နိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်း အစိုးရက မဖြေရှင်းပေးလို့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က  သမ္မတအဖြစ် ကြေညာ

ကရာကတ်၊ ဇန်န၀ါရီ-၂၄-၂၀၁၉

မျိုးဆက် (VOM)

စီးပွားရေး အကြပ်အတည်းတွေဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံနိုင်ငံမှာ  ယာယီ သမ္မတအဖြစ် အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ကြေညာလိုက်ပြီး ၎င်းကိုယာယီ သမ္မတအဖြစ်  အသိအမှတ်ပြုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထောက်ခံပြောကြားလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုဟာ ဇန်န၀ါရီ ၂၃ ရက်က  ကရာကတ်မှာ သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာလိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ သမ္မတထရန့်က ဒီလိုအသိအမှတ်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ သမ္မတ နီကိုးလပ် မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရက ဒီအကြပ်အတည်းကို ကိုင်တွယ်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေက အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ဘရာဇီး၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံအပါအ၀င် တောင်အမေရိက နိုင်ငံတွေကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် မစ္စတာဂွိုင်ဒိုကို အသိအမှတ်ပြုနေကြပါတယ်။ ဒါပေမယ့် မက္ကဆီကို၊ ကျူးဘားမက္ကဆီကို ၊ ဘိုလီဗီယားနဲ့ ကျုးဘားနိုင်ငံတို့ကတော့ သမ္မတ မာဒူရိုကို ထောက်ခံနေကြပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ ဒီလိုထောက်ခံပြောဆိုမှုကြောင့် သမ္မတမာဒူရိုဟာ အမေရိကန် -ဗင်နီဇွဲလားဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်လိုက်ပြီး အမေရိကန်သံတမန်တွေကိုလည်း ၇၂ နာရီအတွင်း နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ထုတ်လိုက်ပါတယ်။

အီးယူကလည်း ဗင်နီဇွဲလားရွေးကောက်ပွဲကို ပြန်လည်ကျင်းပဖို့ တိုက်တွန်းနေပြီး ကနေဒါနိုင်ငံကလည်း အတိုက်အခံခေါင်းဆောင်ကို ထောက်ခံနေပါတယ်။ အမေရိကန်နဲ့ အတိုက်အခံခေါင်းဆောင် မစ္စတာဂွိုင်ဒိုတို့က သမ္မတမာဒူရိုအပေါ် သစ္စာမခံတော့ဖို့စစ်တပ်ကို တိုက်တွန်းခဲ့ပေမယ့် ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးကတော့ ဒီလိုပြောဆိုမှုအတွက် မစ္စတာဂွိုင်ဒိုကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ငွေးကြေးဖောင်းပွမှုအလွန်မြင့်မားခြင်း၊ စွမ်းအင်ပြတ်လပ်မှုတွေနဲ့ အခြေခံကုန်ပစ္စည်တွေ ရှားပါးတာတွေ ကြောင့် ပြည်သူသန်းပေါင်းများစွာမှာ ဗင်နီဇွဲလားနိုင်ငံကနေ စွန့်ခွာနေကြပါတယ်။

ရွေးကောက်ပွဲကို အတိုက်အခံတွေက သပိတ်မှောက်ခဲ့ပြီး မဲမသမာမှုများပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ပြီးနောက် သမ္မတမာဒူရိုဟာ ယခုလအတွင်းက ဒုတိယအကြိမ် သမ္မတ သက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

အမေရိကန်ဟာ  ဗင်နီဇွဲလားနိုင်ငံကို အဝေးကအုပ်ချုပ်ဖို့ ကြိုးစားနေကြောင်းနဲ့ ဗင်နီဇွဲလား အတိုက်အခံတွေက လည်း အာဏာသိမ်းဖို့ ကြံစည်နေကြောင်း သမ္မတ မာဒူရိုက စွပ်စွဲပြောဆိုပါတယ်။

Ref : BBC

Photo : Reuter/ AP

Related posts

Leave a Comment

VOM News

FREE
VIEW