ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ အလှမယ် မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်လာတဲ့ နန်းအမရာက ရင်သားနည်းနည်းကြီးချင်လို့ အတုထည့်ပြီး ပြုပြင်ဖို့ ဖို့စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ “Body Shaming ကတော့ ၀၀ပိန်ပိန် ခုနောက်ပိုင်း လုပ်ဆောင်ကြပါတယ်။ Confidence ရှိရင်တော့ အကောင်းဆုံးပေါ့။ ညီမကိုလည်း မေးကြတယ်။ အတုလား ၊ အစစ်လားလို့ မေးခဲ့ရတာတွေလည်း ရှိပါတယ်။ အမြဲဖြေရပါတယ်။ တကယ်တော့ ညီမရဲ့ခန္ဓာကိုယ့်က အစစ်ပါ အတုတောင်ထည့်ဖို့ စိတ်ကူးရှိပါတယ်။ နည်း နည်းကြီး ချင်လို့ပါ။ ညီမက ဆီလီကွန်ထည့်ထားတာ မဟုတ်ပါဘူး။ ဒီနိုင်ငံက အမျိုးသမီး တော်တော် များများ ရင်သားမရှိကြတာများတယ်။ ညီမကို အတုလို့ ထင်တာနေမယ်။ ညီမအသက်အရွယ်နဲ့ကတော့ ဒီလောက်ရှိ သင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်နဲ့ အဆင်ပြေပြီး ကိုက်ညီမယ်ဆိုရင် ထည့်ကြပါတယ်”လို့ဆိုပါတယ်။ သူမတော့…
Read MoreMonth: January 2019
နိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်း အစိုးရက မဖြေရှင်းပေးလို့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က သမ္မတအဖြစ် ကြေညာ
ကရာကတ်၊ ဇန်န၀ါရီ-၂၄-၂၀၁၉ မျိုးဆက် (VOM) စီးပွားရေး အကြပ်အတည်းတွေဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံနိုင်ငံမှာ ယာယီ သမ္မတအဖြစ် အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ကြေညာလိုက်ပြီး ၎င်းကိုယာယီ သမ္မတအဖြစ် အသိအမှတ်ပြုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထောက်ခံပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုဟာ ဇန်န၀ါရီ ၂၃ ရက်က ကရာကတ်မှာ သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာလိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ သမ္မတထရန့်က ဒီလိုအသိအမှတ်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ သမ္မတ နီကိုးလပ် မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရက ဒီအကြပ်အတည်းကို ကိုင်တွယ်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေက အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဘရာဇီး၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံအပါအ၀င် တောင်အမေရိက နိုင်ငံတွေကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် မစ္စတာဂွိုင်ဒိုကို အသိအမှတ်ပြုနေကြပါတယ်။ ဒါပေမယ့် မက္ကဆီကို၊…
Read Moreရခိုင်မှာ စစ်ဘေးရှောင်ကလေးတွေကျောင်းပြန်တက်နိုင်ဖို့စီစဉ်သော်လည်း တချို့နေရာတွေမှာ ကျောင်းတွေကိုပိတ်ထားဆဲမို့ ပညာသင်ကြားခွင့်မရဖြစ်နေသေး
ကျောက်တော်၊ ဇန်နဝါရီ ၂၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ကျေးရွာအများအပြားကဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အဲဒီစစ်ဘေးရှောင်တွေထဲမှာ ကျောင်းသား/သူတွေပါဝင်နေတာကြောင့် ရောက်ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ပညာရေးဌာနကစီစဉ်ပေးထားပါတယ်။ ဒါ့အပြင် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းက ထွက်ပြေးတိမ်းရှောင်မှုရှိသေးတဲ့ ကျေးရွာနှစ်ရွာမှာတော့ ဒေသအခြေအန မတည်ငြိမ်တာကြောင့် ကျောင်းတွေကိုယာယီပိတ်ထားရတဲ့အတွက် ကလေးငယ်တွေ ပညာသင်ကြားခွင့် မရရှိဘဲရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တချို့ကလေးတွေက ကျောင်းမတက်ရသူတွေလည်းရှိတယ်။ ကျောင်းတက်ရတဲ့သူတွေလည်းရှိတာပေါ့။ အခုဆိုရင် ကျွန်တော်တို့ဘက်က အပေါ်မှာ ကလေးတွေကျောင်းမတက်ရဘူး။ အပေါ်ကနေဆင်းလာတဲ့ ကလေးတွေကတော့ ကျောင်းတက်ရတာပေါ့။ လမုကိုင်းနဲ့ခရုတက်ကတော့ ကျောင်းမတက်ရဘူး။”လို့ ပါချေကျေးရွာသားတစ်ဦးက ပြောပါတယ်။ ထွက်ပြေးရောက်ရှိလာခဲ့ကြတဲ့ကလေးငယ်တွေကို ယာယီနေထိုင်နေကြတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ ပညာသင်ကြားပို့ချပေးနေပေမယ့် အခက်အခဲတချို့ရှိနေတာကြောင့် ကျောင်းမတက်တဲ့ကလေးငယ်တွေလည်း ရှိနေတာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ကတော့ အကုန်လုံးကိုကျောင်းတက်ခိုင်းထားပါတယ်။ မိဘတွေကိုလည်းပြောထားပါတယ်။ ရွာမှာက မူလတန်းကျောင်းရှိတယ်။ အဲဒီမှာတက်ခိုင်းထားပါတယ်။ ဒါပေမယ့် မတက်သူတွေလည်းရှိတယ်။ ဘာကြောင့် မတက်လဲတော့ မသိဘူး”လို့…
Read Moreချင်းအမျိုးသားနေ့ ကျင်းပမည့် ရက်နှင့် တူနေသည့် အခြေခံပညာစာမေးပွဲ ရက်ရွှေ့ကျင်းပမည်
ဟားခါး ဇန်န၀ါရီ ၂၄-၂၀၁၉ မိုင်ချယ်ရီ (VOM) ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ကျင်းပမယ့် (၇၁) နှစ် ပြည့် ချင်းအမျိုးသားနေ့နဲ့ ရက်တူနေတဲ့ အခြေခံပညာ စာမေးပွဲ ရက်ကို ရက်ရွှေ့ ကျင်းပသွားမှာ ဖြစ်တယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အခြေခံပညာ စာသင်တန်း ဖြစ်တဲ့ စတုတ္ထတန်း နဲ့ အဋ္ဌမတန်း စာမေးပွဲတွေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တနင်္လာနေ့ ကနေ စပြီး ဖေဖော်ဝါရီလ ၁၉ ရက် ၊ ဖေဖော်ဝါရီလ ၂၀ ရက် ၊ဖေဖော်ဝါရီလ ၂၁ ရက် ၊ဖေဖော်ဝါရီလ ၂၂ ရက် နဲ့ ဖေဖော်ဝါရီလ ၂၅ ရက် နေ့တွေမှာ ကျင်းပဖို့ အခြေခံပညာဦးစီးဌာနကနေ…
Read Moreအာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံထိမှန်ခဲ့တဲ့ပစ္စည်းအစစ်တွေကို ကျဆုံးခဲ့တဲ့အခန်းမှာပဲ ပြသနိုင်ဖို့ စီစဉ်နေ
ရန်ကုန် ဇန်နဝါရီ ၂၃-၂၀၁၉ TGH (VOM) ရန်ကုန်အမျိုးသားပြတိုက်မှာ ထိန်းသိမ်းပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံထိမှန်ခဲ့တဲ့ ပရိဘောဂပစ္စည်းတွေကို အတွင်းဝန်ရုံးမှာ ပြသနိုင်ဖို့ ဆွေးနွေး တောင်းဆိုသွားမယ်လို့ ၀န်ကြီးများရုံးဟောင်းပြုပြင် ထိန်းသိမ်း ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိန်းကပြောပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့ အတွင်းဝန်များရုံးအဆောက်အဦး မွမ်းမံပြင်ဆင်မှုအပိုင်းအနေဖြင့် ၈၅ ရာခိုင်နူန်းခန့်ပြီးစီးနေပြီပါတယ်။ မွမ်းမံပြင်ဆင်မှုတွေ ပြီးစီးသွားတဲ့အခါ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်တွေလုပ်ကြံခံခဲ့ရတဲ့ အခန်းကို အာဇာနည်ပြခန်းအဖြစ် ပြသမှာဖြစ်သလို လွှတ်တော်အခန်းကိုပါ ပြခန်းအဖြစ် ပြည်သူတွေလေ့လာနိုင်အောင် ဖွင့်လှစ်ပြသပေးမယ်လို့ ဆိုပါတယ်။ ” ဗိုလ်ချုပ်လုပ်ကြံခံရတဲ့ အခန်းကိုပြမယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရစဉ်က ကျည်ဆံမှန်ထားတဲ့ ပရိဘောကပစ္စည်းတွေရှိတယ်ဟာတွေရှိတယ်။ အဲ့ဒာတွေကို အမျိုးသားပြတိုက်ကထိန်းသိမ်းထားတယ်။သူတို့ဘက်ကိုတောင်းတော့ကြည့်မယ်။ရရင်တော့ အစစ်တွေ ပြနိုင်မယ်။မရရင်တော့ အစစ်နီးပါးဖြစ်မယ့် ပုံတူတွေပြသမယ်။ “လို့ ဒေါက်တာမောင်မောင်သိန်းကပြောပါတယ်။ လွှတ်တော်ပြခန်းဟာဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဆုံးလွှတ်တော်ကျင်းပတဲ့နေရာဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ဓာတ်ပုံမှတ်တမ်းတွေအပါအဝင် ရုပ်သံဗီဒီယိုကလစ်တွေ…
Read Moreကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဉ် တိုက်ပွဲတွေရပ်စဲပေးရေးတိုက်တွန်းပေးဖို့ ANP အကြံပြု
ဇန်န၀ါရီ ၂၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက မြို့နယ်လေးမြို့နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA တို့ရဲ့တိုက်ပွဲတွေကို ရပ်စဲပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြုလုပ်နိုင်ရေးအတွက် နှစ်ဖက်အဖွဲ့အစည်းတွေကို တိုက်တွန်းပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ အထူးကိုယ်စားလှယ်ကို ရခိုင်အမျိုးသားပါတီ ANP က အကြံပြုတောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုကို မနေ့ဇန်န၀ါရီ ၂၂ ရက်နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် Ms.Cristine Schraner Burgner ဟာ စစ်တွေမြို့ကိုရောက်ရှိလာခဲ့ပြီးတော့ ရခိုင်အမျိုးသားပါတီနဲ့ မနေ့ကညနေပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ “မြန်မာ့တပ်မတော်နဲ့ AA တို့ဖြစ်နေတဲ့တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ ငြိမ်းချမ်းရေးစကားဝိုင်းကို သွားဖို့အတွက် နှစ်ဖက်စလုံးကိုတိုက်တွန်းဖို့အတွက် အကြံအညာဏ်ပြုပါတယ်။ နောက်ပြီးတော့ စစ်ဘေးဒုက္ခသည်တွေနဲ့ပတ်သက်လို့ အကူအညီပေးတာတွေမှာ တချို့တချို့ဒေသတွေကိုသွားဖို့အတွက် လမ်းကြောင်းပိတ်တာတွေရှိတယ်။ ဒါတွေကိုဖွင့်ပေးဖို့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။”လို့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေအများပြားလိုအပ်နေပြီး အဲဒီလိုအပ်ချက်တွေကို အရပ်ဖက်အဖွဲ့အစည်းတွေက…
Read Moreကာဒစ်ဖ်တိုက်စစ်မှူးပျောက်ဆုံးပြီးနောက် တွစ်တာမှာတင်တဲ့ဓါတ်ပုံကြောင့် ဝေဖန်ခံနေရတဲ့ ရော်နယ်ဒို
လန်ဒန်၊ ဇန်န၀ါရီ-၂၃-၂၀၁၉ ရန်နိုင်ထွန်း (VOM) ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဖ် အသင်းကနေ စာချုပ်ချုပ်ဆိုလိုက်တဲ့ တိုက်စစ်မှူးသစ် အီမီလီယာနို ဆာလာ ပျောက်ဆုံးပြီးနောက် မကြာမီအချိန်မှာဘဲ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ပြုံးရွှင်စွာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ပုံကို တွစ်တာမှာ တင်ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသက် ၂၈ နှစ်အရွယ် ကာဒစ်ဖ်အသင်းကနေ ပေါင်၁၅ သန်းနဲ့ စာချုပ်ချုပ်ဆို ခေါ်ယူလိုက်တဲ့ တိုက်စစ်မှူသစ်ဆာလာဟာ အင်္ဂလန်မြေကို လေယာဉ်မှူးတစ်ဦးနဲ့အတူ ဇန်န၀ါရီ ၂၂ ရက်က လာရောက်ရာမှာ ည ၈ နာရီ ခွဲမှာ လေယာဉ်ဟာ အဆက်အသွယ်ပြတ် ပျောက်ဆုံးသွားတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အခွန်တိမ်းရှောင်မှုကြောင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ တရားရုံးတစ်ခုက ပေါင် ၁၆ ဒသမ ၆သန်းဒါဏ်ငွေပေးဆောင်ဖို့အမိန့်ကို ဇန်န၀ါရီ ၂၂ ရက်မှာ လက်ခံပြီးနောက် အီတလီကိုပြန်လာတဲ့ ခရီးမှာ…
Read Moreအချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတဲ့ မိုးစက်ဝိုင်
ရန်ကုန် ဇန်န၀ါရီ ၂၃-၂၀၁၉ သင်းသဒ္ဒါ(VOM) အလှမယ် လောကတဆင့် သရုပ်ဆောင်ပိုင်းကိုပါ လုပ်ဆောင်လာတဲ့ မိုးစက်ဝိုင်ကတော့ အချစ်ရေးမှာ စဉ်းစားတာများလို့ တစ်ယောက်တည်းဖြစ်နေတယ်လို့ သိရပါတယ်။ ” မိုးစက် အချစ်ရေးကတော့ ထွေထွေထူးထူးမရှိပါဘူး။ ဒီတိုင်း ဒီလိုပဲဖြေနေရလို့လည်း အားနာမိပါတယ်။ လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ။ မိုးစက်ကိုယ်တိုင်က သူများထက် စဉ်းစားတာတွေ များတာကြောင့် တစ်ယောက်တည်းဖြစ်နေတယ်လို့ ထင်ပါတယ်။ အချစ်က ရှိရမယ်လို့လည်း မိုးစက် ခံယူမထားပါဘူး။ သူငယ်ချင်း အချစ်၊ မိသားစုအချစ်၊ မောင်နှမအချစ်တွေလည်း ရှိတာဆိုတော့ ဒါတွေကိုချစ်ပေးရဦးမယ်လို့ ခံယူထားမိ ပါတယ်”လို့ဆိုပါတယ်။ သူမရဲ့ အမြင်ကတော့ အချစ်ရေးတို့ အိမ်ထောင်ရေးဆို ဝေဖန်တယ်ဆိုတာကို မိုးစက်ဆိုလည်း မကြိုက်ဘူး။ တခြားသူတွေလည်း ကြိုက်တယ်မယ်လို့ မိုးစက်မထင်ပါဘူးဆိုပါတယ်။ ‘မိုးစက်က ဟာသကားမှာ ပါဝင်ထားပါတယ်။ မိုးစက်ရဲ့ ပထမဆုံး ရုပ်ရှင်စရိုက်ကူးဖူးတဲ့ကားလည်း ဖြစ်တယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး အရည်အချင်းတွေလည်း…
Read Moreရုရှားသမ္မတပူတင်အပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေ
မော်စကို၊ ဇန်န၀ါရီ-၂၃-၂၀၁၉ မျိုးဆက် (VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် ရုရှားပြည်သူတွေရဲ့ ယုံကြည်မှုဟာ ၁၃ နှစ်အတွင်း အနိမ့်ဆုံးကျဆင်းနေတယ်လို့ ရုရှားနိုင်ငံ ပြည်သူ့ဆန္ဒ သုတေသနဌာနရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ သမ္မတပူတင်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုဟာ ၃၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဒီလို ယုံကြည်မှု ကျဆင်းတာဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ထောက်ခံမှုအနည်းဆုံးဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီလို ယုံကြည်မှု ကျဆင်းလာတာကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရပြီး လွန်ခဲ့တဲ့ မတ်လက နောက်ထပ်ခြောက်နှစ်တာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့တဲ့ ပူတင်အတွက် ချက်ချင်း သက်ရောက်မှုမရှိပေမယ့် သမ္မတရာထူးအတွက် ရေရှည်ယှဉ်ပြိုင်ပွဲတွေအတွက် နောင်တစ်ချိန်မှာ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၂၀၁၅ ခုနှစ် ဇူလိုင်လမှာ ပူတင်အပေါ်…
Read Moreမြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍမှာ ပြည်သူတွေ ယုံကြည်ကိုးစား ရှိလာဖို့အရေးအတွက် အဆိုတင်သွင်း
နေပြည်တော် ဇန်နဝါရီ ၂၃-၂၀၁၉ ဒီပ(နေပြည်တော် VOM) ဇန်နဝါရီလ(၂၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး ကနေ ပြည်သူများ ယုံကြည်ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးကဏ္ဍ ဖြစ်ထွန်းဖို့နဲ့ တရားသူကြီး အမှုသည်နဲ့ သက်သေများဟာ တရားခွင်မှာ ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရေးနဲ့ပတ်သက်ပြီး အဆိုတင်သွင်းခဲ့ပါတယ် ။ ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံခဲ့ပြီးတဲ့နောက် ဆွေးနွေးမယ့် ကိုယ်စားလှယ်များဟာ အစည်းအဝေးနားချိန်မှာ အမည်စာရင်းတင်သွင်းဖို့ လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သလို မကြာခင်ဆွေးနွေးသွားဖွယ်ရှိပါတယ်။ ဒီအဆိုတင်သွင်းတဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ပြည်သူနဲ့တရားသူကြီးတွေရဲ့အကြား ယုံကြည်မှုကို အထောက်အပံ့ဖြစ်စေမယ်လို့ ဦးစိုးမိုးက အခုလို ပြောကြားခဲ့ပါတယ်။ #voiceofmyanmar#တရားစီရင်ရေးကဏ္ဍ#ဦးစိုးမိုး#
Read More