးရှော့တိုက်ငါးဖမ်းမှုကြောင့် သေဆုံးတာ ဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။သေဆုံးချိန်ဟာ အနည်းဆုံး ၁၀ ရက်ဝန်းကျင်ရှိနိုင်ပြီး ခန္ဒွာကိုယ်ပေါ်မှာ ရေညှိတက်နေတာကလွဲလို့ ဒဏ်ရာတစ်စုံတစ်ရာမတွေ့ဟု WCS Myanmar ကထုတ်ပြန်ထားပါတယ်။သေဆုံး လင်းပိုင်းမှာ အလျား ၆ ပေ ၆ လက်မရှိပြီးအထီးဖြစ်တယ်လို့ဖော်ပြထားတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းကလည်း မန္တလေးနဲ့ ကျောက်မြောင်းကြား ၊ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧ ၇ိယာဇုန်အတွင်းမျာရှိတဲ့ ၀က်လက်မြို့နယ်မှာ အလျား ၆ ပေ  ၁ လက်မ ၊လုံးပတ်အရွယ် ၄ ပေရှိ ဧရာဝတီလင်း ပိုင်တစ်ကောင်သေဆုံးခဲ့ပါတယ်။ငါးဖမ်းပိုက်နဲ့ငြိပြီး သေဆုံးတာဖြစ်နိုင်တယ်လို့ လင်းပိုင်ထိန်းသိမ်းရေးသမား တွေသုံးသပ်ခဲ့ပါတယ်။

” ဥပဒေနဲ့အရေးယူတယ်ဆိုပေမယ့် ဒေသခံတွေဘက်ကလည်း ပူးပေါင်းဖို့လိုပါတယ်။ မဖြစ်မနေလို့ လုပ်စားမယ်ဆိုရင်တောင် ကိုယ့်ပတ်ဝန်းကျင်ကို သတိထားပေးပါ။လင်းပိုင်ကျက်စားရာဆိုရင် သတိထား ပြီးရှောင်ပါတယ်။ဒေသခံတွေကတော့ ဘက်ထရီရှော့တိုက်သေတယ်လို့ထင်ကြတယ်။ ရောဂါကြောင့် လည်းဖြစ်နိုင်တယ်။ဘာမဟုတ်တဲ့ကိစ္စကြောင့် လင်းပိုင်တစ်ကောင်သေရတယ်ဆိုတာမျိုး မဖြစ်သင့်ဘူး။ လင်းပိုင်းထိန်းသိမ်းရေးကိုအတူပူးပေါင်းပါဝင်တာက ဒေသခံတွေအတွက်လည်းအကျိုးရှိတဲ့အစီအစဉ်ပါ။ ခုဆို လင်းပိုင်လေ့လာရေး ခရီးစဉ်တွေလည်းလုပ်နေတယ်။ခရီးသွားဧည့်သည်တွေ ၀င်လာတာနဲ့အမျှဒေသခံတွေ အတွက်အလုပ်အကိုင်တွေ၊ စီးပွားရေးအခွင့်အလမ်းတွေလည်းရတာပဲ။ဒါကြောင့် ထိန်းသိမ်းရေးကိုပါဝင်ပေးပါလို့ မေတ္တာရပ်ခံပါတယ် “လို့ ဦးဟန်ဝင်းကဆိုပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ် မေလအထိမှာ  ဧရာဝတီလင်းပိုင်ကောင်ရေ ၂၉ ကောင်သေဆုံးမှုရှိခဲ့ပြီး ၄င်းအထဲမှာ ဘက်ထရီရှော့တိုက်ငါးဖမ်းမှုကြောင့်သေဆုံးတဲ့နှုန်းက ၂၁ ကောင်ရှိတယ်လို့သိရပါတယ်။

ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးတာ ၊ သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းတွေ ၊ ထိန်းသိမ်းရေး သတင်းအချက်အလက်ပါဝင်တဲ့ အကျီ င်္၊ ဗလာစာအုပ်၊ လက်ကမ်းစာစောင် ဖြန့်ဝေတာ ၊ တရားမ၀င်ငါးဖမ်းဆီးမှု ပပျောက်အောင် ဖမ်းဆီးအရေးမယူမှုတွေ ပြုလုပ်နေတဲ့ကြားကပင် ယခုကဲ့သို့ လင်းပိုင်တစ်ကောင်သေဆုံးသွားတာဖြစ်ပါတယ်။ဒါကြောင့် ရပ်ရွာနေ ပြည်သူတွေအနေနဲ့ ထိန်းသိမ်း ရေးကဏ္ဍမှာ အတူတကွပါဝင်ပူးပေါင်းပေးဖို့လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက တရားမ၀င်ငါးဖမ်းစက်လှေ အစင်း ၅၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ကာ တရားမ၀င်ငါးဖမ်းဆီးသူ ၁၈ ဦးကိုလည်း တရားစွဲဆိုနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် ငါးရစ်ငါးသန်ကာလ တရားမ၀င်ငါးဖမ်းဆီးမင ပပျောက်ရေးအတွက်လည်း ကင်းလှည်းခရီးစဉ်မှာ တရားမ၀င်ငါးဖမ်းပိုက်ပေါင်း ၂၀၀ နီးပါး ဖမ်းဆီးရမိခဲ့တယ်လို့ WCS Myanmar ကထုတ်ပြန်ထားပါတယ်။

#voiceofmyanmar#WCSmyanmar#ဧရာဝတီလင်းပိုင်

Related posts

Leave a Comment

VOM News

FREE
VIEW