ရခိုင်စစ်ဘေးရှောင်တွေ အိမ်ပြန်ချင်သော်လည်း

စစ်တွေ ဇန်နဝါရီ ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ကျေးရွာသားတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုရပ်စဲပေးဖို့ စစ်ဘေးရှောင်တွေက လိုလားနေကြပါတယ်။ လက်ရှိမှာတော့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာခဲ့ကြရတဲ့အတွက် အလုပ်အကိုင်တွေနဲ့ စပါးခင်းတွေကို မရိတ်သိမ်းဘဲစွန့်ပစ်ထွက်ပြေးလာခဲ့ရတာဖြစ်တယ်လို့ စစ်လေးရှောင်တွေက ပြောပါတယ်။ #voiceofmyanmar#ရခိုင်စစ်ဘေးရှောင်

Read More

မန္တ​လေးတိုင်း​ဒေသကြီး ရဲ့ e-Goverment စနစ် စတင်​အ​ကောင်​အထည်​​ဖော်

မန္တ​လေး၊ ဇန်​နဝါရီ ၂၄-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီး အစိုးရရဲ့ လက်​ရှိလုပ်​​ဆောင်​​နေတဲ့ လုပ်​ငန်း​ဆောင်​တာ​တွေကို ICTနည်းပညာသုံးကာ ပိုမိုမြန်​ဆန်​ပြီး ပြည်​သူ​တွေကို ဝန်​​ဆောင်​မှု​ပေးတဲ့ စနစ်​(e-Government) စင်​တာဖွင့်​လှစ်​ပွဲကို ​ဒီက​နေ့ ​နေ့လည်​၁နာရီက မန္တ​လေးတိုင်း​ဒေသကြီး လွတ်​​တော်​ရုံး​ဟောင်းမှာ ပြုလုပ်​ခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#e-Govermentစင်​တာ#

Read More

ထိုင်းရွေးကောက်ပွဲ မတ် ၂၄ ရက်မှာကျင်းပဖို့ ကြေညာ၊ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ၀င်ရောက်ယှဉ်ပြိုင်မည်

ဘန်ကောက်၊ ဇန်န်ဝါရီ-၂၄-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က စစ်တပ်ကအာဏာသိမ်းပြီး ငါးနှစ်ကြာပြီးနောက် အများမျှော်လင့်နေတဲ့ ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို ကျင်းပတော့မှာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ဇန်န၀ါရီ ၂၃ ရက်က ကြေညာပါတယ်။ ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းက ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ဇန်န၀ါရီ ၂၃ ရက်က တော်ဝင်အမိန့်ထုတ်ပြန်ပြီးနောက် မတ်လ ၂၄ ရက်မှာ ရွေးကောက်ပွဲကျင်းပမှာဖြစ်တယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ဇန်န၀ါရီ ၂၃ ရက်နေ့လည်ပိုင်းတွင် ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရွေးချယ်ဖို့အတွက် အထွေထွေရွေးကောက်ပွဲကို မတ် ၂၄ ရက်မှာကျင်းပဖို့ သဘောတူခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကပြောပါတယ်။ ၏ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာက ထိုင်းနိုင်ငံမှာ လက်ရှိအုပ်ချုပ်နေတာဖြစ်ပါတယ်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး…

Read More

Banana (ခ) ခြိမ့်ကေကို ဗီဒီယိုမင်းသားဖြစ်တော့မည်

ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ(VOM) လူကြမ်းသရုပ်ဆောင်လို ပရိသတ်သိထားကြတဲ့ နိုင်လူကတော့ ကိုယ်တိုင်ဒါရိုက်တာနေရာပြီးတော့ Banana (ခ) ခြိမ့်ကေကို ကိုမင်းသားအဖြစ်တင်ရိုက်မယ်လို့ ဆိုပါတယ်။ “သဘက်ခါမှာတော့ အနုပညာဝါသနာပါတဲ့ ကလေးတွေအတွက် မြေတောင်မြှောက်ပေးတဲ့အနေနဲ့ Bananaနဲ့ သင်္ကြန်မမဆိုတဲ့ ဇာတ်ကား ရိုက်ကူးမှာပါ။ Banana သူ့ရဲ့ စိတ်ဓာတ်က အနုပညာကိုဝါသနာပါတယ်။ ဖြစ်ချင်တယ် နားမလည်ဘူး။ သူရဲ့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းကိုခံရတယ်၊ တစတစနဲ့ Banana ကိုသိ လားမေးရင် လူတိုင်းလည်း သိကြတယ်”လို့ဆိုပါတယ်။ လောကနတ် ဗီဒီိယိုထုတ်လုပ်ရေးကနေ သရုပ်ဆောင် နိုင်လူက ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေး မှာဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန်ဇာတ်ကားကိုတော့ ဒရာမာဇာတ်ပုံစံ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ၂၉ ရက်မှာ သင်္ကြန်ဇာတ်ကားတစ်ကားကို ခြိမ့်ကေကို(ခ) Banana နဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ Banana ကို ဘယ်ကြောင့်ရွေးချယ်ဖြစ်လဲဆိုရင်တော့ “ခုခေတ်မှာ…

Read More

မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ အ​နေနဲ့​​ ​ပေးလိုက်​တဲ့ကတိကဝတ်​ကို တကယ်​ကြိုးစား​ပေးလိမ့်မယ်လို့ ​​ကျောင်းသား​​တွေမျှော်လင့်

မန္တ​လေး၊ ဇန်​နဝါရီ ၂၄-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲက ဝန်​ကြီး​တွေနဲ့ ​​ကျောင်းသားသမဂ္ဂကိုယ်​စားလှယ်​​တွေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးမှုကို ဒီက​နေ့ မနက်​ပိုင်းက တိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်​ခဲ့ပါတယ်​။ ​ “မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ က တက်​နိုင်​တဲ့ဘက်​က ဖမ်းဆီးခံထားရတဲ့​ကျောင်းသား​တွေရဲ့ အမှု​တွေကို ​ဖြေ​လျှော့​ပေးသွားမှာဖြစ်​ပြီး မန္တ​လေးတိုင်းအတွင်းက ​ကျောင်းသား​တွေအသတ်​ခံရတဲ့ အမှု​တွေကိုလည်း အတတ်​နိုင်​ဆုံး ​ဆောင်​ရွက်​​ပေး​နေတယ်​လို့” ​တွေ့ဆုံမှုမှာ ပါဝင်​တဲ့ ပခုက္ကူ ​တက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေးမှူး ကိုသက်​​မောင်​​မောင်​က ​ပြောပါတယ်​။ ​တွေ့ဆုံမှုမှာ ​မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ၊ လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး ​ကျော်​​ကျော်​မင်း နှင့်​ အခြား​သောသက်​ဆိုင်​ရာဝန်​ကြီး များနဲ့ ​ကျောင်းသားသမဂ္ဂ ကိုယ်​စားလှယ်​(၃)ဦး တို့​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး ​​တွေ့ဆုံမှုမှာ​ ဝန်​ကြီးချုပ်​​ပေးခဲ့တဲ့ ကတိကဝတ်​​တွေကိုလည်း တကယ်​ကြိုးစား​ပေးပါလို့ ​ကျောင်းသားသမဂ္ဂကိုယ်​စားလှယ်​​တွေက ​ပြောပါတယ်​။ #voiceofmyanmar#မန္တ​လေး#ဝန်​ကြီးအဖွဲ့နဲ့​ကျောင်းသားသမဂ္ဂတို့တွေ့ဆုံ

Read More

တရုတ်နိုင်ငံကနေ ပြန်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၆၀ကို တယောက် ၄သိန်း၈သောင်းဆီ စစ်ကိုင်းတိုင်းအစိုးရထောက်ပံ့

မုံရွာ ဇန်နဝါရီ ၂၄-၂၀၁၉ ဗျဂ္ဃ(VOM) တရုတ်နိုင်ငံကို လူခေါ်ပွဲစားတွေကတဆင့် တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး အခက်အခဲတွေကြုံတွေ့ခဲ့ရလို့ အစိုးရနှင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဇန်နဝါရီလ ၂၃၊ ၂၄ ရက်နေ့တွေမှာ ပြန်လည်ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးကို ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မုံရွာမြို့ မြို့တော်ခန်းမမှာ တိုင်းအစိုးရက အသိပညာပေးတာ၊ မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးတာနှင့် ငွေကြေးထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ကလေးမြို့နယ်၊ မုံရွာမြို့နယ်တွေက အလုပ်သမားတွေက လူခေါ်ပွဲစားတွေကနေတဆင့် တလကို ငွေဘယ်လောက်ရမယ်၊ ဘယ်မှာဘယ်လိုလုပ်ရမယ်ဆိုပြီး ဟိုရောက်မှ သူတို့ပြောသလိုမဟုတ်ဘဲ အလိမ်ခံခဲ့ရတာပါ။ ပြန်လာတဲ့ အယောက် ၆၀ ထဲမှာ ၄၅ ယောက်က ယူနန်ပြည်နယ်အတွင်း ကြံစိုက်ခင်းတွေမှာ လုပ်ကိုင်ခဲ့ရပြီး ကျန်တဲ့ ၁၅ ယောက်ကတော့ ပင်လယ်ကမ်းစပ်မှာ လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ပြည်ပကို…

Read More

မောင်တောနယ်စပ် မိုင်တိုင် ၄၁ အနီးတိုက်ပွဲဖြစ်ပွား

မောင်တော၊ ဇန်နဝါရီ ၂၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဒီကနေ့နံနက်ပိုင်းက တိုက်ပွဲငယ်တစ်ခုဖြစ်ပွားခဲ့ပြီး နယ်စပ်ခြံစည်းရိုးအနီးရှိ ကင်းစခန်းတစ်ခု ထိခိုက်မှုရှိခဲ့ပါတယ်။ အဲဒီကင်းစခန်းဟာ မိုင်တိုင်အမှတ် ၄၁ မှာရှိတဲ့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ကင်းစခန်းတစ်ခုဖြစ်ပြီး တစ်ဖက်အဖွဲ့အစည်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ “တိုက်ပွဲက လောလောဆယ်မှာ ပြီးသွားပါပြီ။ ခဏလေးဖြစ်ခဲ့တာပါ။ မိုင်တိုင် ၄၁ မှာရှိတဲ့ ကင်းစခန်းတစ်ခုကို လှန်းပြီးတော့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။”လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။ အခုလိုပစ်ခတ်ခဲ့တဲ့အဖွဲ့အစည်းဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကပစ်ခတ်တာဖြစ်နိုင်ကြောင်းနဲ့ ထိခိုက်မှုအနည်းငယ်ရှိ ခဲ့တယ်လို့ ပြောပါတယ်။ “ပစ်တာကတော့ အဝေးကလှန်းပစ်သွားတာပါ။ ဘယ်အဖွဲ့အစည်းဆိုတာကတော့ အကြမ်းဖက်အဖွဲ့အစည်းပါပဲ။ ပစ်ခတ်ခံလိုက်ရတဲ့အတွက် ထိခိုက်မှုတွေအနည်းအကျဉ်းရှိပါတယ်။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။ အဲ့ဒီစခန်းမှာ နယ်ခြားစောင့်ရဲဝန်ထမ်း ၁၀ ဦးကျော်ရှိပြီး ခြံစည်းရိုးနဲ့မီတာ ၁၅၀ ခန့်အကွာ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း တောင်ကုန်းပေါ်ကနေ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Read More

ဒေါ်နယ်ထရန့်ကို ယုံကြည်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဆို

ပြုံးယမ်း၊ ဇန်န၀ါရီ-၂၄ မျိုးဆက် (VOM) မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ စာတစ်စောက်လက်ခံရရှိပြီးနောက် ချီးကျူးစကားဆိုလိုက်ပြီး ဒေါ်နယ်ထရန့်ကို ယုံကြည်တယ်လို့ ပြောဆိုလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဇန်န၀ါရီ ၂၄ ရက်က ဖော်ပြပါတယ်။ အဆိုပါ စာကို လွန်ခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်သို့သွားရောက်ခဲ့တဲ့ ကင်ဂျုံအန်၏ရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးက သမ္မတထရန့်ထံမှ ယူဆောင်လာတာဖြစ်ပါတယ်။  သမ္မတထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြုလုပ်ဖို့စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့တာတွေနဲ့ ဖိအားတွေ ဆက်လက်ထားရှိနေမယ်ဆိုရင် နျူကလီးယားအရေးနဲ့ပတ်သက်ပြီး လမ်းကြောင်းသစ်ရှာဖွေနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးပြီး သီတင်းပတ်အနည်းငယ်အကြာမှာတော့ သမ္မတဒေါ်နယ်ထရန့်ရဲ့ ချဉ်းကပ်မှုကို မိမိအနေနဲ့ ယုံကြည်ရမယ်လို့ ကင်ဂျုံအန်က ပြောဆိုလိုက်တာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းနဲ့အတူ စောင့်ဆိုင်းခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အပြုသဘောဆောင်သော စဉ်းစားတွေးခေါ်မှုနဲ့အတူ အမေရိကန်နဲ့…

Read More

ရင်သားပြုပြင်ဖို့ စိတ်ကူးနေတဲ့အလှမယ် နန်းအမရာ

ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉ သင်းသဒ္ဒါ အလှမယ် မော်ဒယ်လ် တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ဆောင်လာတဲ့ နန်းအမရာက ရင်သားနည်းနည်းကြီးချင်လို့ အတုထည့်ပြီး ပြုပြင်ဖို့ ဖို့စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ “Body Shaming ကတော့ ၀၀ပိန်ပိန် ခုနောက်ပိုင်း လုပ်ဆောင်ကြပါတယ်။ Confidence ရှိရင်တော့ အကောင်းဆုံးပေါ့။ ညီမကိုလည်း မေးကြတယ်။ အတုလား ၊ အစစ်လားလို့ မေးခဲ့ရတာတွေလည်း ရှိပါတယ်။ အမြဲဖြေရပါတယ်။ တကယ်တော့ ညီမရဲ့ခန္ဓာကိုယ့်က အစစ်ပါ အတုတောင်ထည့်ဖို့ စိတ်ကူးရှိပါတယ်။ နည်း နည်းကြီး ချင်လို့ပါ။ ညီမက ဆီလီကွန်ထည့်ထားတာ မဟုတ်ပါဘူး။ ဒီနိုင်ငံက အမျိုးသမီး တော်တော် များများ ရင်သားမရှိကြတာများတယ်။ ညီမကို အတုလို့ ထင်တာနေမယ်။ ညီမအသက်အရွယ်နဲ့ကတော့ ဒီလောက်ရှိ သင့်တယ်လို့ ထင်ပါတယ်။ ကိုယ့်နဲ့ အဆင်ပြေပြီး ကိုက်ညီမယ်ဆိုရင် ထည့်ကြပါတယ်”လို့ဆိုပါတယ်။ သူမတော့…

Read More

နိုင်ငံရဲ့ စီးပွားရေးအကြပ်အတည်း အစိုးရက မဖြေရှင်းပေးလို့ ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင်က  သမ္မတအဖြစ် ကြေညာ

ကရာကတ်၊ ဇန်န၀ါရီ-၂၄-၂၀၁၉ မျိုးဆက် (VOM) စီးပွားရေး အကြပ်အတည်းတွေဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံနိုင်ငံမှာ  ယာယီ သမ္မတအဖြစ် အတိုက်အခံ ခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုက ကြေညာလိုက်ပြီး ၎င်းကိုယာယီ သမ္မတအဖြစ်  အသိအမှတ်ပြုတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ထောက်ခံပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုဟာ ဇန်န၀ါရီ ၂၃ ရက်က  ကရာကတ်မှာ သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာလိုက်ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ သမ္မတထရန့်က ဒီလိုအသိအမှတ်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းနေတဲ့ သမ္မတ နီကိုးလပ် မာဒူရိုရဲ့ ဗင်နီဇွဲလား အစိုးရက ဒီအကြပ်အတည်းကို ကိုင်တွယ်တာနဲ့ ပတ်သက်ပြီး ပြည်သူတွေက အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဘရာဇီး၊ ကိုလံဘီယာနဲ့ ပီရူးနိုင်ငံအပါအ၀င် တောင်အမေရိက နိုင်ငံတွေကလည်း ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် မစ္စတာဂွိုင်ဒိုကို အသိအမှတ်ပြုနေကြပါတယ်။ ဒါပေမယ့် မက္ကဆီကို၊…

Read More
VOM News

FREE
VIEW