သူတို့အိမ်အခန်း (၂၀၄)

ဆူးငှက်     မန္တလေး မနော်ယမ္မံက အမေ့ခံများ ————————————–     မန္တလေးအကြောင်း ပြောကြပြီဆိုလျှင် မင်းတုန်းမင်း၊ အုတ်ကျစ်ကျော်ဧ မန္တလေး၊ တံခါးကြီး၁၂ရပ်၊ ၄၈ရပ်ပြာသာဒ်၊ မြို့တည်နန်းတည် ၇ဌာန၊ မဟာဂီတ၊ ပါတော်မူ၊ စိန်ဗေဒါ၊ မြို့မငြိမ်း၊ ဓားတန်ဦးသန့်၊ မြို့မတူရိယာအသင်း၊ မန်းရာပြည့်၊ အငြိမ့်၊ ဇာတ်နှင့် သဘင့်တက္ကသိုလ်၊ မန္တလေးရုပ်ရှင်နှင့် ဘဝသံသရာ၊ ယဉ်ကျေးမှုသင်္ကြန်နှင့် ရွှေမန်းတောင်ရိပ်ခို၊ ဦးကျားကြီးဝင်းမီးဘေးနှင့် ဝသုန္ဓရေလက်ရေး၊ ဒါတွေက မန္တလေး၏ မှတ်တိုင်များအဖြစ် အကြိမ်ကြိမ် ဆေးသုတ် ပြင်ဆင်ခြယ်မှုန်း ပြသ ခဲ့ကြသည်။ ထိုအချက်အလက်များပဲ ထုပ်ပိုးပြင်ဆင် အမည်ကပ် လက်ဆင့်ကမ်းခဲ့ကြသည်။ မန္တလေးမှာ အထင်က ရရှိခဲ့၊ ဖြစ်ပျက်ခဲ့၊ ထင်ရှားခဲ့သော်လည်း ခေတ်အဆက်ဆက် မေ့ခဲ့၊ မေ့ဟန်ဆောင်ခဲ့၊ ဥပက္ခာပြုခဲ့၊ မျက်နှာလွှဲခဲ့၊ အနှိမ်ခံခဲ့၊ နှိပ်ကွပ်ခဲ့၊ အနိုင်ကျင့်ခဲ့၊ သမိုင်းဖျောက်ခဲ့သည့်…

Read More

ရုပ်ရည်ကြည့်ကောင်းနေဖို့ အလှပြင်ခြင်းထက် အရေးကြီးသော နေ့စဉ်အလေ့အကျင့်များ

မန္တလာ ဆရာမျိုး     လူတိုင်းက မိမိကိုယ်ကို ကြည့်ကောင်းချင်ကြသည်။ ကြည့်ကောင်းခြင်းဟုဆိုရာတွင် မျက်နှာလှပခြင်း၊ အသားအရေကောင်းမွန်ခြင်း၊ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်ခြင်းတို့ကိုသာ ဆိုလိုခြင်းမဟုတ်ပါ။ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာ၊ လန်းဆန်းတက်ကြွသော မျက်နှာအမူအရာ၊ သန့်ရှင်းသပ်ရပ်သော အသွင်အပြင်နှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းတို့ ပေါင်းစပ်လာသည့်အခါမှ လူတစ်ယောက်၏ အလှသည် ပိုမိုပေါ်လွင်လာခြင်းဖြစ်သည်။ ထို့ကြောင့် ရေရှည်ကြည့်ကောင်းနေလိုသူတစ်ဦးအတွက် ဈေးကြီးသော အလှကုန်များ၊ အဝတ်အစားများထက် နေ့စဉ်နေထိုင်မှုပုံစံက ပို၍အရေးကြီးသည်။       အခြေခံအကျဆုံးအချက်တစ်ခုမှာ ကိုယ်ခန္ဓာအတွက် လိုအပ်သည့် ရေဓာတ်ကို လုံလောက်စွာရရှိစေခြင်းဖြစ်သည်။ သို့သော် “ရေများများသောက်လေလေ ကောင်းလေလေ” ဟူ၍ မယူဆသင့်ပါ။ လူတစ်ဦးနှင့်တစ်ဦး အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ကိုယ်လက်လှုပ်ရှားမှု၊ ရာသီဥတုနှင့် ကျန်းမာရေးအခြေအနေတို့ မတူကြသဖြင့် ရေလိုအပ်ချက်လည်း မတူနိုင်ပါ။ ပူပြင်းသောရာသီတွင် ချွေးထွက်များသူများ၊ လေ့ကျင့်ခန်းပြုလုပ်သူများသည် ရေပိုမိုလိုအပ်နိုင်သည်။ ရေဓာတ်လုံလောက်ခြင်းသည် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းဆောင်တာများအတွက်…

Read More

YMBA အသင်းရုံးထဲက အကြမ်းဖက်မှု သံသယရှိသူတွေကို ဖမ်းမိထား

ဩဂုတ် ၂၆ – ၂၀၂၆ SN (VOM) ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအနီးရှိ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ရဲ့ ဗဟိုရုံးခန်းအတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို ဖမ်းဆီးရမိထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ နိုင်ငံတော်အဆင့် သတင်း ထုတ်ပြန်သွားမယ်လို့ YMBA အတွင်း​ရေးမှူး ဦးမောင်မောင်ညွန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ​ရေးထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်၊ နေ့လယ် ၁၂ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က YMBA ရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်နဲ့ တိုင်းအတွင်းရေးမှူးတွေ ရှိနေချိန် အမည်မသိ အမျိုးသား လေးယောက်က ဦးမောင်မောင်ညွန့်ကို ဝင်ရောက်တိုက်ခိုက် ရိုက်နှက်ခဲ့တာလို့ သိရပါတယ်။ ရိုက်နှက်ခံရမှုကြောင့် ဦးမောင်မောင်ညွန့်ဟာ ညာဘက်မျက်လုံး ဖူးယောင်ပေါက်ပြဲဒဏ်ရာ၊ အပေါ်သွားနဲ့ ခါးမှာ နာကျင်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပြီး အဲဒီနောက်…

Read More

ပလက်ဝမြို့နယ်မှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရမှု MDF တပ်ဖွဲ့ဝင်အပါ ကိုးယောက်သေဆုံး၊ ထိခိုက်ဒဏ်ရာရသူ ၂၀ ထက်မနည်းရှိ

ဩဂုတ် ၂၆ ၊ ၂၀၂၆ GG (VOM) ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် Maraland Defence Force – MDF တပ်ဖွဲ့ဝင်တွေအပါအဝင် ကိုးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ယောက်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၅ ရက်နေ့ ည ၁၁ နာရီလောက်မှာအိန္ဒိယ – မြန်မာနယ်စပ်ဒေသရှိ Maraland Defence Force – MDF တပ်ဖွဲ့ရဲ့ တပ်စခန်းကို လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်လေးယောက်သေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ပါတယ် ။ MDF တပ်ဖွဲ့က AA လက်အောက်ခံ တပ်ဖွဲ့ဖြစ်ပြီး MDF တပ်စခန်းသင်တန်းကျောင်းကို ဗုံးကြဲခံရတာဖြစ်ကြောင်း ၊ လက်ရှိမှာ ထိခိုက် ဒဏ်ရာရရှိသူတွေကို မီဇိုရမ်ပြည်နယ်ထဲက အိုင်ဇောလ်မြို့မှာ ဆေးကုသမှုပေးနေတယ်လို့ သိရပါတယ်။ ” လေကြောင်း…

Read More

ခုနစ်နှစ်နီးပါး ရပ်နားထားတဲ့ ကော့ကရိတ် – ရန်ကုန် အဝေးပြေးယာဥ်လိုင်း ပြန်လည်ပြေးဆွဲ

ဩဂုတ် ၂၆ – ၂၀၂၆ SS (VOM) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး ကာလအတွင်း ခုနစ်နှစ်နီးပါးကြာ ရပ်တန့်ထားရတဲ့ ကော့ကရိတ် – ရန်ကုန် “အဆွေတော်” အဝေးပြေးယာဥ်လိုင်းကို ဒီကနေ့ ဩဂုတ် ၂၆ ရက်ကစပြီး ပြန်လည် ပြေးဆွဲပေးနေပြီလို့ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နီနီအောင်က ပြောပါတယ်။ ယာဉ်လိုင်းပြည်လည် ပြေးဆွဲတဲ့ အထိမ်းအမှတ်အဖြစ် ခရီးသည်တွေကို ဒီက‌နေ့ ဩဂုတ်၂၆ ရက််မှစပြီး ဩဂုတ် ၃၀ ရက်နေ့အထိ ငါးရက်တိုင်တိုင် အခမဲ့ လိုက်ပါစီးနင်းခွင့် ပြုသွားမယ်လို့လည်း သိရပါတယ်။ အခုလို အဝေးပြေးယာဉ်လိုင်း ပြန်လည် ပြေးဆွဲပေးနိုင်တာဟာ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍာစုံ အဆင်ပြေသွားနိုင်တဲ့အပြင် ကုန်စည် စီးဆင်းမူအတွက်လည်း အဆင်ပြေစေနိုင်တယ်လို့ ဒေါ်ခင်နီနီအောင်က VOM ကို ပြောပါတယ်။…

Read More

အစာအဆိပ်သင့်ခဲ့တဲ့ အုန်းချော ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်က သံဃာတော်တွေရဲ့အခြေအနေ

မန္တလေး၊ သြဂုတ်- ၂၆- ၂၀၂၆ SA(VOM) မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာမှာရှိတဲ့ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ ဒီကနေ့ သြဂုတ်လ မနက်ပိုင်းက သံဃာတော် ၉၆ ပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ သံဃာတော် ၁၂ ပါးသာ မန္တလေးပြည့်သူဆေးရုံကြီးမှာ ဝမ်းလျောနေမှုအခြေအနေကြောင့် စောင့်ကြည့်နေရပြီး ကျန်တဲ့ သံဃာတော်အားလုံးနီးပါး ဆေးကုသမှုခံယူပြီးလို့ ကျောင်းတိုက်ကိုပြန်ရောက်ပြီလို့ သိရပါတယ်။ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာဟာ သံဃာတော်တွေက မနက်အာရုဏ်ဆွမ်းကို လဘ္ဘက်ထမင်း၊ ကြက်ရိုးဟင်း ရည်၊ ငရုပ်သီးကြော်နဲ့ ငါးဖယ်သုပ်တို့ကို ဘုန်းပေးခဲ့တာမှာ ကျန်းမာရေးဌာန က ငါးဖယ်သုပ်ကြောင့်အစာအဆိပ်သင့်တာဖြစ်ကြောင်း ပြောကြားတယ်လို့ သိရပါတယ်။ အစာအဆိပ်သင့်မှုကြောင့် ပေါက်စိမ်းသာမဏေကျော်ကျောင်း တိုက်အတွင်းမှာ သီတင်းသုံးစာသင်နေတဲ့ သံဃာတော် ၉၆ ပါးဟာ ကျောက်မီးတိုက်နယ်ဆေးရုံမှာ ၄၆ ပါး၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အပါး ၃၀ နဲ့ ကျောင်းတိုက်အတွင်းမှာ အပါး ၂၀ ဆေးကုသမှုခံယူခဲ့ရတယ်လို့…

Read More
VOM News

FREE
VIEW