ဘီစီ ၃၀၅ ၀န်းကျင်အချိန်က ရှေးဟောင်းမံမီ ရုပ်အလောင်း ၅၀ အီဂျစ်မှာ တွေ့ရှိ

ကိုင်ရို၊ ဖေဖော်ဝါရီ ၃-၂၀၁၉

မျိုးဆက် (VOM)

အီဂျစ်နိုင်ငံမှာ ဘီစီ ၃၀၅ ၀န်းကျင်နှစ်များအတွင်းက ရှေးဟောင်း မံမီရုပ်အလောင်း ၅၀ ကို အီဂျစ်ရှေးဟောင်း သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီဂျစ်ရှေးဟောင်း ပစ္စည်းထိန်းသိမ်းရေးဌာနက ကြေညာလိုက်ပါတယ်။

ကလေးရုပ်အလောင်း ၁၂ ခုအပါအ၀င် ယင်းရုပ်အလောင်း ၅၀ ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရဲ့ တောင်ဘက် မင်ဟာဒေသ တူနာအယ်ဂီကဲ မှာရှိတဲ့ မြေအောက် အနက်ပေ ၃၀ မှာရှိတဲ့ သင်္ချိုင်းလေးခုအတွင်းကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အချို့ရုပ်အလောင်းတွေကို ပိတ်စတွေနဲ့ ရစ်ပတ်ထားပြီး ကျန်ရုပ်အလောင်းတွေကိုတော့ ကျောက်ဂူ သို့မဟုတ် ကျောက်တလားတွေအတွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိခဲ့ရတဲ့ ရှေးဟောင်းမံမီရုပ်အလောင်းတွေဟာ မည်သူမည်ဝါဆိုတာကို မသိရသေးပေမယ့် ယင်းခေတ်ကာလက အရေးကြီး ရာထူး ရယူထားသူတွဖြစ်နိုင်တယ်လို့ ယူဆကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အခုလို ရှေးဟောင်းမံမီရုပ်အလောင်းတွေ့ရှိခဲ့တာဟာ ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မင်ယာ တက္ကသိုလ်ရဲ့ ရှေးဟောင်းသုတေသနလေ့လာရေးဌာနနဲ့ ပူးတွဲလေ့လာရေးတစ်ခုကနေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အီဂျစ်နိုင်ငံတွင် မကြာသေးမီအချိန်တွေအတွင်းကလည်းရှေးဟောင်း ပစ္စည်းများတွေ့ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်က လူထုအုံကြွမှုအပြီး ဗရမ်ပတာဖြစ်ခဲ့သည့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်ဖို့အတွက် အကြီးအကျယ် တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။

#voiceofmyanmar#ဘီစီ၃၀၅၀န်းကျင်အချိန်က#ရှေးဟောင်းမံမီရုပ်အလောင်း၅၀အီဂျစ်မှာတွေ့ရှိ#

Ref : BBC

Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW