မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ အ​နေနဲ့​​ ​ပေးလိုက်​တဲ့ကတိကဝတ်​ကို တကယ်​ကြိုးစား​ပေးလိမ့်မယ်လို့ ​​ကျောင်းသား​​တွေမျှော်လင့်

မန္တ​လေး၊ ဇန်​နဝါရီ ၂၄-၂၀၁၉

ဟိန်းကို(VOM)

မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲက ဝန်​ကြီး​တွေနဲ့ ​​ကျောင်းသားသမဂ္ဂကိုယ်​စားလှယ်​​တွေနဲ့ ​တွေ့ဆုံ​ဆွေး​နွေးမှုကို ဒီက​နေ့ မနက်​ပိုင်းက တိုင်း​ဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်​ခဲ့ပါတယ်​။

 “မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ က တက်​နိုင်​တဲ့ဘက်​က ဖမ်းဆီးခံထားရတဲ့​ကျောင်းသား​တွေရဲ့ အမှု​တွေကို ​ဖြေ​လျှော့​ပေးသွားမှာဖြစ်​ပြီး မန္တ​လေးတိုင်းအတွင်းက ​ကျောင်းသား​တွေအသတ်​ခံရတဲ့ အမှု​တွေကိုလည်း အတတ်​နိုင်​ဆုံး ​ဆောင်​ရွက်​​ပေး​နေတယ်​လို့” ​တွေ့ဆုံမှုမှာ ပါဝင်​တဲ့
ပခုက္ကူ ​တက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ အ​ထွေ​ထွေအတွင်း​ရေးမှူး ကိုသက်​​မောင်​​မောင်​က ​ပြောပါတယ်​။

တွေ့ဆုံမှုမှာ ​မန္တ​လေးတိုင်းဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ၊ လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး ​ကျော်​​ကျော်​မင်း နှင့်​ အခြား​သောသက်​ဆိုင်​ရာဝန်​ကြီး များနဲ့ ​ကျောင်းသားသမဂ္ဂ ကိုယ်​စားလှယ်​(၃)ဦး တို့​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး ​​တွေ့ဆုံမှုမှာ​ ဝန်​ကြီးချုပ်​​ပေးခဲ့တဲ့ ကတိကဝတ်​​တွေကိုလည်း တကယ်​ကြိုးစား​ပေးပါလို့ ​ကျောင်းသားသမဂ္ဂကိုယ်​စားလှယ်​​တွေက ​ပြောပါတယ်​။

#voiceofmyanmar#မန္တ​လေး#ဝန်​ကြီးအဖွဲ့နဲ့​ကျောင်းသားသမဂ္ဂတို့တွေ့ဆုံ

Related posts

Leave a Comment

VOM News

FREE
VIEW