အမှတ်ကောင်းဖို့ထက် မိမိဝါသနာပါရာကို ကျွမ်းကျင်ဖို့လိုပြီး ဝါသနာပါရာနဲ့ အသက်မွေး ဝမ်းကျောင်းအလုပ်တို့ထပ်တူညီဖို့လိုအပ်

ရန်ကုန်၊ဖေဖော်ဝါရီ ၂-၂၀၁၉

TGH(VOM)

ပညာရေးကဏ္ဍနဲ့ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်တိုးတက်နိုင်မှာဖြစ်လို့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ အမှတ်ကောင်းဖို့ထက် မိမိဝါသနာပါရာကို ကျွမ်းကျင်ဖို့လိုကြောင်း၊ ဝါသနာပါရာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တို့ တူညီစေချင်ကြောင်း၊ Mismatch ဖြစ်တာမျိုးမဖြစ်သင့်တော့ကြောင်း  ယနေ့ UMFCCI မှာပြုလုပ်ခဲ့တဲ့ ပညာရေးနဲ့စီးပွားရေးကဏ္ဍ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံအစည်းဝေးပွဲမှာ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီကဏ္ဍနှစ်ခုကို ထိထိမိမိပူးပေါင်းချိတ်ဆက်နိုင်မှသာ တိုင်းပြည်အတွက် ကျွမ်းကျင်ပြီး အရည်အသွေးပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “အခြေခံပညာရေးကောင်းမှ၊ မူလတန်းပညာရေးကောင်းမှ၊ အရည်အသွေးမြင့်မားလာမှာဖြစ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

အရည်အသွေးရှိတဲ့ အခြေခံမူလတန်းပညာရေး၊ အဆင့်မြင့်ပညာရေး၊ နည်းပညာသက်မွေးပညာနဲ့ လေ့ကျင့်ရေး၊ ကျောင်းပြင်ပပညာရေး၊တသက်တာပညာရေးသင်ကြားလေ့ကျင့်ပေးမှုတွေကြောင့် အရည်အသွေး ပြည့်မှီတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပေါ်ထွန်းလာနိုင်မယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကလည်း “စီးပွားရေးကဏ္ဍမှာ အရည်အချင်းပြည့်မှီတဲ့ Vocational Training တွေ လိုအပ်ပြီး ကျွမ်းကျင် လုပ်သားတွေမွေးထုတ်ပေးဖို့ကြိုးစားနေပါတယ်။ အသင်းချုပ်မှာ Management သင်တန်း၊MBA သင်တန်း၊TVET နဲ့ လျှပ်စစ်သင်တန်းတွေအပြင် လက်တွေ့နယ်ပယ်မှာလိုအပ်တဲ့ ထိရောက်တဲ့ သင်တန်းတွေပေးနေပါတယ်၊ ပုဂ္ဂလိကကဏ္ဍဖက်ကလည်း ခုလို တန်ဖိုးရှိပြီး ပညာရေးနယ်ပယ်ကဏ္ဍစုံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

ထို့အတူ အသင်းချုပ် အကြံပေးပုဂ္ဂိုလ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ကလည်း “ပညာရေးလောကနဲ့ လုပ်ငန်းခွင်လောကကြီးနှစ်ခုကို ကို ချိတ်ဆက်ချင်ပါတယ်၊ ဒါကြောင့်မို့လို့ School Industry Partnership ကို မူတစ်ခုချမှတ်ပြီးအစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းကော်မတီဖွဲ့လို့ ထိရောက်သေချာစွာ ဆောင်ရွက်ဖို့လိုအပ်ပါတယ်၊ ပညာရေးနဲ့  စီးပွားရေးကဏ္ဍ ပူးပေါင်းလုပ်ဆောင်ခြင်းဟာ Private Public Partnership အစစ်သာဖြစ်ပါတယ်” လို့လည်းပြောခဲ့ပါသေးတယ်။

 

အဆိုပာ တွေ့ဆုံဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး အပါအဝင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ ပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းကဘတက္ကသိုလ်များမှပါမောက္ခချုပ်တွေ နဲ့အတူ စီးပွားရေးနယ်ပယ်ကလုပ်ငန်းရှင်တွေက  ပညာရေးနဲ့ဘ စီးပွားရေးကဏ္ဍချိတ်ဆက်မှုအတွက် လိုအပ်ချက်၊အကြံဉာဏ်တွေ ဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။

#voiceofmyanmar#ရန်ကုန်#ပညာရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တိုင်းပြည်တိုးတက်နိုင်#

Related posts

Leave a Comment

VOM News

FREE
VIEW