အစာအဆိပ်သင့်ခဲ့တဲ့ အုန်းချော ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်က သံဃာတော်တွေရဲ့အခြေအနေ

မန္တလေး၊ သြဂုတ်- ၂၆- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာမှာရှိတဲ့ ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ ဒီကနေ့ သြဂုတ်လ မနက်ပိုင်းက သံဃာတော် ၉၆ ပါး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာတော့ သံဃာတော် ၁၂ ပါးသာ မန္တလေးပြည့်သူဆေးရုံကြီးမှာ ဝမ်းလျောနေမှုအခြေအနေကြောင့် စောင့်ကြည့်နေရပြီး ကျန်တဲ့ သံဃာတော်အားလုံးနီးပါး ဆေးကုသမှုခံယူပြီးလို့ ကျောင်းတိုက်ကိုပြန်ရောက်ပြီလို့ သိရပါတယ်။
အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာဟာ သံဃာတော်တွေက မနက်အာရုဏ်ဆွမ်းကို လဘ္ဘက်ထမင်း၊ ကြက်ရိုးဟင်း ရည်၊ ငရုပ်သီးကြော်နဲ့ ငါးဖယ်သုပ်တို့ကို ဘုန်းပေးခဲ့တာမှာ ကျန်းမာရေးဌာန က ငါးဖယ်သုပ်ကြောင့်အစာအဆိပ်သင့်တာဖြစ်ကြောင်း ပြောကြားတယ်လို့ သိရပါတယ်။
အစာအဆိပ်သင့်မှုကြောင့် ပေါက်စိမ်းသာမဏေကျော်ကျောင်း တိုက်အတွင်းမှာ သီတင်းသုံးစာသင်နေတဲ့ သံဃာတော် ၉၆ ပါးဟာ ကျောက်မီးတိုက်နယ်ဆေးရုံမှာ ၄၆ ပါး၊ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ အပါး ၃၀ နဲ့ ကျောင်းတိုက်အတွင်းမှာ အပါး ၂၀ ဆေးကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။
ပေါက်စိမ်းသာမဏေကျော်ကျောင်းတိုက်ရဲ့ Tit tok စာမျက်နှာမှာလည်း ရာသီဥတုအခြေအနေအရ အအေးမိကြ အစာမကြေဖြစ်သွားကြတဲ့သဘောပါ၊ ကိုရင်များအားလုံးပြန်လည်သက်သာသွားကြပြီဖြစ်၍ ယခု ဆေးရုံမှ ကျောင်းသို့ ပြန်လည်ကြွလာပါပြီ၊ စိတ်ပူပေးကြတဲ့ ရွာသူ ရွာသားတွေကိုလည်း တပါးမကျန်အား လုံးပြန်လည်သက်သာသွားပါပြီလို့ အသိပေးထားတာတွေ့ရပါတယ်။
ပေါက်စိမ်းသာမဏေကျော်စာသင်တိုက်မှာ စာသင်သားသံဃား ၁၆၀ ကျော်ရှိပြီး အခြေခံကစလို့ သာမဏေကျော်ဘွဲ့ရတဲ့အထိ သင်ကြားပေးနေတဲ့ ကျောင်းတိုက်ကြီးဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – စေတနာမွန်လူမှုကူညီရေးအသင်း အုန်းချော

Related posts

Leave a Comment

VOM News

FREE
VIEW