ဒေါ်နယ်ထရန့်ကို ယုံကြည်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဆို

ပြုံးယမ်း၊ ဇန်န၀ါရီ-၂၄

မျိုးဆက် (VOM)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ စာတစ်စောက်လက်ခံရရှိပြီးနောက် ချီးကျူးစကားဆိုလိုက်ပြီး ဒေါ်နယ်ထရန့်ကို ယုံကြည်တယ်လို့ ပြောဆိုလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဇန်န၀ါရီ ၂၄ ရက်က ဖော်ပြပါတယ်။

အဆိုပါ စာကို လွန်ခဲ့သည့် သီတင်းပတ်က ၀ါရှင်တန်သို့သွားရောက်ခဲ့တဲ့ ကင်ဂျုံအန်၏ရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးက သမ္မတထရန့်ထံမှ ယူဆောင်လာတာဖြစ်ပါတယ်။  သမ္မတထရန့်နဲ့ ကင်ဂျုံအန်တို့ရဲ့ ဒုတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို ဖေဖော်ဝါရီလကုန်ပိုင်းမှာ ပြုလုပ်ဖို့စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့တာတွေနဲ့ ဖိအားတွေ ဆက်လက်ထားရှိနေမယ်ဆိုရင် နျူကလီးယားအရေးနဲ့ပတ်သက်ပြီး လမ်းကြောင်းသစ်ရှာဖွေနိုင်တယ်လို့ မြောက်ကိုရီးယားက သတိပေးပြီး သီတင်းပတ်အနည်းငယ်အကြာမှာတော့ သမ္မတဒေါ်နယ်ထရန့်ရဲ့ ချဉ်းကပ်မှုကို မိမိအနေနဲ့ ယုံကြည်ရမယ်လို့ ကင်ဂျုံအန်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းနဲ့အတူ စောင့်ဆိုင်းခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အပြုသဘောဆောင်သော စဉ်းစားတွေးခေါ်မှုနဲ့အတူ အမေရိကန်နဲ့ နှစ်နိုင်ငံရည်မှန်းထားတဲ့ ပန်းတိုင်သို့ ရောက်ရှိမယ်ဆိုတာ  မိမိတို့ယုံကြည်ရမယ်လို့ ကင်ဂျုံအန်က ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြပါတယ်။

သမ္မတဒေါ်နယ်ထရန့်၏ အံ့အားသင့်ဖွယ် ဆုံးဖြတ်ချက်တွေကို ထုတ်ဖော်ပြောဆိုတာနဲ့ ပတ်သက်ပြီး ကင်ဂျုံအန်က ချီးကျူးပြောဆိုလိုက်ပြီး ဒုတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်သွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အမိန့်ပေးခဲ့တယ်လို့  အဆိုပါ သတင်းဌာနက ဖော်ပြထားပါတယ်။

Ref: Reuter

Photo : KCNA

Related posts

Leave a Comment

VOM News

FREE
VIEW