ရင်ချင်းဆက် အမွှာမိန်းကလေး မွေးဖွားပြီး ၂ ရက်အကြာ တွင် ကွယ်လွန်

ကလေး၊ ဖေဖော်ဝါရီ ၃-၂၀၁၉

မိုင်ချယ်ရီ(VOM)

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း က ကလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ မွေးဖွားခဲ့တဲ့ ရင်ချင်းဆက် အမွှာမိန်းကလေး နှစ်ဦးဟာ မွေးဖွားပြီး ၂ ရက် အကြာမှာ ကွယ်လွန်ခဲ့တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။

မွေးဖွားချိန်မှာ ၈ ပေါင် ၈ အောင်စ ရှိတဲ့ ကလေးငယ်ဟာဆိုရင် မွေးဖွားပြီးစ အချိန်ထဲက ကျန်းမာရေး လိုအပ်ချက်တွေ ရှိတာကြောင့် ဂရုတစ်စိုက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၄၀ အချိန်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်ခဲ့တဲ့ ကလေးတွေကို မိဘတွေ ရဲ့ သဘောတူညီချက် နဲ့ ရင်ခွဲစစ်ဆေးခဲ့ရာမှာတော့ လူနှစ်ဦး အတွက်ရှိရမယ့် ခန္ဓာကိုယ်တွင်း ကလိစာတွေက လူတစ်ဦးစာပဲ ပါလာတာကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ကလေးမြို့ ပြည်သူ့ဆေးရုံကြီးက ကလေးအထူးကု ဒေါက်တာ နုနုထွေး က ပြောပါတယ်။

ဒေါက်တာ နုနုထွေး က “နှစ်ယောက်စီမှာ ရှိရမဲ့ဟာသည် နှစ်ယောက်စာမရှိပဲ နဲ့ တစ်ယောက်စာပဲ ရှိတယ်။ဒါကြောင့် မို့ ကျွန်မတို့လည်း စိတ်မကောင်းစွာနဲ့ပဲ လက်လွှတ်လိုက်ရတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးတွေကို သဂြိုဟ်ဖို့ အတွက် ဆေးရုံကနေ မိဘတွေရဲ့ နေအိမ်ကို ပြန်ခေါ်သွားကြပြီဖြစ်ပါတယ်။

ကလေးတွေကို ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် မှာ နေထိုင်တဲ့ အဖ ဦးကျော်ဇေယျ နဲ့ အမိ ဒေါ်သီတာဝင်း တို့ကနေ မွေးဖွားခဲ့တာဖြစ်ပါတယ်။

ကလေးမြို့မှာ ပထမအကြိမ် မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာရေး စိတ်ချရရင် ကလေးတွေ ဆက်လက်ရှင်သန်ဖို့ မန္တလေးဆေးရုံပို့ပြီး ခွဲစိတ်ကုသမှုတွေ ထပ်လုပ်ဖို့ ပြင်ဆင်ခဲ့ပေမယ့်လို့ ကလေးငယ်တွေဟာ မွေးဖွားပြီး ၂ ရက် အကြာ မှာ ကွယ်လွန်ခဲ့တာ့ ဖြစ်ပါတယ်။

#voiceofmyanmar#ကလေး# ရင်ချင်းဆက်အမွှာမိန်းကလေးမွေးဖွားပြီး၂ရက်အကြာတွင်ကွယ်လွန်#

 

Related posts

Leave a Comment

VOM News

FREE
VIEW