ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို နိုင်ငံမှထွက်ခွာခွင့် အထူးတရားရုံးတားမြစ်လိုက်ပြီ

ကရာကတ်၊ ဇန်န၀ါရီ-၃၀

မျိုးဆက် (VOM)

 

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုအား နိုင်ငံအတွင်းမှ ထွက်ခွာခွင့်ကို ဗင်နီဇွဲလား အထူးတရားရုံးက ပိတ်ပင်လိုက်ပြီး ၎င်းရဲ့ ဘဏ်အကောင့်တွေကိုလည်း ထိန်းသိမ်းလိုက်ပါတယ်။

မစ္စတာ ဂွိုင်ဒိုဟာ လွန်ခဲ့တဲ့သီတင်းပတ်က ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာလိုက်ပြီးနောက် လက်ရှိသမ္မတ မာဒူရိုနှင့် အာဏာရယူမှု ပြိုင်ဆိုင်တာတွေမြင့်တက်လာနေချိန်မှာ အထူးတရားရုံးကနေ ယခုလို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

၎င်းကို အမေရိကန်နှင့် အခြားနိုင်ငံများက ကျောထောက်နောက်ခံပြုထားပြီး သမ္မတမာဒူရိုကိုလည်း ရုရှားအပါအ၀င် မဟာမိတ်တွေက ထောက်ခံပေးထားပါတယ်။ လက်ရှိသမ္မတ မာဒူရိုကတော့ အတိုက်အခံခေါင်းဆောင်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ဗင်နီဇွဲလားနိုင်ငံအတွက် ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ မိမိတို့ပြောဆိုနိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ အတိုက်အခံခေါင်းဆောင်နဲ့ ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ ၎င်းကပြောပါတယ်။

အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကတော့ ၎င်းအားထောက်ခံသူတွေကို ဇန်န၀ါရီ ၃၀ ရက်မှာ နှစ်နာရီကြာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့ တိုက်တွန်းထားပြီး ဆန္ဒပြပွဲကို ၎င်းတက်ရောက်မှာလားဆို တာတော့ရှင်းလင်းစွာ မသိရသေးပါဘူး။

မြောက်အမေရိကနဲ့ တောင်အမေရိက နိုင်ငံတွေကတော့ ဗင်နီဇွဲလားနိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းအတွင်း စစ်တပ်ရဲ့ဘယ်လိုပါဝင်ပတ်သက်မှုမျိုးကိုမဆို ဆန့်ကျင်လျက်ရှိပါတယ်။

သမ္မတမာဒူရိုကတော့ ရှစ်ရက်အတွင်း ဗင်နီဇွဲလားမှာ ရွေးကောက်ပွဲသစ်ကျင်းပဖို့တိုက်တွန်းထားတဲ့ ဥရောပနိုင်ငံတွေရဲ့ ရာဇသံကို ပယ်ချလိုက်ပြီး အဲဒီအစား သမ္မတရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်မှာ ကျင်းပပေးမယ်လို့ ၎င်းက ပြောဆိုလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကို ဖမ်းဆီးမယ်ဆိုရင်တော့ ဗင်နီဇွဲလားအနေနဲ့ နောက်ဆက်တွဲ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်က သတိပေးပြောဆိုထားပါတယ်။

Ref : BBC/RT

Photo : Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW