က​ဗျာလွတ်​အကကို ပွဲ​တိုင်း​ကျော်​​အောင်​ ​ဆောင်​ရွက်​မည်

မန္တ​လေး၊ ဇန်​နဝါရီ ၃၀-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့က ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း​တွေမှာ နှစ်​စဉ်​ပြုလုပ်​​နေတဲ့ မြန်မာရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများ ကျင်းပရာမှာ ထည့်​သွင်းကပြ​နေတဲ့ အေရိုးဗစ်အက၊ ပန်းပွားအက ​ကပြတဲ့​နေရာအစား မြန်မာရိုးရာ ကဗျာလွတ်အကကို အစားထိုးကပြနိုင်​ဖို့အတွက်​ ​ဆောင်​ရွက်​သွားမှာဖြစ်​တယ်​လို့ မန္တ​လေး ကံတက်​ကုန်း(မစိုးရိမ်​)ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း အကျိုး​တော်​​ဆောင်​ဥက္ကဌ ဦးဝင်းလှိုင်​ဦး က ​ပြောပါတယ်​။ #voiceofmyanmar#မန္တ​လေး#က​ဗျာလွတ်​အကများပါဝင်​ကပြနိုင်​ရန်​​ဆောင်​ရွက်​မည်​#

Read More

နျူလက်နက်ကို မြောက်ကိုရီးယားက စွန့်ဖွယ်မရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ဆို

ဝါရှင်တန်၊ ဇန်န၀ါရီ-၃၀-၂၀၁၉ မျိုးဆက် ( VOM) အမေရိကန်အစိုးရက မျှော်လင့်နေပေမယ့် မြောက်ကိုရီးယားနိုင်ငံဟာ  ၎င်းရဲ့ နျူကလီယားလက်နက်ကို အပြည့်အ၀ စွန့်လွှတ်ဖွယ်မရှိဘူးလို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအစီရင်ခံစာကို အမျိုးသား ထောက်လှမ်းရေးအကြီးအကဲ ဒန်ကုတ်နဲ့ အခြားထောက်လှမ်းရေး တာဝန်ရှိသူတွေက ဇန်န၀ါရီ ၂၉ ရက်မှာ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ နျူကလီးယားလက်နက်တစ်စိတ်တစ်ပိုင်း စွန့်လွှတ်ဖို့အတွက် အမေရိကန်အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ညှိနှို်င်းဆွေးနွေးဖို့ ကြိုးစားနေစဉ်အတွင်းမှာ ၎င်းရဲ့ အရန်လက်နက်နဲ့ ထုတ်လုပ်မှု စွမ်းအားတွေကို စွန့်လွှတ်ဖွယ်အနေအထားမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ၎င်းပိုင်ဆိုင်ထားတဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေ မဖယ်ရှားသေးသရွေ့ မြောက်ကိုရီးယားကလည်း တစ်ဖက်သတ်နျူကလီးယား မစွန့်လွှတ်ဘူးလို့ မြောက်ကိုရီးယားက အခိုင်အမာပြောဆိုထားပါတယ်။ အီရန်ဟာ နျူကလီယားလက်နက်တွေထုတ်လုပ်နေခြင်းမရှိကြောင်း၊ သို့သော် တရုတ်နှင့် ရုရှားတို့ရဲ့ ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး…

Read More

ချင်းတွင်းမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၆၃၀ သုံးစွဲမည်

မုံရွာ – ဇန်နဝါရီ ၃၀၊ ၂၀၁၉ ဗျဂ္ဃ (VOM)   စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေမြေဖြိုး) အနေနဲ့ ချင်းတွင်းမြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်းပေါင်း ၆၃၀ အကုန်အကျခံကာ သုံးစွဲသွားမယ်လို့ တိုင်း ရေမြေဖြိုးက သတင်းတွေအရ သိရပါတယ်။ ချင်းတွင်းမြစ်အတွင်း ရိုးလွှာရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မော်လိုက် ရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ မင်းကင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်း၊ အလုံရေလမ်းကောင်းမွန်ရေးလုပ်ငန်းနဲ့ ရွှေတချောင်းရေလမ်းကောင်းမွန်ရေးလုပ်ငန်းတွေအတွက် ငွေကျပ်သန်း ၆၃၀ သုံးမှာဖြစ်ပြီး ကမ်းထိန်းနံရံတည်ဆောက်ဖို့အတွက်လည်း တတိုင်းလုံးမှာ လုပ်ငန်း ၄၅ ခုကို ဖေဖော်ဝါရီလဆန်းကစပြီး ငွေကျပ် ၉ ဘီလီယံထိ သုံးစွဲသွားမယ်လို့ သိရပါတယ်။ “နှစ်စဉ်ဆောက်ရွက်ပေးနေတာကတော့ ရေလမ်းညွှန်အမှတ်အသားတွေပြသပေးတဲ့ လုပ်ငန်းတွေကို လအလိုက်၊ ရေလမ်းပိုင်းအလိုက် ရေနည်းကာလတွေမှာ ဆောင်ရွက်ပေးနေပါတယ်။ မနှစ်ကဆို ဒီဇင်ဘာကနေ မတ်လအထိ ရေပေါ်အမှတ်အသား ၁၅၉၀၊…

Read More

ဟိုတယ်တိုင်းရဲ့ မနက်စာအစီအစဉ်မှာ မုန့်ဟင်းခါးကို မြန်မာအစားအစာအဖြစ် ထည့်သွင်းပေးစေလို

ရန်ကုန်- ဇန်ဝါရီ ၃၀၊ ၂၀၁၉   ပြည်တွင်းမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်၊ မိုတယ်တွေ အနေနဲ့ မနက်စာ ကျွေးမွေးတဲ့ အစီအစဉ်တွေထဲမှာ မုန့်ဟင်းခါးကို ထည့်သွင်းပေးစေချင်တယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဌဦးနေလင်းက အကြံပြုပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြတဲ့ခရီးသွား ဧည့်သည် ၊ နိုင်ငံတကာက ခရီးသွားဧည့်သည်တွေအနေနဲ့ မုန့်ဟင်းခါးကို မြန်မာ့အစားအစားအစာအဖြစ် သိရှိစေဖို့ စတင်လုပ်ဆောင်နေတာကြောင့် နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့လည်း ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ပေးစေလိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ “မနက်စာကျွေးတဲ့အခါ  မုန့်ဟင်းခါးကိုထည့်ကျွေးစေချင်တယ်။ အဲ့လိုထည့်ခြင်းအားဖြင့် နိုင်ငံတကာက ဧည့်သည်တွေ ဟိုတယ်မှာ တည်းတဲ့အခါ မြန်မာအစားအစာ ဘယ်ဟာလည်းလို့မေးရင် ဒီဟာက မုန့်ဟင်းခါး၊ မြန်မာအစားအစာဖြစ်တယ်ဆိုတာသိမယ်။ သူတို့မြည်းစမ်းကြည့်မယ်၊ ကြိုက်တာမကြိုက်တာထက် မုန့်ဟင်းခါးဆိုတာ မြန်မာအစားအစာမှန်း သူတို့သိသွားတာပေါ့။ ဒါမျိုးလေးတွေလုပ်စေချင်တယ်။”လို့ ဦးနေ လင်းကပြောပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့လည်း ပံ့ပိုးမှုတွေရှိလာခဲ့မယ်ဆိုရင် ထိရောက်မှုပိုပြီးရှိစေမယ်လို့လဲဆိုပါ တယ်။ ဒါကြောင့် နိုင်ငံခြားသားခရီးသွားတွေ  မြန်မာနိုင်ငံကို လာရောက်တဲ့…

Read More

ရဲကင်းစခန်းတိုက်ခံရမှုထုတ်ပြန်ချက် မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ဘင်္ဂလားဒေ့ရှ် ကန့်ကွက်

ဒါကာ၊ ဇန်န၀ါရီ-၃၀ မျိုးဆက် (VOM)   နှစ်နိုင်ငံနယ်စပ်အနီးရှိ မောင်တောမြို့နယ်က ရဲကင်းစခန်းတစ်ခုကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ မြန်မာဘက်က ထုတ်ပြန်ချက်ဟာ လုပ်ကြံဖန်တီးပြီး အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် မိုဟာမက်ဒယ်ဝါဟူစိန်က မြန်မာသံအမတ်ကြီး ဦးလွင်ဦးကို ဇန်န၀ါရီ ၂၉ ရက် နေ့လည်ပိုင်း ဆင့်ခေါ်ကန့်ကွက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုမှာ ဘင်္ဂလားဒေ့ရှ်က ပါဝင်ပတ်သက်တယ်ဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အခြေအမြစ်မရှိ မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ဖြေရှင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံဘက်ကနေ လုံးဝမှားယွင်းပြီး လုပ်ကြံထားတဲ့ ထုတ်ပြန်ချက်တွေကို ထုတ်ပြန်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က နောက်ပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။ မောင်တောမြို့နယ်အနီး နယ်ခြားမှတ်တိုင် ၄၁ မှာ ဇန်န၀ါရီ ၂၄ ရက် အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ…

Read More

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို နိုင်ငံမှထွက်ခွာခွင့် အထူးတရားရုံးတားမြစ်လိုက်ပြီ

ကရာကတ်၊ ဇန်န၀ါရီ-၃၀ မျိုးဆက် (VOM)   ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုအား နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို ဗင်နီဇွဲလား အထူးတရားရုံးက ပိတ်ပင်လိုက်ပြီး ၎င်းရဲ့ ဘဏ်အကောင့်တွေကိုလည်း ထိန်းသိမ်းလိုက်ပါတယ်။ မစ္စတာ ဂွိုင်ဒိုဟာ လွန်ခဲ့တဲ့သီတင်းပတ်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာလိုက်ပြီးနောက် လက်ရှိသမ္မတ မာဒူရိုနှင့် အာဏာရယူမှု ပြိုင်ဆိုင်တာတွေမြင့်တက်လာနေချိန်မှာ အထူးတရားရုံးကနေ ယခုလို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ ၎င်းကို အမေရိကန်နှင့် အခြားနိုင်ငံများက ကျောထောက်နောက်ခံပြုထားပြီး သမ္မတမာဒူရိုကိုလည်း ရုရှားအပါအ၀င် မဟာမိတ်တွေက ထောက်ခံပေးထားပါတယ်။ လက်ရှိသမ္မတ မာဒူရိုကတော့ အတိုက်အခံခေါင်းဆောင်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံအတွက် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ မိမိတို့ပြောဆိုနိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ အတိုက်အခံခေါင်းဆောင်နဲ့ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ၎င်းကပြောပါတယ်။ အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကတော့ ၎င်းအားထောက်ခံသူတွေကို ဇန်န၀ါရီ ၃၀ ရက်မှာ နှစ်နာရီကြာ ငြိမ်းချမ်းစွာ…

Read More

စစ်ကိုင်း တံတားပေါ်ကခုန်ချခဲ့တဲ့သားဖနှစ်ယောက်အနက် ဖခင်အလောင်းတွေ့ရှိ

စစ်ကိုင်း  ဇန်နဝါရီ၃၀-၂-၁၉ စောပြည့်ချမ်းသာ(VOM)   စစ်ကိုင်းမြို့ စစ်ကိုင်းတံတား(အင်းဝ)ပေါ် မန္တလေးဘက်ခြမ်း တံတားကုံး နံပါတ်( ၄) ကနေ ဧရာဝတီမြစ်အတွင်းခုန်ချခဲ့တဲ့ သားအဖနှစ်ယောက်အနက် ဖခင်ရုပ်အလောင်းကို ယနေ့ နံနက်၈နာရီခွဲခန့်အချိန်ကတွေ့ရှိခဲ့တယ်လို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)ကနေ သိရပါတယ်။ အဲ့ဒီ ကလေးအဖေ အလောင်းကို စစ်ကိုင်း အင်းဝတံတား နဲ့ ၄မိုင်ခန့် အင်းဝမီးသွေးတိုက်ဘက် ခြမ်း ဧရာဝတီမြစ်အလယ်မှာ တွေ့ရှိခဲ့ပြီး အလောင်းကို အရေးပေါ်အဖွဲ့(စစ်ကိုင်း) က အိုးဘို ပရဟိတ အဖွဲ့အားချိတ်ဆက်ပြီး    စစ်ကိုင်းရင်ခွဲရုံအားပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ”ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်က သူတို့သားဖနှစ်ယောက်ထွက်သွားတာဗျကလေးကတော့ မျက်လုံး ကင်ဆာရှိတယ်  အင်္ဂါနေ့မှာမန်းလေးဆေးရုံကြီးမှာကလေးကခွဲစိတ်ရမှာဗျ သူကတော့ကလေး ကမျက်လုံးကင်ဆာ ကို ကုသလို့မရဘူး ထင်နေလို့ ကလေးကလည်း တစ်ယောက်ထဲရှိတာလေ  သူက သူ့ကလေးကိုတအားချစ်တာဗျ  ကလေးမျက်လုံးကင်ဆာက ၁နှစ်ခွဲလောက်ကစဖြစ်နေတာ သူကလေးကိုခံစားနေရတာမကြည့်ရက်လို့ သူဒီလိုလုပ်သွားတာ ကလေးကုရမှာတို့ငွေရေးကြေးရေးအဆင်မပြေတာတော့မရှိဘူဗျ သူဒီကလေးကိုမဲကုနေကြတာဘဲ ကျနော်ကတော့မခံစားနိုင်ဘူးဗျာ ဝမ်းနည်းရတယ်မြေးလေးရော…

Read More
VOM News

FREE
VIEW