နျူလက်နက်ကို မြောက်ကိုရီးယားက စွန့်ဖွယ်မရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဆို

ဝါရှင်တန်၊ ဇန်န၀ါရီ-၃၀-၂၀၁၉

မျိုးဆက် ( VOM)

အမေရိကန်အစိုးရက မျှော်လင့်နေပေမယ့် မြောက်ကိုရီးယားနိုင်ငံဟာ  ၎င်းရဲ့ နျူကလီယားလက်နက်ကို အပြည့်အ၀ စွန့်လွှတ်ဖွယ်မရှိဘူးလို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအစီရင်ခံစာကို အမျိုးသား ထောက်လှမ်းရေးအကြီးအကဲ ဒန်ကုတ်နဲ့ အခြားထောက်လှမ်းရေး တာဝန်ရှိသူတွေက ဇန်န၀ါရီ ၂၉ ရက်မှာ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တစ်စိတ်တစ်ပိုင်း စွန့်လွှတ်ဖို့အတွက် အမေရိကန်အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ညှိနှို်င်းဆွေးနွေးဖို့ ကြိုးစားနေစဉ်အတွင်းမှာ ၎င်းရဲ့ အရန်လက်နက်နဲ့ ထုတ်လုပ်မှု စွမ်းအားတွေကို စွန့်လွှတ်ဖွယ်အနေအထားမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်အနေနဲ့ ၎င်းပိုင်ဆိုင်ထားတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေ မဖယ်ရှားသေးသရွေ့ မြောက်ကိုရီးယားကလည်း တစ်ဖက်သတ်နျူကလီးယား မစွန့်လွှတ်ဘူးလို့ မြောက်ကိုရီးယားက အခိုင်အမာပြောဆိုထားပါတယ်။

အီရန်ဟာ နျူကလီယားလက်နက်တွေထုတ်လုပ်နေခြင်းမရှိကြောင်း၊ သို့သော် တရုတ်နှင့် ရုရှားတို့ရဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှု ကြီးထွားလာနေတယ်လို့ ဖော်ပြထားပြီး ၂၀၂၀ ခုနှစ်အမေရိကန်ရွေးကောက်ပွဲတွေမှာ စွက်ဖက်လွှမ်းမိုးဖို့ကြိုးစားလာဖွယ်ရှိတယ်လို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားစွန့်လွှတ်ရေး ဆွေးနွေးဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ပြုလုပ်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

Ref : BBC

Photo : Getty Images

Related posts

✕
VOM News

FREE
VIEW