Banana (ခ) ခြိမ့်ကေကို ဗီဒီယိုမင်းသားဖြစ်တော့မည်

ရန်ကုန် ဇန်န၀ါရီ ၂၄-၂၀၁၉

သင်းသဒ္ဒါ(VOM)

လူကြမ်းသရုပ်ဆောင်လို ပရိသတ်သိထားကြတဲ့ နိုင်လူကတော့ ကိုယ်တိုင်ဒါရိုက်တာနေရာပြီးတော့ Banana (ခ) ခြိမ့်ကေကို ကိုမင်းသားအဖြစ်တင်ရိုက်မယ်လို့ ဆိုပါတယ်။

“သဘက်ခါမှာတော့ အနုပညာဝါသနာပါတဲ့ ကလေးတွေအတွက် မြေတောင်မြှောက်ပေးတဲ့အနေနဲ့ Bananaနဲ့ သင်္ကြန်မမဆိုတဲ့ ဇာတ်ကား ရိုက်ကူးမှာပါ။ Banana သူ့ရဲ့ စိတ်ဓာတ်က အနုပညာကိုဝါသနာပါတယ်။ ဖြစ်ချင်တယ် နားမလည်ဘူး။ သူရဲ့ ပရိသတ်တွေရဲ့ မုန်းတီးခြင်းကိုခံရတယ်၊ တစတစနဲ့ Banana ကိုသိ လားမေးရင် လူတိုင်းလည်း သိကြတယ်”လို့ဆိုပါတယ်။

လောကနတ် ဗီဒီိယိုထုတ်လုပ်ရေးကနေ သရုပ်ဆောင် နိုင်လူက ဒါရိုက်တာအနေနဲ့ ရိုက်ကူးပေး မှာဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန်ဇာတ်ကားကိုတော့ ဒရာမာဇာတ်ပုံစံ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ၂၉ ရက်မှာ သင်္ကြန်ဇာတ်ကားတစ်ကားကို ခြိမ့်ကေကို(ခ) Banana နဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

Banana ကို ဘယ်ကြောင့်ရွေးချယ်ဖြစ်လဲဆိုရင်တော့ “ခုခေတ်မှာ သရုပ်ဆောင်သစ်တစ်ယောက်ကို ပရိသတ်သိဖို့ ခက်ခဲလှတယ်။ ဒါပေမယ့် Banana ကို သိသလားဆိုရင် လူတိုင်းသိကြတယ်။ ဒါကလည်း Myanmar Idol ရဲ့ကျေးဇူးကြောင့်ပေါ့။ ဘာမှမသိတဲ့ စိတ်ကိုပဲ ပရိသတ်ကကြိုက်ကြတယ်။ ရိုးသားတဲ့ စိတ်ရှိတယ်။ အိပ်မက်ကိုယ်ဆီ လူတိုင်းမှာရှိပေမယ့် လမ်းကြောင်းတစ်ခု ရလာဖို့ တည်မှတ်ပေးမယ့်သူ မရှိဘူး။တချို့လူငယ်တွေက အိပ်မက်မက်ပေမယ့် ဒီလောကပျောက်ပျောက် သွားကြတယ်။ ကိုယ့်ကတော့ ကိုယ်ချင်းစာပြီးတော့ လမ်းမှန်တည့်မတ်ပေးချင်တာပါ”လို့ ဆိုပါတယ်။

ဒါရိုက်တာနိုင်လူဟာ “ငါကိုပြန်သောက်တဲ့ အသက်” ပညာပေးသက်ငယ်မဒိန်း ဇာတ်ကို ရိုက်ကူးနေတယ်လို့ သိရပါ တယ်။ဒီဇာတ်ကားမှာလည်း Banana ကိုသားသမတ်နေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar#Banana#နိုင်လူ#ခြိမ့်ကေကို

Related posts

Leave a Comment

VOM News

FREE
VIEW